Main menu

Background

တရုတ်နှင့် အမေရိကန် ပဲပုပ်ဆီဈေးမြင့်တက်မှု အထောက်အပံ့ကြောင့် စားအုန်းဆီဈေး အနည်းငယ်မြင့်တက်

Fri, 12/30/2016 - 12:15 -- journal_editor

        စားအုန်းဆီနှင့်အပြိုင်ဖြစ်သော တရုတ်ဒါလီယံ ဈေး ကွက်နှင့်  အမေရိကန်ပြည်ထောင်စု  ချီကာဂိုဈေးကွက်မှ ပဲပုပ်ဆီတို့က တန်ဖိုးမြင့်တက်လာသည့်အတွက် သုံးရက်ကြာ ကျဆင်းနေခဲ့သော စားအုန်းဆီကြိုရောင်းဈေး သ ည် ဒီဇင်ဘာ ၂၁ရက် နံနက်ပိုင်းဈေးကွက်တွင်  ပြန်လည် မြင့်တက်လာခဲ့ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် ဒီဇင်ဘာ ၂၂ ရက် ေ န့လည် ဈေးကွဲချိန်က မတ်လအတွက် စာချုပ်ချုပ်ဆိုရောင်းချသည့် စားအုန်းဆီဈေးမှာ တစ်တန်ကို ၃၁၀၈ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၉၄ ဒသမ ၂၁) နှုန်းရှိခဲ့ရာ ယခင်နေ့ကဈေးနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၅ ရာခိုင်နှုန်း မြ င့်တက်ခဲ့သည်။ ထိုနေ့ နံနက်ပိုင်းက အရောင်းအဝယ်ဖြစ်သော ပမာဏမှာ ၂၅တန်ရှိ အတွဲ ၁၀၆၆၇ တွဲ ရှိခဲ့သည်။
          စားအုန်းဆီ ကြိုရောင်းဈေးက ဒါလီယံကုန်စည်ဒိုင်နှင့် ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့  တို့ကဲ့သို့သော ပြည်ပဈေးကွက်များ၏ လမ်းကြောင်းကိုလိုက်၍ ဆက်လက် မြင့်တက်မည့် အလားအလာရှိကြောင်း ကွာလာလမ်ပူ အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။ ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဈေးကွက်ဝေစု ရရှိရေးအတွက် ယှဉ်ပြိုင်နေကြရသည့်အတွက် စားအုန်းဆီဈေးအခြေအနေအပေါ်တွင် အခြားဟင်းရွက်ဆီ ဈေးကလည်း အကျိုး သက်ေ ရာက်မှုရှိတတ်သည်။ "ဒီနေ့ညနေဘက် ဒါလီယံဈေးကွက်မှာပဲပုပ် ဈေးကျမယ်ဆိုရင် စားအုန်းဆီဈေးကလည်း လိုက်ပါကျဆင်းမှာ ဖြစ်ပါတယ်"ဟု သူက ပြောသည်။ စားအုန်းဆီ ကြိုရောင်းဈေး က တစ်တန်ကို ရင်းဂစ် ၃၁၀၀ နဲ့ ၃၂၀၀ ကြားမှာပဲ ရှိနေနိုင်ကြောင်းလည်း သူကပြောသည်။ ဒါလီယံဈေးကွက်ရှိ စားအုန်းဆီ၏  မေလအတွက် ကြိုရောင်းဈေးက သုညဒသမ ၂၅ ရာခိုင်နှုန်း ကျဆင်းပြီး ဒါလီယံဈေးကွက်ရှိ  မေလအတွက်  ပဲပုပ်ဆီဈေးက ပြောင်း လဲမှု မရှိကြောင်းသိရသည်။ အခြားဟင်းရွက်ဆီတစ်မျိုးဖြစ်သော အမေရိကန်ပြည် ထောင်စု ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ရှိ ပဲပုပ်ဆီ၏ ဇန်န ဝါရီအတွက် ကြိုရောင်းဈေးက  သုည ဒသမ ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
         စားအုန်းဆီဈေးများ  ဆက်လက်ကျဆင်းမည့် အလား အလာရှိသည်ဟု ကုန်သည်များက ယူဆသည့်အတွက် ယခင် နှစ်ရက်အတွင်း  အချို့ကုန်သည်များက ထုတ်ရောင်းလာကြပြီးနောက် ဈေးကွက်က စားအုန်းဆီကို ပြန် လည် ဝယ်ယူလာ ကြကြောင်း ဒုတိယ ကုန်သည်တစ်ဦးက ပြောသည်။စားအုန်း ဆီဈေးသည် ဒီဇင်ဘာ ၂၀ရက်က တတိယမြောက်နေ့အဖြစ် ဆက်လက်ကျဆင်းပြီး ၁ဒသမ ၅၆ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ "ဒီရက်အတွင်းမှာ စား အုန်းဆီကို ထုတ်ရောင်းထားတဲ့ တစ်ချို့ရင်းနှီးမြှုပ်နှံသူတွေ က စားအုန်းဆီကို ပြန်လည် ဝယ် ယူလာတာကိုတွေ့ရပါတယ်"ဟု ကုန်သည်က ပြောသည်။ ရင်းဂစ်တန်ဖိုး ကျဆင်းမှုနှင့် အထွက်နှုန်း ကျဆင်းမှု ကြောင့် စားအုန်းဆီ ကြိုရောင်းဈေးက မကြာသေးမီ ရက်သတ္တပတ်အတွင်း တက်ရိပ်ပြလျက် ရှိနေသည်ကို တွေ့ရ သည်။ ရင်းဂစ်တန်ဖိုး ကျဆင်းမှုက နိုင်ငံခြားငွေဖြင့် ဖလှယ် ပြီး ဝယ်ယူရသူများအတွက် ဈေးနှုန်းချိုသာလျက်ရှိသဖြင့် မလေးရှားစား အုန်းဆီက  ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှုကို မြင့်တက်စေသည်။ သီးနှံအထွက်ကို ဖျက်ဆီးတတ်သော အယ်လ်နီညို ရာသီဥတုကြောင့်လည်း  စားအုန်းဆီအထွက်နှုန်းကို ထိခိုက်မှု ရှိခဲ့သည်။

 

စံမီအောင်