Main menu

Background

အခြား ဟင်းရွက်ဆီဈေး မြင့်တက်မှုနဲ့ ရင်းဂစ်တန်ဖိုးနိမ့်ကျမှုကြောင့် မလေးရှားစားအုန်းဆီဈေးမြင့်တက်

Thu, 08/04/2016 - 14:02 -- journal_editor

       အခြားဟင်းရွက်ဆီဖြစ်တဲ့ ပဲပုပ်ဆီဈေး မြင့်တက်မှုနဲ့ အတူ မလေးရှားစားအုန်းဆီကြိုရောင်းတွေကလည်း ဇူလိုင် ၂၈ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်မြင့်တက်ပြီး  မလေးရှားရင်းဂစ်တန်ဖိုး  ကျဆင်းမှုကလည်း စားအုန်းဆီဈေး မြင့်တက်မှုအတွက် ထပ်မံ အထောက်အကူဖြစ်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (ကြမျေ ြေူပျေငေ ီနမငလအေငလန နထခ့ညေါန) မှာ ဇူလိုင် ၂၇ ရက် ဈေးပိတ်ချိန် မှာ အောက်တိုဘာအတွက် စာချုပ်ချုပ်ဆို ရောင်းချတဲ့ စားအုန်း ဆီအခြေခံစံထား ဈေးနှုန်းက သုည ဒသမ ၀၄ ရာခိုင်နှုန်း ကျ ဆင်းပြီး တစ်တန်ကို ၂၃၁၈ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၆၉) ရှိခဲ့ပါတယ်။
       ဇူလိုင် ၂၇ ရက်မှာ ရောင်းချတဲ့ စားအုန်းဆီ ပမာဏက ၂၅ တန်ရှိ အတွဲ ၄၄၅၉၁ တွဲရှိတဲ့အတွက် ၂၀၁၅ ခုနှစ်က တစ်ရက်ပျမ်းမျှရောင်းချရတဲ့ အတွဲဖြစ်တဲ့ ၄၄၆၀၀ တွဲနီးပါး ရှိနေတာကို တွေ့ရပါတယ်။ စားအုန်းဆီဈေးနှုန်း က ယခုလအတွင်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇူလိုင်၂၆ ရက်က တရုတ်ဟင်းရွက် ဆီဈေးနှုန်း  ကျဆင်းတဲ့ဂယက်ကြောင့် စားအုန်းဆီဈေးက တစ်တန်ကို ၂၂၅၃ ရင်းဂစ်နှုန်းရှိခဲ့ရာ    ရက်သတ္တတစ်ပတ် အတွင်းမှာ အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ စားအုန်းဆီဈေးက  ချီကာဂို ကုန်သွယ်မှုဘုတ်အဖွဲ့နဲ့ ဒါလီယံ ကုန်စည်ဒိုင်စတဲ့ ပြည်ပဈေးကွက်တွေရဲ့ ပုံစံအတိုင်း လိုက်ပါကျဆင်းနေပါတယ်။ တရုတ်ဈေးကွက်က စိတ်ဝင်စား လာမယ်ဆိုရင်တော့ ဝယ်လိုအား မြင့်တက်လာမယ့် သဘော ရှိပါတယ်။ အဲဒီအချိန်ရောက်ရင်တော့   ပဲပုပ်ဆီဈေးကွက်နဲ့ စားအုန်းဆီဈေးကွက် နှစ်ခုစလုံး မြင့်တက်လာနိုင်ပါတယ်}} လို့ ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက  တရုတ်ဒါလီယံ ကုန်စည် ဒိုင်ကိုရည်ညွှန်းပြီး ပြောပါတယ်။ ချီကာဂို ပဲပုပ်ဆီကြိုရောင်း ကြိုဝယ်ဈေးကွက်ရဲ့ အခြေ အနေကလည်း စားအုန်းဆီဈေးကွက်ကို  လွှမ်းမိုးမှုရှိပါတယ်။ ချီကာဂိုပဲပုပ်ဆီဈေးက သုံးလအတွင်း အနိမ့်ဆုံးဈေး အထိ ရောက်ရှိခဲ့ပြီးေ နာက် ကျဈေးနဲ့ အဝယ်လိုက်လာတဲ့ အတွက် ဇူလိုင် ၂၆ ရက်မှာ ပြန်လည်မြင့်တက်ခဲ့ပါတယ်။
        ဇူလိုင် ၁ ရက်မှ ၂၅ ရက်အတွင်း မလေးရှား စားအုန်းဆီ တင်ပို့မှုကို ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက်ကထုတ်ပြန်တဲ့ စာရင်းဇယားများအရ သိရပါတယ်။ ရင်းဂစ်တန်ဖိုး  ကျဆင်းမှုကြောင့် ဇူလိုင် ၂၆ ရက်နေ့ စားအုန်းဆီ ဈေးကွက်မှာ ဈေးမြင့်တက်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ စားအုန်းဆီဈေး သတ်မှတ်ရာမှာ အများဆုံးအသုံးပြုတဲ့ ငွေကြေးဖြစ်တဲ့ ရင်းဂစ်တန်ဖိုးက ဇူလိုင် ၂၆ ရက်မှာ ဒေါ် လာနဲ့ ဖလှယ်ရာမှာ သုညဒသမ ၄ ရာခိုင်နှုန်း တန်ဖိုးကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ ၀၇၃၅ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ စားအုန်းဆီဈေးက  အမြင့်ဆုံးဖြစ်မယ်လို့ ခန့်မှန်းထား တဲ့တစ်တန် ၂၃၀၂ ရင်းဂစ်နှုန်းကို ေ ကျာ်တက်မယ်ဆိုရင် တစ် တန်ကို ၂၃၇၄ ရင်းဂစ်နှုန်းအထိ ရောက်ရှိနိုင်တယ်လို့  ရိုက်တာ သတင်းဌာနရဲ့ ဈေးကွက်လေ့လာဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောပါတယ်။ အခြားဟင်းရွက်ဆီဈေးကွက်ဖြစ်တဲ့ အမေရိကန် ချီကာဂို ကုန်သွယ်မှုဘုတ်အဖွဲ့မှာ ဒီဇင်ဘာအတွက် ပဲပုပ်ဆီက သုညဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံ ကုန်စည်ဒိုင်မှာ  ဇန်နဝါရီအတွက် ပဲပုပ်ဆီဈေးက ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

 

ဉာဏ်တင်