Main menu

Background

သိုလှောင်လက်ကျန်မြင့်တက်မယ်လို့ ခန့်မှန်းချက်ကြောင့် စားအုန်းဆီဈေး ရက်သတ္တပတ် ခြောက်ပတ်အတွင်း အမြင့်ဆုံးနှုန်းမှ ပြန်လည်ကျဆင်း

Thu, 08/11/2016 - 11:58 -- journal_editor

        မလေးရှား စားအုန်းဆီ ကြိုတင်ရောင်းဈေးက သြဂုတ် ၄ရက်မှာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ စားအုန်းဆီ ဈေးက သြဂုတ် ၃ရက်မှာ ရက်သတ္တပတ် ခြောက်ပတ်အတွင်း အမြင့် ဆုံးနှုန်းထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဇူလိုင်အ တွက်  သို လှောင်လက်ကျန် မြင့်တက်မယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် ကြောင့် လည်းကောင်း၊ ကုန်သည်များက အမြတ်ရနေတုန်း အချိန်မှာ ပြန်လည်ထုတ်ရောင်းလာတဲ့အတွက်ကြောင့် လည်း ကောင်း ယခုလို ဈေးကျဆင်း တာဖြ စ်ကြောင်း ဘီရီကော်ဒါ သတင်းမှာ ဖော်ပြပါတယ်။
       စားအုန်းဆီဈေးက လေးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျဆင်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်အလိုက် နှိုင်းယှဉ်မယ်ဆိုရင် ၃ဒသမ ၉ရာခိုင်နှုန်း မြင့်တက်နေဆဲဖြစ် ပါ တယ်။ ဘာ ဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ နေ့လယ်ဈေးကွဲချိန်က အောက်တိုဘာလ အတွက်ချုပ်ဆိုတဲ့ စားအုန်းဆီ ကြို ရောင်းဈေးရဲ့ အခြေခံစံ ထားဈေးနှုန်းက တစ်တန်ကို ၂၄၀၈ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၅၉၆) ဖြစ်ပါတယ်။ သြဂုတ် ၃ ရက်မှာ စားအုန်းဆီဈေးက တစ်တန်ကို ၂၄၁၉ ရင်းဂစ်ဈေးနှုန်းရှိခဲ့တဲ့အတွက် ၁၀လအတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ ဒီလို မြင့်တက်ခဲ့ရတဲ့ အဓိကအကြော င်းရင်းက ဝယ်လိုအား မြင့်မားမှုနဲ့ အမေရိကန်  ပဲပုပ်ဆီဈေး မြင့်တက်မှု က စားအုန်းဆီဈေးကို အထောက်အကူပေးခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ စားအုန်းဆီ ပြည်ပတင်ပို့မှု  ပမာဏက သြဂုတ် ၄ ရက် နေ့လယ်ပိုင်းမှာ ၂၅  တန်ရှိ အတွဲပေါင်း ၁၇၁၈၀ တွဲရောင်းချခဲ့ရပါတယ်။
       "ဈေးကွက်ထဲမှာ စားအုန်းဆီ တစ်ဟုန်ထိုး ကျဆင်းမှု အရှိန်သေသွားပါတယ်"လို့ ကွာလာလမ်ပူရှိ အရောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ ရာသီအလိုက် ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းအရ ထုတ်လုပ်မှု ပိုမိုလာမယ့် လက္ခ ဏာကို ပြသလာတဲ့အတွက် ဇူလိုင်မှာ စားအုန်းဆီ  သိုလှောင်လက် ကျန် မြင့်တက်မယ်လို့ အရောင်းတာဝန်ခံတွေက ပြောပါ တယ်။ မလေးရှားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံပြီးလျှင် စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ် တဲ့ နိုင်ငံြ ဖစ်ပြီး ထုံးစံအားဖြင့် နှစ်တစ်နှစ်ရဲ့ ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်တွေမှာ ရာသီအလိုက် ထုတ်လုပ်မှု  မြင့်တက်ပါတယ်။ အဲဒီလိုအချိန် မျိုးတွေမှာ သိုလှောင်လက်ကျန်  မြင့်တက်ပြီး အခြေခံစံထား ဈေးနှုန်းတွေ ကျဆင်း တတ်ပါတယ်။ ဇွန်မှာ မလေးရှားနိုင်ငံရဲ့ ထုတ်လုပ်မှုက တန်ချိန် ၁ ဒသမ ၅၃ သန်းရှိပြီး၊ သိုလှောင်ကျန်မှာ ၇ ဒသမ ၇ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၁ဒသမ ၇၈  သန်းအထိ ရောက်ရှိခဲ့ပါတယ်။ မလေးရှား စားအုန်းဆီ ဘုတ် အဖွဲ့က ဇူလိုင်လအတွက် တရားဝင်ကိန်းဂဏန်းများကို သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန် ပေးမှာဖြစ်ပါတယ်။ စားအုန်းဆီဈေးက တစ်တန်ကို အမြင့်ဆုံး ၂၄၃၂ ရင်း ဂစ်နှုန်း မြင့်တက်လာနိုင်ပြီး၊ အနိမ့်ဆုံး  တစ်တန်ကို ၂၃၇၄ ရင်း ဂစ်နှုန်းထိ ပြန်ကျနိုင်ကြောင်း ရိုက်တာသတင်းဌာနမှ ဈေးကွက်ဆန်းစစ်ဆေးရေးမှူး ဝမ်တောင်းက ပြော ပါတယ်။ အမေရိကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်ရေး ဘုတ် အဖွဲ့မှာ ပဲပုပ်ဆီရဲ့ ဒီဇင်ဘာအတွက် ကြိုရောင်း ဈေး က သုည ဒသမ ၂ရာခိုင်နှုန်း မြင့်တက် ပြီး၊ တရုတ်နိုင်ငံ၊ ဒါလီယံ ဈေး ကွက်မှာ ဇန်နဝါရီအတွက် ပဲပုပ်ဆီ ကြိုရောင်းဈေးက သုည ဒသမ ၃ရာခိုင်နှုန်း မြင့်တက်ပါတယ်။

 

ဉာဏ်တင်