Main menu

Background

ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့ တွင် ပဲပုပ်ဆီဈေး မြင့်တက်ခြင်းနှင့်အတူ မလေးရှားစားအုန်းဆီဈေးများ လေးနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Fri, 12/02/2016 - 15:07 -- journal_editor

           နိုဝင်ဘာ ၂၄ ရက်က မလေးရှား စားအုန်းဆီ ကြို ရောင်းဈေးနှုန်းသည် ၅ရာခိုင်နှုန်း မြင့်တက်ပြီး လေးနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါ သတင်းတွင် ဖော်ပြသည်။  အမေရိကန်ပြည်ထောင်စုက ဇီဝဒီဇယ်ဆီ လိုအပ်ချက်ကို တိုးမြှင့်လိုက်ပြီးနောက် ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီများ ဈေးနှုန်းမြင့် တက်မှုကို အကြောင်းပြုပြီး  စားအုန်းဆီဈေးကပါ လိုက်ပါ မြင့် တက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ဒေါ်လာနှင့်  ဖလှယ်ရာတွင် ရင်းဂစ် တန်ဖိုး ကျဆင်းမှုက နိုင်ငံခြားဝယ်ယူသူများအတွက် စား အုန်းဆီဈေးနှုန်းကျဆင်းခဲ့သော်လည်း ရင်းဂစ်ဖြင့် ဝယ်ယူပါက စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့သည်။ မလေးရှားအစိုးရ၏  ဘွန်းစာချုပ်ဈေး များ ကျဆင်းမှုနှင့် အတူ မလေးရှား ရင်းဂစ်တန်ဖိုးက ၂၀၁၅ ခုနှစ်၊ စက်တင် ဘာ ၃၀ နောက်ပိုင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့သည်။
          ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီ အတွက် စာချုပ်ချုပ်ဆို၍ ရောင်းချသော   စားအုန်းဆီ ကြို ရောင်းဈေး၏ အခြေခံ စံထားဈေးနှုန်းမှာ နေ့လည်ဈေးကွဲချိန် တွင် ၂ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၃၀၂၀ ရင်းဂစ်(အမေရိကန် ဒေါ်လာ၆၇၇ ဒသမ၈၉) ရှိခဲ့ရာ လေးရက်မြောက်နေ့အဖြစ် ဆက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ရောင်းချမှုပမာဏမှာ နေ့လည်က ၂၅တန် အတွဲ ၂၄၆၃၃တွဲ အထိရောက်ရှိခဲ့သည်။စားအုန်းဆီ ကြိုရောင်းေ ဈးသည် ဈေးကွက်စတင် ဖွင့်သည့်အချိန်မှာပင် ၄ဒသမ ၉ရာခိုင်နှုန်း မြင့်တက်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ နောက်ပိုင်းတွင် အမြင့်ဆုံး တိုးတက်နှုန်းဖြစ်ခဲ့ကြောင်း ကုန်သည်များက ပြောသည်။ လာမည့်နှစ်အတွက် ဇီဝလောင်စာ ဆီလိုအပ်ချက်များကို အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စု ချီကာဂို ကုန်သွယ်မှုအဖွဲ့တွင် နိုဝင်ဘာ ၂၃ ရက်က ပဲပုပ်ဆီ ကြိုရောင်းဈေးမှာ ၇ရာခိုင် နှုန်း မြင့်တက်ခဲ့သည်။
       "ဇီဝဒီဇယ်ဆီ သုံးစွဲမှု သတ်မှတ်ချက်ကြောင့် ပဲပုပ် ဆီဝယ်လိုအားကို မြှင့်တင်ပေးမှာဖြစ်ပြီး စားအုန်းဆီ ဝယ်လိုအားကိုလည်း သွယ်ဝိုက်၍ မြှင့်တင် ပေးနိုင်ပါတယ်" ဟု ဂျကာတာမြို့ရှိ မေဘဏ်မှ စားအုန်းဆီ လေ့လာဆန်း စစ် ရေးမှူး အက်ဒီတပ်စမင်က ပြောသည်။ သို့သော်လည်း ထုတ်လုပ်မှု မြင့်တက်လာခြင်းနှင့် အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကျဆင်းမည့် လက္ခဏာရှိခြင်းတို့ ကြောင့် စားအုန်းဆီ မြင့်တက်မှု အလားအလာကို အထိန်း အကွပ် ဖြစ်ေ စခဲ့ကြောင်း တပ်စမင်က ပြောသည်။ စားအုန်းဆီ၏ အမြင့်ဆုံးဈေးနှုန်းမှာ တစ်တန်ကို ၂၉၆၃ ရင်းဂစ်အထိ ရောက်ရှိနိုင်ပြီး ထို့ထက်ကျော်လွန်မည် ဆိုပါက တစ်တန်ကို ၃၀၀၂ ရင်းဂစ်ထိ ရောက်ရှိနိုင်ဖွယ် ရှိ ကြောင်း ရိုက်တာ သတင်းဌာန ကုန်စည်နှင့် စွမ်းအင် စာရင်းအင်း လေ့လာရေးမှူး ဝမ်တောင်းက ပြောသည်။ တရုတ်နိုင်ငံ  ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် ပဲပုပ်ဆီ ကြိုရောင်းဈေးက ၂ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ဇန်နဝါရီအ တွက် စားအုန်းဆီကြမ်းဈေးက ၁ဒသမ ၃ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အမေရိကန် ပြည် ထောင်စု ချီကာဂို ကုန်သွယ်မှု ဘုတ်အဖွဲ့ကို နိုဝင်ဘာ ၂၃ ရက် ကျေးဇူးတော်နေ့အဖြစ် ပိတ်ထားသည်။

 

ဉာဏ်တင်