Main menu

Background

ပဲပုပ်ဆီဈေးနှုန်း မြင့်တက်မှုနှင့်အတူ မလေးရှားနိုင်ငံ စားအုန်းဆီဈေးနှုန်းလည်း မြင့်တက်

Wed, 11/23/2016 - 14:43 -- journal_editor

        အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်မှု ဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တို့တွင် ပြိုင်ဖက် ဟင်းရွက် ဆီဖြစ်သော ပဲပုပ်ဆီဈေးနှုန်းများ မြင့်တက်ပြီးေ နာက် နို ဝင်ဘာ ၁၆ရက်က မလေးရှားနိုင်ငံ၏ စားအုန်းဆီ ကြိုရောင်းဈေး လည်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင့်တက်လာသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malay -sia Derivatives Exchange) တွင် ဖေဖော်ဝါရီအတွက် ချုပ်ဆို သော စားအုန်းဆီ၏ အခြေခံစံ ထား ဈေးနှုန်းမှာ ၁ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၂၈၅၅ ရင်းဂစ် (အမေ ရိကန်ဒေါ်လာ ၆၅၇)နှုန်း ရှိခဲ့သည်။ ရောင်းချရသည့် ပမာဏ မှာ ၂၅တန်ရှိ အတွဲပေါင်း ၅၁၃၂၇တွဲ ရှိ သည့်အတွက် ၂၀၁၅ ခုနှစ်က နေ့စဉ်ပျ မ်းမျှ ရောင်းချခဲ့ရသော အတွဲ ၄၄၆၀ဝထက် ပိုမိုရောင်းချခဲ့သည်ကို တွေ့ရသည်။
         စားအုန်းဆီ ဈေးကွက်မှာ ရက်အနည်းငယ် မတည် မငြိမ် ဖြစ်နေရာမှ ပြန်လည်တည်ငြိမ်စ ပြုလာပြီဖြစ်ကြောင်း  ကုန်သည်များက ပြောသည်။  ယခင်ရက်များအတွင်းက စားအုန်းဆီဈေးနှုန်း အခြေအနေကိုကြည့်ပါက အတက် အကျများ ရှိခဲ့သည်ကို တွေ့ရသည်။ စားအုန်းဆီ ဈေးသည် နိုဝင်ဘာ ၁၁ရက်က တစ်တန်ကို ၃၀၈၉ ရင်းဂစ်နှုန်း ရော က်ရှိကာ လေးနှစ်အတွင်း အမြင့်ဆုံးနှုန်း ဖြစ်ခဲ့သည်။ အဓိက အားဖြင့် မလေးရှားနိုင်ငံသုံး ငွေကြေးြ ဖစ်ေ သာ ရင်းဂစ်တန်ဖိုး ကျဆင်းမှုကြောင့် ယခုကဲ့သို့ စားအုန်းဆီေ ဈးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုင်ငံခြားငွေကို ရင်းဂစ်နှင့်ဖလှယ်၍ ဝယ်ယူမည်ဆိုပါက စားအုန်းဆီဈေးသက်သာသည်ကို တွေ့ရသည်။ နိုဝင်ဘာ ၁၄ ရက်တွင်မူ ငွေကြေးေ ဈး ကစားမှုကို တရုတ် နိုင်ငံကထိန်းချုပ်တော့မည် ဖြစ်ကြောင်း သတင်းများ ထွက် ပေါ်လာပြီးနောက် တရုတ်နိုင်ငံက ဒါလီယံကုန်စည်ဒိုင်တွင် ပဲပုပ်ဆီဈေးများ ကျဆင်းခဲ့သည်။ အ လားတူပင် မလေးရှား စားအုန်းဆီဈေးကလည်း လေးလအတွင်း အနိမ့်ဆုံး ဈေးသို့ ကျဆင်းခဲ့သည်။
         စားအုန်းဆီနှင့် ပဲပုပ်ဆီတို့မှာ ကမ္ဘာ့စားသုံးဆီ ဈေး ကွက်တွင် ဈေးကွက်ဝေစုကို အပြိုင်လုလျက်ရှိကြရာ ပဲပုပ် ဆီ၏ဈေးနှုန်း အတက်အကျကလည်း စားအုန်းဆီဈေးနှုန်း အပေါ် အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရ သည်။ အေ မရိကန်နိုင်ငံ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ တွင် ဒီဇင်ဘာအတွက် ချုပ်ဆိုသော ပဲပုပ်ဆီကြိုရောင်းဈေး မှာ သုညဒ သမ ၆ရာခိုင်နှုန်း မြင့်တက်ပြီး တရုတ်နိုင်ငံ ဒါလီ ယံ ကုန်စည်ဒိုင်တွင် ဇန်နဝါရီအတွက် ချုပ်ဆိုေ သာ ပဲပုပ်ဆီ ကြိုရောင်းဈေးသည် ၁ဒသမ ၄ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စားအု န်းဆီ လက်ကျန်မြင့်တက်မှုကြောင့် ဈေးနှုန်းများ ကျဆင်းမှုကို ကာကွယ်နိုင်ရန် သယ်ယူပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍများတွင် လိုက်နာဆောင်ရွက် ရမည့် ဇီဝဒီဇယ်အစီ အစဉ်ကို မလေးရှား အစိုးရက သတ်မှတ်ပေးခဲ့သည်။ အစီအစဉ်အရ ဒီဇယ်ဆီကို အသုံးပြုရာတွင် စားအုန်းဆီကို အချိုးကျရော၍ သုံးစွဲရမည်ဖြစ်သည်။ စားအုန်းဆီကြမ်း ဈေးနှုန်းမှာ ပြန် လည် မြင့်တက် လာပြီး နောက်ပိုင်းတွင် ဒီဇယ်နှင့် စားအုန်းဆီ ရောစပ်ရာတွင် စားအုန်းဆီကို ပိုမို ရောစပ်ရန် သတ်မှတ်ပေးမည့် အစီအစဉ်ကို မလေးရှား နိုင်ငံက လော လော ဆယ် ရပ်ဆိုင်းထားကြောင်း ခြံစိုက်ပျိုးရေးဝန်ကြီး မာဆွီကျောင်း က ပြောသည်။ ဒီဇယ်ဆီတွင် စားအုန်းဆီရောနှော အသုံးပြုရမည့်အစီအစဉ် (Biodiesel Mandate) ကို လက်ရှိ သတ်မှတ်ချက် အတိုင်း အကောင်အထည်ဖော်မည်ဆိုပါက တစ်နှစ်ကို စား အုန်းဆီကြမ်း တန်ခုနစ်သိန်းကျော် သုံးစွဲရမည်ဖြစ်ပြီး တစ် နှစ်ကို ဒီဇယ်လီတာ သန်း၈၂၀အထိ အကုန်အကျ သက်သာ နိုင်သည်။

 

ဉာဏ်တင်