Main menu

Background

ဗြိတိသျှဆန္ဒခံယူပွဲအပြီး ရင်းဂစ်တန်ဖိုးမြင့်တက်လာမယ်လို့ ခန့်မှန်းကြတဲ့အတွက် စားအုန်းဆီဈေးငြိမ်နေ

Tue, 06/28/2016 - 14:48 -- journal_editor

         ဇွန် ၂၃ ရက်ညနေပိုင်းမှာ မလေးရှားစားအုန်းဆီကြို ရောင်းကြိုဝယ်ဈေးက ငြိမ်ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) မှာ ဗြိတိန်နိုင်ငံဆက်နေမယ်ဆိုရင် ရင်းဂစ်တန်ဖိုး မြင့်တက် လာနိုင်မယ်လို့ ခန့်မှန်းကြတဲ့အတွက် တချို့ ကုန် သည်တွေက စားအုန်းဆီကိုဝယ်ယူလာကြပါတယ်။ ဒါကြောင့် စောစောပိုင်းဖြစ်ပေါ်ခဲ့တဲ့ စားအုန်းဆီ ဈေးနှုန်းကျဆင်းမှုတွေ ရပ်တန့်ခဲ့ပါတယ်။ ဇွန် ၂၃ ရက်က ကျင်းပခဲ့တဲ့ဆန္ဒခံယူပွဲမှာ အီးယူကနေနုတ်ထွက်ဖို့ ဗြိတိန်နိုင်ငံ မဲပေး ခဲ့ရင် စီးပွားရေးအရ  ဂယက်ရိုက်ခတ်မှုတွေ အတွက် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။  ဒါကြောင့် ကမ္ဘာ့ဈေးကွက် မငြိမ် မသက်မှုတွေက ရင်းဂစ်ငွေကြေးအပါအဝင် ထွန်းသစ်စဈေး ကွက်ငွေကြေးတွေကို ဂယက်ရိုက်ခတ်မှု ရှိခဲ့ပါတယ်။
        ထုတ်လုပ်မှုမြင့်တက်ပြီး ယခုလမှာ ပို့ကုန်တွေကျဆင်းမယ်လို့ ခန့်မှန်းကြတဲ့အတွက် နံနက် စောစောပိုင်းက စားအုန်းဆီဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange)မှာ စက်တင်ဘာမှာ ဖြန့်ဖြူးမယ့် စားအုန်းဆီစံထား ဈေးနှုန်းက ခြောက်လအတွင်း အနိမ့်ဆုံးဖြစ်တဲ့ တစ်တန်ကို ၂၃၅၁ ရင်းဂစ်နှုန်းရှိခဲ့ရာမှ ညနေပိုင်း ဈေးပိတ်ချိန်မှာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ  တစ်တန် ကို ၂၃၈၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၉၄) နှုန်းရှိခဲ့ပါတယ်။ စုစုပေါင်းရောင်းချတဲ့ စားအုန်းဆီပမာဏက ၂၅ တန်ရှိ အတွဲ ၆၈၂၇၁ တွဲရှိခဲ့ရာ ၂၀၁၅ ခုနှစ်က တစ်ရက်ပျမ်းမျှရောင်း ချခဲ့ရတဲ့ ၄၄၆၀၀ တွဲ ထက်မြင့်တက်ခဲ့ပါ တယ်။ "ဗြိတိန်နိုင်ငံဆန္ဒခံယူပွဲကြောင့် ဖြစ်ပေါ်ရ တဲ့ မရေမရာ မှုတွေက ဈေးပိတ်ချိန်မှာ ဈေးနှုန်းမြင့်တက်ဖို့အတွက် အရေး ပါတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်"လို့ ကွာလာလမ်ပူအခြေ စိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။
          စားအုန်းဆီဈေးက ဇွန် ၂၄ ရက်  ပြန်လည်မြင့်တက် မလာမီ ကိုးရက်ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ သူတွေ ကလည်း ယခင်တစ်လကနဲ့ နှိုင်းယှဉ်ရင် သီးနှံ ထုတ်လုပ်တဲ့ ရာသီဖြစ်လို့ သီးနှံတွေပေါ်လာတဲ့အတွက် ဇွန်လ ထုတ်လုပ်မှုမြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်စဉ် တတိယသုံးလပတ်နဲ့ စတုတ္ထသုံးလ ပတ်မှာ စားအုန်းဆီထုတ် လုပ်မှုက အမြင့်ဆုံးကို ရောက်ရှိ တတ်ပါတယ်။ ဒါပေမယ့် ရာမာဒန်ဥပုသ်လကြောင့် မေမှာ ဝယ်လိုအား မြင့်တက်ပြီးနောက် ယခုလမှာ ပို့ကုန်တွေကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့စားအုန်းဆီသုံးစွဲမှု အမြင့်ဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံသို့ စားအုန်းဆီ တင်ပို့ မှု တစ်ဟုန်ထိုးကျဆင်းမှု ကြောင့် ဇွန်လပထမရက် ၂၀ အတွင်း မလေးရှားစားအုန်းဆီ တင်ပို့မှုက ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါ တယ်။ အခြားဟင်းရွက်ဆီဈေးကွက်တွေဖြစ်တဲ့ ချီကာဂို ကုန်သွယ်မှုဘုတ်အဖွဲ့ Chicago Board of Trade မှာ ဇူလိုင်အတွက် ပဲပုပ်ဆီဈေးက သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တရုတ် နိုင်ငံဒါလီယံ ကုန်စည်ဒိုင်(Dailian Commodity Exchange) မှာ စက်တင်ဘာအတွက် စားအုန်းဆီဈေးက သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

 

ဉာဏ်တင်