Main menu

Background

အခြားဟင်းရွက်ဆီရောင်းလိုအား ကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေး မြင့်တက်

Wed, 08/17/2016 - 15:04 -- journal_editor

     သြဂုတ် ၉ရက်မှာ အခြား ဟင်းရွက်ဆီ ရောင်းလိုအား ကျဆင်းလာတဲ့အတွက် ဥရောပဈေးကွက်မှာ စားအုန်း ဆီဈေး မြင့်တက်ခဲ့ပါတယ်။ မကြာသေးမီ အချိန်က မြင့်တက် လျက်ရှိနေရာမှ ဆက်လက် မြင့်တက်ခဲ့တာ ဖြစ်ပါ တယ်။ စားအုန်းဆီကြမ်း (Crude Palm Oil) ဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၀ မှ ၁၅ဒေါ်လာ ထပ်မံ မြင့်တက်ခဲ့ကာ သြဂုတ် ၉ရက်မှာ စားအုန်းဆီ ကြိုရောင်း ဈေးက နှစ်လအတွင်း အမြင့်ဆုံးနှုန်း ကို ရော က်ရှိခဲ့ ပါတယ်။ ယခုနှစ် နှစ်ဆန်းပိုင်းက အယ်နီညို ရာသီဥတုသွင်ပြင် လက္ခဏာများကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေမှာ စားအုန်းဆီ ထုတ်လုပ်မှု ကျဆင်းခဲ့ပါ တယ်။ ရိုက်တာသတင်း ဌာနက ကောက်ယူထားတဲ့ စာရင်းများအရ မလေးရှား နိုင်ငံရဲ့ စားအုန်းဆီ ထုတ်လုပ်မှုက ဇူလိုင်လမှာ တန်ချိန် ၁ဒသမ ၅၉သန်း ရှိခဲ့ရာ၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းလအလိုက် ထုတ်လုပ်မှု အနိမ့်ဆုံး ဖြ စ်ခဲ့ပါတယ်။
     အင်ဒိုနီးရှားနဲ့ မလေးရှားမှာ စားအုန်းဆီ သိုလှောင်မှု ကျဆင်းခြင်းနဲ့ ပို့ကုန် တိုးတက်ကောင်းမွန်မယ့် အလားအလာ တွေကြောင့် မကြာမီ ကာလအတွင်းမှာ စားအုန်းဆီကြမ်း ဈေး တွေ ပြန်လည် မြင့်တက်လာမယ်လို့ လေ့ လာ ဆန်းစစ်ရေးမှူး တွေက ပြောပါတယ်။ ဒါကြောင့် ဘာဆာ မလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange) မှာ အောက်တိုဘာ အတွက် ချုပ်ဆိုတဲ့ စားအုန်းဆီကြမ်း ကြိုရောင်းဈေးက သြဂုတ် ၁၀ရက် မှာ တစ်တန်ကို ရင်းဂစ် ၂၅၀၀ ရှိခဲ့ပါတယ်။ တစ်ရက်အတွင်း ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးနှုန်းက တစ်တန်ကို ၂၅၁၂ ရင်းဂစ် နှုန်း ရှိခဲ့ပါတယ်။ CPO ဈေးက ဇူလိုင် ၁၂ရက်မှာ တစ်တန်ကို ၂၁၈၈ ရင်းဂစ်နှုန်းနဲ့ ၂၀၁၅ ခုနှစ် စက်တင် ဘာ နောက်ပိုင်း အနိမ့်ဆုံး နှုန်း ဖြစ်ခဲ့ရာမှ ယခုတစ်ဖန် ၁၄ရာခိုင်နှုန်း ပြန်လည် မြင့်တက် ခဲ့တာ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံရဲ့ စားအုန်းဆီ သိုလှောင် လက်ကျန်က ဇူလိုင်မှာ ၁ ဒသမ ၇၇သန်း ရှိခဲ့တဲ့အတွက် သုညဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဇူလိုင်လ အတွင်းမှာ မလေးရှား စားအုန်းဆီ တင်ပို့မှုက ၂၁ရာခိုင်နှုန်း မြင့်တက်ပြီး ၁ဒသမ ၃၈ သန်းအထိ ရောက်ရှိခဲ့ရာ ယခု နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
       တရုတ်နိုင်ငံရဲ့ စားအုန်းဆီ တင်သွင်းမှုက ယခုနှစ် ပထမ နှစ်ဝက်မှာ ၂၅ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ရောင်းဈေး ကျဆင်းမှုနဲ့ ဆောင်းဦးရာသီမှာ ဝယ်လိုအား မြင့် တက်မယ့် အလားအလာကြောင့် တရုတ်နိုင်ငံ ရဲ့ တင်သွင်းမှု ပြန်လည် မြင့်တက်လာမယ်လို့ ဘလွမ်းဘတ် သတင်းဌာနက ခန့်မှန်းထားပါတယ်။ ကြော်လှော် စားသောက်တဲ့ အစားအစာများ တိုးတက် များပြားမှုနဲ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဆောင်းဦးရာသီ ပွဲတော်ကာလ သုံးရက်အတွင်း မုန့်လုပ်ခြင်းစတဲ့ အကြောင်း များကြောင့် ဝယ်လိုအားက ဆက်လက် မြင့်တက် လာဖွယ်ရှိ ကြောင်း CIMB ရင်းနှီးမြှုပ်နှံမှုဘဏ်မှ အိုင်ဗီအင်းက ပြောပါ တယ်။ စက်တင်ဘာ ၅ရက်မှာ စတင်လေ့ရှိတဲ့ ဆောင်းဦး ပွဲတော် မတိုင်မီ လအနည်းငယ်က စပြီး အစားအစာ ထုတ် လုပ်သူများက စားသုံးဆီ သိုလှောင်တတ်တဲ့အတွက် စား အုန်းဆီ ဈေးတက်လေ့ရှိပါတယ်။

 

ဉာဏ်တင်