Main menu

Background

မလေးရှားစားအုန်းဆီဈေး တစ်ပတ်အတွင်းအနိမ့်ဆုံးသို့ ကျဆင်း

Tue, 10/11/2016 - 14:00 -- journal_editor

    ပဲပုပ်ဆီဈေးနှုန်း ကျဆင်းခြင်းနှင့်အတူ မလေးရှား စားအုန်းဆီ ပြည်ပတင်ပို့မှုလည်း ကျဆင်းမည်ဟု ခန့်မှန်းကြသည့်အတွက် အောက်တိုဘာ ၆ ရက်တွင် မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ရက်သတ္တပတ်အတွင်း အနိမ့် ဆုံးဈေးအဖြစ် တစ်ဟုန်ထိုးကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါ သတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား  ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် အောက်တိုဘာ ၅ ရက် ဈေး ပိတ်ချိန်က စားအုန်းဆီ တစ်တန်ကို ၂၅၅၆ ရင်းဂစ် ( အမေ ရိကန် ၆၁၈ ဒေါ်လာ)ရှိပြီး ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။
     စားအုန်းဆီဈေးသည် တစ်တန်ကို ၂၅၅၄ ရင်းဂစ်နှုန်း အထိရောက်ရှိပြီး စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်ခဲ့သည်။ ယခုဈေးနှုန်းအထိ မရောက်မီ ယခင် နှစ်ရက်က ဈေးနှုန်းများ ဆက်တိုက်မြင့်တက် ခဲ့ပြီး မှ ဈေးနှုန်း ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။  အောက်တိုဘာ ၅ ရက်က စားအုန်းဆီ ရောင်းချရသည့် ပမာဏမှာ ၂၅ တန်ရှိအတွဲ ၅၈၁၁၉တွဲ ရှိခဲ့ရာ ၂၀၁၅ ခုနှစ်က နေ့စဉ်ပျမ်းမျှ ရောင်းချနှုန်းဖြစ်သော  အတွဲ ၄၄၆၀၀ တွဲထက် ပိုမိုရောင်းချခဲ့ရသည်။ "ဒီနေ့ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့မှာ ပဲပုပ်ဆီ ဈေးနှုန်းက ကျဆင်းခဲ့ပါတယ်"ဟု ကွာလာလမ်ပူမှ ရောင်းဝယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ဒီဇင်ဘာအတွက် စာချုပ်ချုပ်ဆိုသော ပဲပုပ်ဆီဈေးမှာ သုည ဒသမ၉ ရာခိုင် နှုန်း ကျဆင်းသည်။ စားအုန်းဆီနှင့်  ပဲပုပ်ဆီတို့သည် ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်ဝေစုကို ယှဉ်ပြိုင်လုနေကြသည့်အတွက် ပဲပုပ်ဆီဈေးကစားအုန်းဆီဈေးအပေါ်တွင် ဂယက် ရိုက်ခတ် မှုရှိသည်။
      ကမ္ဘာပေါ်တွင် စားအုန်းဆီအများဆုံး သုံးစွဲသော နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့မှ ဝယ်လို အား ကျဆင်းခဲ့သည့်အတွက် စက်တင်ဘာတစ်လလုံးမှာ မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုသည် ၁၅ ရာခိုင် နှု န်းနှင့် ၁၆ ရာခိုင်နှုန်းအကြားကျဆင်းခဲ့ကြောင်း ကုန်စည်ရောင်းဝယ်ရေး စစ်တမ်းကောက်ခံမှုအဖွဲ့ကိန်းဂဏန်းများအရ သိရသည်။ ရာသီဥတု အေးသောအချိန်တွင် စားအုန်းဆီသည် အေးခဲတတ်သဖြင့် ကမ္ဘာ့မြောက်ခြမ်းရှိ  စား သုံးသူတို့သည် ပဲပုတ်ဆီကို ပြောင်းလဲသုံးစွဲကြသည့်အတွက် နှစ်တစ်နှစ်၏ နောက်ဆုံးသုံးလပတ်တွင် စားအုန်းဆီဝယ်လိုအားကျဆင်းတတ်သည်။ စားအုန်းဆီဈေးသည် စက်တင်ဘာ ၁၄ရက်တွင် တစ် တန်ကို ၂၅၄၇ ရင်းဂစ်နှု န်းဖြင့်  အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ဖူးရာ  ယခုအခါ ထိုနှုန်းဆီသို့ ဦးတည်သွားနေကြောင်း ရိုက်တာ သတင်းဌာန ဈေးကွက်လေ့လာဆန်းစစ်ရေးမှူး  ဝမ်တောင်း က ပြောသည်။

 

ဉာဏ်တင်