Main menu

Background

ရေနံစိမ်းဈေးနှုန်းမြင့်တက်လာသဖြင့် စားအုန်းဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

Wed, 12/07/2016 - 16:24 -- journal_editor

           ရေနံတင်ပို့သောနိုင်ငံများအဖွဲ့(အိုပက်)က ရေနံ ထုတ် လုပ်မှုကို လျှော့ချတော့မည့်အလားအလာများ ပိုမို ခိုင်မာလာ ပြီးနောက် ရေနံစိမ်းဈေးများ ပြန်လည်မြင့်တက်လာခဲ့ ကြောင်း ၊ရေနံစိမ်းဈေးနှုန်းများ  မြင့်တက်လာ သည်ကိုအကြောင်း ပြု၍ စားအုန်းဆီဈေးများကလည်း ကျဆင်းနေ ရာမှ နိုဝင်ဘာ ၃၀ရက်နေ့မှာပြန်လည် မြင့်တက်လာခဲ့ကြောင်း ဘီရီကော်ဒါ သတင်းတွင် ဖော်ပြသည်။ အိုပက်အဖွဲ့ဝင်များ၏ ရေနံထုတ်လုပ်မှုကို လျှော့ချရန် အတွက် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းသဘောတူညီမှု ရရှိရန် နီးကပ်လာပြီဖြစ်ကြောင်း  အိုပက်အဖွဲ့ အစည်းအဝေးတစ်ခု တွင် ဆော်ဒီအာရေးဘီးယား စွမ်းအင်ဝန်ကြီးကပြောသည်။
         "အိုပက်အဖွဲ့က ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ နီးစပ်လာပြီဖြစ်တဲ့အတွက် ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါ တယ်"ဟုနိုဝင်ဘာ ၃၀ ရက် ညနေက ကွာလာလမ်ပူရှိစားအုန်း ဆီအရောင်းတာဝန်ခံတစ်ဦးက ပြောသ ည်။ ရေနံစိမ်းထုတ်လုပ်မှုကို ထိန်းချုပ်နိုင်ပြီဆိုပါက စားအုန်း ဆီဈေးကွက်ကိုလည်း အထောက်ကူရစေမှာဖြစ်ကြောင်း၊ ရေနံစိမ်းဈေးနှုန်းတွေ ပိုမိုမြင့်တက်လာမယ်ဆိုပါက ဇီဝဒီဇယ်သုံးစွဲမှုကို သတ်မှတ်ပြဋ္ဌာန်းဖို့အလားအလာ ပိုများလာပြီဖြစ် ကြောင်း သူကပြောသည်။ ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရာတွင် အစိတ်အပိုင်းတစ်ရပ် အဖြစ် စားအုန်းဆီကို သုံးစွဲရသည့်အတွက် ရေနံစိမ်း ဈေးနှုန်း ၏ ဈေးကွက်အခြေအနေကလည်း  စားအုန်းဆီဈေးအပေါ် တွင် ဂယက်ရိုက်ခတ်မှု  ရှိနိုင်သည်။  ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်း ဈေးပိတ်ချိန်က ဖေဖော်ဝါရီအတွက် စာချုပ်ချုပ်ဆို ရောင်းချသော စားအုန်း ဆီဈေးမှာ သုညဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ် တန်ကို ၃၀၇၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၈၈) နှုန်းရှိခဲ့သည်။
           နိုဝင်ဘာ   ၃၀ ရက်က စုစုပေါင်း ရောင်းချခဲ့ရသော ပမာဏမှာ ၂၅ တန်ရှိအတွဲ ၄၇၈၃၄ တွဲရှိသည့်အတွက်၂၀၁၅ ခုနှစ်ကရောင်းချခဲ့ရသော တစ်နေ့ပျမ်းမျှ ၄၄၆၀ဝ တွဲနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားနေသည်ကို တွေ့ရသ ည်။ စားအုန်းဆီဈေးသည် ပြီးခဲ့သည့်ခြောက်ရက်အတွင်း ဆက်တိုက်မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် လေးနှစ်အတွင်း အမြင့်ဆုံး နှုန်း သို့ရောက်ရှိခဲ့သည်။ ထို့နောက် နိုဝင် ဘာ ၂၉  ရက်နေ့တွင် ပြန်လည်ကျဆင်းခဲ့ ရာမှ နို ဝင်ဘာ ၃၀ ရက်တွင် ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုတွင် ဒုတိယနေရာ၌ ရှိနေ သော မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုမှာ  ယခင်လနှင့် နှိုင်းယှဉ်ပါက နိုဝင်ဘာတွင် ၁၀ ရာခိုင်နှုန်းမှ ၁၂  ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်စည်စစ်တမ်းကောက်ယူ ရေးအဖွဲ့၏ နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြသည်။ အခြားဟင်းရွက်ဆီတစ်မျိုးဖြစ်သော ပဲပုပ်ဆီဈေးမှာ အမေရိကန်ပြည်ထောင်စု ချီ ကာဂိုဘုတ်အဖွဲ့တွင် ဇန်နဝါရီ အတွက် စာချုပ်ချုပ်၍ ကြိုတင်ရောင်းချသော ဈေးမှာ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံဈေးကွက် တွင် မေအတွက်ချုပ်ဆိုသော ကြိုတင်ရောင်းဝယ် ဈေးမှာ သုညဒသမ ၁ ရာခို င်နှုန်း ကျဆင်းခဲ့သည်။

 

ဉာဏ်တင်