Main menu

Background

ထုတ်လုပ်မှုကျဆင်းမည်ဖြစ်သည့်အတွက် စားအုန်းဆီဈေးနှုန်း နှစ်ရက်ဆက်တိုက်မြင့်တက်

Thu, 11/10/2016 - 14:30 -- journal_editor

           မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက နိုဝင်ဘာ ၃ရက်ညနေက ဒုတိယမြောက်နေ့အဖြစ် ဆက်လက် မြင့်တက် ခဲ့သည်။ ပြိုင်ဖက် ဟင်းရွက်ဆီဖြစ်သော ပဲပုပ်ဆီဈေး ကျ ဆင်း နေသော်လည်း စားအုန်းဆီထုတ်လုပ်မှု ကျဆင်းမည့် လက္ခဏာများကိုတွေ့မြင်ရပြီးနောက်ပိုင်း ဈေးနှုန်းများ ယခုကဲ့သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဘာဆာမလေးရှား ကုန် စည်ဒိုင်မှာ ဇန်နဝါရီအတွက် ချုပ်ဆိုသော ကြိုရောင်းစာချုပ်တွင် သတ်မှတ်သော အခြေခံ စံ ထား  ဈေးနှုန်းမှာ နိုဝင်ဘာ ၃ရက် ညနေပိုင်းက သုညဒသမ ၆ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၇၇၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၆၃) နှုန်း ရှိခဲ့ပါသည်။ ပဲပုပ်ဆီဈေး ကျဆင်းမှုနှင့်  မလေးရှားရင်းဂစ် တန်ဖိုး မြင့်တက်မှုေ ကြာင့် စားအုန်းဆီဈေးသည် နိုဝင် ဘာ ၃ ရက် နံနက်ပိုင်းက ကျဆင်းခဲ့ပြီးမှ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။ နိုဝင်ဘာ ၃ရက်က ရင်းဂစ်တန်ဖိုးသည် သုညဒသမ ဝ၂ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စားအုန်း ဆီ ဈေးနှုန်းကို ရင်းဂစ်ဖြင့် သတ်မှတ်ရောင်းချရာ ရင်းဂစ်တန်ဖိုး မြင့်တက် လာပါက အခြားနိုင်ငံခြား ငွေဖြင့် လဲလှယ်၍ ဝယ်ယူရသော ကုန်သည်များအတွက် စားအုန်းဆီဈေး က မြင့်တက်သွားလေ့ ရှိသည်။
        "ထုတ်လုပ်မှု ကျဆင်းမှာကို စိုးရိမ်မှုတွေရှိနေပြီး ရာသီ ဥတု အခြေအနေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်"ဟု ကွာလာလမ်ပူ အခြေစိုက်ကုန်သည် တစ် ဦးက နှစ်အကုန် မုတ်သုံမိုးကြောင့် စားအုန်းဆီ အထွက်ကျမည်ကို ရည်ညွှန်းပြီးပြောသည်။ ထုတ်လုပ်မှုကျဆင်းသည့်အတွက် မလေးရှားနိုင်ငံ၏ စားအုန်းဆီ သိုလှောင် လက်ကျန်ကို ကျဆင်းစေနိုင်ပြီး အခြေခံ စံထားဈေးနှုန်း မြင့်တက်လာစေရန် အထောက်အကူ ဖြစ်စေနိုင် သည်။ အောက်တိုဘာအတွက် ကိန်းဂဏန်းများကို မလေးရှား စားအုန်းဆီ ဘုတ်အဖွဲ့က နိုဝင်ဘာ ၁၀ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။သယ်ယူပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍတွင် အသုံးပြုသော ဇီဝဒီဇယ်ဆီ၏ အချိုးအစားတွင် စား အုန်း ဆီပါဝင်မှု အချိုး အစားကို ဒီဇင်ဘာ ၁ရက်မှ စတင်၍ တိုးမြှင့် သတ်မှတ်လိုက်သည့်အတွက် စားအုန်းဆီ ဝယ်လိုအား မြင့်တက်လာနိုင်သဖြင့် စားအုန်းဆီဈေးနှုန်းမြင့်တက်စေရန်  အထောက်အကူ ဖြစ်ခဲ့သည်။
         သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်အသုံးပြုသော ဇီဝဒီဇယ်ဆီ၌ ဇီဝဆီအနိမ့်ဆုံး ၁၀ရာခိုင်နှုန်း ပါဝင်ရန် သတ်မှတ် သော B10 Programme ကို ဂျိုဟိုးပြည်နယ်မှစပြီး တစ် ဆင့်ပြီး တစ်ဆင့်တိုးတက်အကောင် အထည်ေ ဖာ်သွားမည်ဖြစ်ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။ စက်မှုကဏ္ဍအတွက် ဆောင် ရွ က်မည့် B7 Programme ကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့မှာပင်စတင်ပြီး တစ်နိုင်ငံလုံး အကောင် အထည်ဖော်သွားမည်။ B10 Programme ကို အပြည့်အဝအကောင်အထည် ေ ဖာ်နိုင်မည်ဆိုပါက တစ်နှစ် ကို စားအုန်း ဆီ တန်ချိန် ခုနစ်သိန်းခွဲ  အသုံးပြုရမည်ဖြစ်ကြောင်း မလေးရှား ခြံကျယ်စိုက်ပျိုးရေးနှင့် ကုန်စည် ရေးရာ ဝန်ကြီးက ယခုနှစ်နှစ်ဆန်းပိုင်း က ပြောသည်။ အခြားဟင်းရွက်ဆီ ဈေးကွက်များဖြစ်သော  တရုတ် နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီအတွက် ပဲပုပ်ဆီဈေး မှာသုညဒသမ ၃ခိုင်နှုန်း ကျဆင်းပြီး၊ အမေရိ ကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့တွင် ဒီဇင်ဘာအတွက် ပဲပုပ်ဆီ ကြိုရောင်းဈေးမှာ သုညဒသမ ၃ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။                        

 

ဉာဏ်တင်