Main menu

Background

ဝယ်လိုအားကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးသို့ကျဆင်း

Tue, 09/20/2016 - 09:49 -- journal_editor

ရင်းဂစ်တန်ဖိုး ကျဆင်းမှုနဲ့  သြဂုတ်လအကုန် စတော့ လက်ကျန်က ခြောက်နှစ်အတွင်း  အနိမ့်ဆုံးသို့ ကျဆင်းမှု တွေက စားအုန်းဆီဈေးနှုန်း မြင့်တက်ဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဝယ်လိုအား ကျဆင်းတဲ့ အတွက် စက်တင်ဘာ ၁၄ရက်မှာ မလေးရှားစားအုန်းဆီ ကြိုရောင်း ဈေးနှုန်းက ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့ကြောင်း စတားအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ဘာဆာ မလေးရှား ကုန်စည်ဒိုင(Bursa Malaysia Derivatives Exchange) မှာ စက်တင်ဘာ ၁၄ ရက် ဈေးပိတ် ချိန်က နိုဝင်ဘာအတွက် စားအုန်းဆီ ကြိုရောင်းဈေးက ၁ ဒသမ ၁ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၅၆၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၂) နှုန်း ရှိခဲ့ပါတယ်။ အနိမ့်ဆုံး ဈေးက တစ်တန်ကို ၂၅၄၇ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့တဲ့ အတွက် စက်တင်ဘာ ၂ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေးအဖြစ် ရောက်ရှိခဲ့ပါတယ်။စက်တင်ဘာ ၁၄  ရက်မှာ တစ်ရက်ရောင်းချရတဲ့ ပမာဏက ၂၅တန်ရှိ အတွဲပေါင်း ၆၁၇၆၂တွဲ ရှိခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်အတွင်း တစ်ရက်ပျမ်းမျှ ရောင်းချရတဲ့ ၄၄၆၀၀ တွဲထက် ပိုမိုခဲ့ပါတယ်။ရင်းဂစ်တန်ဖိုးကျပြီး စားအုန်းဆီ သိုလှောင်လက်ကျန်က ခြောက်နှစ်အတွင်း အနိမ့်ဆုံး ကို ရောက် ခဲ့ပေမယ့် ဈေး နှုန်းက တက်မလာကြောင်း ကွာလာလမ်ပူအခြေစိုက်အရောင်း တာဝန်ခံတစ်ဦးက ပြောပါတယ်။ စားအုန်းဆီနှင့် ပဲပုပ်ဆီဈေး နှုန်း ကွာဟချက်အချိုး ကျဆင်းလာခြင်းကလည်း အတား အဆီးတစ် ခုဖြစ်ကြောင်း လည်း သူက ပြောပါတယ်။
ရင်းဂစ်တန်ဖိုးကလည်း စက်တင်ဘာ ၁၄ ရက်က သုည ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ စားအုန်းဆီရောင်း ဝယ်ရာမှာ ဈေးနှုန်းသတ်မှတ်ဖို့အသုံးပြုတဲ့ ရင်းဂစ် တန်ဖိုး ကျဆင်းမှုကြောင့် တခြားငွေကြေးနဲ့  ဖလှယ်ပြီး စားအုန်းဆီ ဝယ်ယူသူတို့အတွက် ဈေးကို သက်သာစေပါတယ်။ ပို့ကုန် မြင့်တက်မှုနဲ့  ထုတ်လုပ်မှုက ခန့်မှန်းထားတာထက် ကျဆင်း တဲ့အတွက် သြဂုတ်လအကုန်မှာ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီ သိုလှောင်လက်ကျန် ကျဆင်းကာ ခြောက်နှစ်အတွင်း အနိမ့် ဆုံးကို ရောက်ရှိခဲ့ပါတယ်။''စားအုန်းဆီ  သိုလှောင်လက်ကျန်က ဇူလိုင်မှာ ၁၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁ဒသမ ၄၆သန်း ရှိခဲ့ပါတယ်။ ပို့ကုန်ကလည်း ၃၀ ဒသမ ၉ရာ ခိုင်နှုန်း မြင့် တက်ပြီး တန်ချိန် ၁ ဒသမ ၈၁ သန်း ရှိခဲ့ပါတယ်။ အထွက် နှုန်းက ၇ဒသမ ၃ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၇၀ သန်းရှိခဲ့ပါတယ်။စားအုန်းဆီရဲ့ စက်တင်ဘာ ဝယ်လိုအားက သြဂုတ် ဝယ်လို အားအောက် ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အတွင်း မလေးရှားနိုင်ငံမှ တင်ပို့မှုက သြဂုတ်လကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း မှ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ကုန်စည် စစ်တမ်း ကောက် ယူရေး အဖွဲ့က ပြောပါတယ်။စားအုန်းဆီ အနိမ့်ဆုံးဈေးက တစ်တန်ကို ၂၅၅၀ ရင်းဂစ်နှုန်းရှိမှာဖြစ်ပြီး ဒီဈေးနှုန်းအောက် ထပ်ပြီးကျဆင်း မယ်ဆိုရင် တစ်တန်ကို ၂၄၈၀ ရင်းဂစ်နှုန်းအထိ ရောက်ရှိ မယ်လို့ ရိုက်တာ သတင်း ဌာန မှ ဈေးကွက်ဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောပါတယ်။တခြား ဟင်းရွက်ဆီဖြစ်တဲ့ ပဲပုပ်ဆီဈေးက ချီကာဂိုကုန် သွယ်ရေးဘုတ်အဖွဲ့မှာ ဒီဇင်ဘာ ကြိုရောင်းဈေးက သုည ဒသမ ၃ရာခိုင်နှုန်း ကျဆင်းပြီး တရုတ်နိုင်ငံ၊ ဒါလီယံဈေး ကွက်မှာ ဇန်နဝါရီအတွက် ကြိုရောင်းဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။            

      ဉာဏ်တင်