Main menu

Background

ပို့ကုန်နှေးကွေးကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းကျဆင်း

Wed, 10/26/2016 - 13:03 -- journal_editor

        တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ပြိုင်ဖက် ဟင်းရွက်ဆီဖြစ်သော ပဲပုပ်ဆီဈေးနှုန်း နှေးကွေးကျဆင်း မှုနှင့် စားအုန်းဆီပို့ကုန်ဝယ်လိုအား ကျဆင်းမှုတို့ကြောင့် အောက်တိုဘာ ၂၀ရက်နေ့တွင် စားအုန်းဆီဈေး ပြန်လည် ကျဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင်ဖော်ပြသည်။ ဘာဆာမလေးရှား (Bursa Malaysia Derivatives Exchange) ကုန်စည်ဒိုင်တွင် အောက်တိုဘာ ၂၀ရက်နေ့ ညနေက ဇန်နဝါရီအတွက် စာချုပ်သော စားအုန်း ဆီ၏  အခြေခံ စံထားဈေးနှုန်းမှာ သုညဒသမ ၅ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၇၁၈ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၅၀) နှုန်းရှိခဲ့သည်။ အောက်တိုဘာ ၂၀ရက်က ရောင်းချရသော စားအုန်းဆီ ပမာဏသည် ၂၅တန်ရှိ အ တွဲပေါင်း ၄၆၂၁၂ တွဲ ဖြစ်ရာ ၂၀၁၅ ခုနှစ် အတွင်းက ရှိခဲ့သော တစ်ရက် ပျမ်းမျှ ရောင်းချနှုန်း ၄၄၆၀၀နှင့် နှိုင်းယှဉ်ပါက အနည်း ငယ် မြင့်တက်လာသည်ကို တွေ့ရသည်။
       စားအုန်းဆီ ဈေးနှုန်းသည် အောက်တိုဘာ ၁၈ရက် က နှစ်နှစ်ခွဲအတွင်း အမြင့်ဆုံးဈေးသို့  ရောက်ရှိခဲ့ပြီးမှ နောက်ပိုင်းတွင် တစ်ဟုန်ထိုး ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ် သည်။ တရုတ်နိုင်ငံ ဒါလီယံဈေးကွက်တွင် စားအုန်းဆီနှ င့် ပဲပုပ်ဆီ နှစ်ခုစလုံးသည် နှစ်နှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိခဲ့သည့်အတွက် မလေးရှားစားအုန်းဆီဈေးက အောက်တိုဘာ၂၀ရက် နံနက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။ ငွေကြေးစာချုပ်စာတမ်းဈေးကွက်တွင် ဈေးက စား ခြင်းနှင့် ဈေးကွက်တွင် ဖြစ်ပေါ်သော အန္တရာယ်များကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံက ဈေးကွက်ထိန်းချုပ်ရေး စည်းမျဉ်းသစ်များကိုချမှတ်ခဲ့သည်။ ထို့ကြောင့် ငွေကြေး စာချုပ်စာတမ်းများကို ပြန်လည်ရောင်းချမှုေ ကြာင့် ေ ဈးကွက်ထဲတွင် ဒေါ်လာများ ဘီလီယံနှင့်ချီ၍ ဝင် ရောက် လာသည့်အတွက် ပဲပုပ်ဆီအပါအဝင် တရုတ်ကုန်စည် ဈေးများ အောက်တိုဘာ ၁၇ရက်က မြင့်တက်ခဲ့သည်။
        ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်တွင် ဈေးကွက်ဝေစုရရှိရန် တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်နေရသည့်အတွက် စားအုန်းဆီကြမ်းနှင့် ပဲပုပ်ဆီ ကြိုတင်ရောင်းဈေးများကလည်း စားအုန်းဆီ ဈေးနှုန်းအပေါ်တွင် ဂယက်ရိုက်ခတ်မှုရှိခဲ့သည် ။ ဒါလီယံဈေးကွက်တွင် ပဲပုပ်ဆီဈေးနှုန်းသည် အောက်တိုဘာ၂၀ ရက် နံနက်ပိုင်းတွင် မြင့်တက်ရာမှ ညနေပိုင်းတွင် အနည်းငယ်ကျဆင်းလာသည့်အတွက် စားအုန်းဆီဈေးလည်းကျဆင်းစေခဲ့သည်။တရုတ်နိုင်ငံ ဒါလီယံကုန်စည် ဒိုင်တွင် ဇန်နဝါရီအတွက် ကြိုတင်ရောင်း သော ပဲပုပ်ဆီဈေးမှာ သုညဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး စားအုန်းဆီကြမ်း၏ ဇန်နဝါရီအတွက် ကြို ရောင်းဈေးမှာ သုညဒသမ ၃ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ "ဒါလီယံဈေးကွက်မှာ  ေ အာက်တိုဘာ ၂၀ ရက် ညနေပိုင်းက ဈေးပြန်ကျလာပါတယ်။ ကုန်စည်စစ်တမ်း အဖွဲ့များက ထုတ်ပြန်တဲ့ စာရင်းများအရ ပို့ကုန်တွေက လည်း ကျဆင်းနေပါတယ်" ဟု Intertek Testing Services နှင့် Societe Generale de Surveillance တို့၏ ကုန်စည် စစ်တမ်းများကို ရည်ညွှန်းပြီး ကွာလာလမ်ပူမှ အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။ စက်တင်ဘာကာလတူနှင့် နှိုင်းယှဉ်ပါက အောက်တိုဘာ ၁ ရက်မှ ၂၀ရက် အတွင်း မလေးရှား စားအုန်း ဆီ တင်ပို့မှုက ၁၂ ရာခိုင်နှုန်း ကျဆင်းသည်။

 

ဉာဏ်တင်