Main menu

Background

မလေးရှားနိုင်ငံက စားအုန်းဆီကြမ်း ပို့ကုန်ခွန်တိုးမြှင့်မှုကြောင့် လေးလခွဲအတွင်း စားအုန်းဆီဈေးနှုန်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိ

Tue, 06/21/2016 - 15:01 -- journal_editor

          အခြားဟင်းရွက်ဆီဈေးနှုန်းများ ကျဆင်းမှုနဲ့ စားအုန်း ဆီကြမ်းပို့ကုန်ခွန် တိုးမြှင့်မှုတို့ကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁၅ ရက်မှာ ရှစ်ရက်မြောက် နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ကြောင်း ဘီ ရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ လက်ရှိစားအုန်းဆီဈေးက လေးလခွဲ အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်  (Bursa Malaysia  Derivatives Exchange) မှာ သြဂုတ်အတွက်  စားအုန်းဆီ ကြိုရောင်ဈေးရဲ့အခြေခံစံထားဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၄၆၈ ရင်းဂစ် (အမေ ရိကန် ဒေါ်လာ ၆၀၂) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်းကမူ အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၄၃၇ ရင်းဂစ်နှုန်း အထိ ရောက်ရှိခဲ့ရာ ဇန်နဝါရီ ၂၉ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။
          ယခုရက်သတ္တပတ်အတွင်း   စားအုန်းဆီဈေးက ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ၂၀၁၅ ခုနှစ်အောက်တိုဘာ နောက်ပိုင်း ရက်သတ္တပတ်အတွင်း ကျဆင်းမှုနှုန်းအမြင့်ဆုံး သို့ ရောက်ရှိခဲ့ပါ တယ်။ ဇွန် ၆ ရက်က တစ်နေ့ တာ စားအုန်း ဆီရောင်းချမှုပမာဏမှာ ၂၅ တန်ရှိ အတွဲ ၆၂၆၇၀ တွဲ ရှိခဲ့ပါ တယ်။ "စားအုန်းဆီကြမ်း (Crude Palm Oil-CPO) ကို မလေးရှားအစိုးရက  ၆ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးခဲ့တဲ့ အတွက် မလေးရှားစားအုန်းဆီရဲ့ ယှဉ် ပြိုင်နိုင်မှု စွမ်းရည်ကို ကျဆင်းစေခဲ့ပါတယ်"လို့ ကွာလာလမ်ပူအခြေစိုက် စားအုန်း ဆီကုန်သည်တစ်ဦးက မလေးရှားနဲ့ အင်ဒိုနီးရှားပို့ကုန်များကို နှိုင်းယှဉ်ပြီး ပြောကြားပါတယ်။ "ဇွန်လ  ပထမ ၁၀ ရက်မှာ ပို့ကုန်ကိန်းဂဏန်းတွေ အရ တိုးတက်မှုရှိလာတာကို တွေ့ရပေမယ့် ပင်လယ်ရပ်ခြားဈေး ကွက်တွေမှာ စားအုန်းဆီအပေါ်ယုံကြည်မှု ကျဆင်းနေတာကို မြှင့်တင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး"လို့ သူကပြောပါတယ်။ မလေးရှားစားအုန်းဆီရဲ့  ဇွန်ပထမ လဝက် တင်ပို့မှုကို မေကာလတူနဲ့ နှိုင်းယှဉ်ကြည့်ပါက သုည ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုန်စည်စစ်တမ်းကောက်ယူရေးအဖွဲ့Intertek Testing Services  က ဇွန် ၁၅ ရက်မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါ တယ်။
           ရာမန်ဥပုသ်လနောက်ပိုင်း စားအုန်းဆီစားသုံးမှု အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံသို့ စားအုန်းဆီရေကြောင်းမှ တင်ပို့မှုကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ဇွန် ပထမရက်သတ္တပတ် နှစ်ပတ်မှာ မလေးရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စားအုန်းဆီတင်ပို့ မှုက ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အခြားကုန်စည် စစ်တမ်းကောက်ယူရေးအဖွဲ့ဖြစ်တဲ့ Societe Generalede Survei llance  က ထုတ်ပြန်တဲ့ကိန်းဂဏန်းများ အရ သိရပါတယ်။ မလေးရှားနိုင်ငံက စားအုန်းဆီကြမ်း တင်ပို့ခွန်ကို ဇွန် လအတွင်း ၅ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ  ဇူလိုင် လကစပြီး ၆ ရာခိုင်နှုန်းအထိ ကောက်ခံတော့မှာဖြစ်ကြောင်း စားအုန်းဆီ  ဒုတိယအများဆုံးထုတ်လုပ်နေတဲ့ မလေးရှား နိုင်ငံက ဇွန် ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။ အခြားဟင်းသီးဟင်းရွက်စားသုံးဆီ  ဈေးကွက်ဖြစ်တဲ့ အမေရိကန်နိုင်ငံချီကာဂို ကုန်သွယ်မှုဘုတ်အဖွဲ့ရဲ့ ပဲပုပ်ဆီရဲ့ ဇူလိုင်အတွက် ကြိုရောင်းဈေးက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တရုတ်ဈေးကွက်ဖြစ်တဲ့ ဒါလီယံကုန်စည် ဒိုင်မှာ စက်တင်ဘာအတွက် စားအုန်းဆီ  ကြိုရောင်းဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပါတယ်။

 

(ဉာဏ်တင်)