Main menu

Background

ပဲပုပ်ဈေးကျဆင်းခြင်းနှင့်အတူ မလေးရှားစားအုန်းဆီများ ပြန်လည်ကျဆင်း

Sun, 01/15/2017 - 12:47 -- journal_editor

ရောင်းလိုအားကျဆင်းမှုက စားအုန်းဆီဈေးကို ထပ်မံ မကျဆင်းအောင်  ထိန်းချုပ်ထားသော်လည်း  မလေးရှား စားအုန်း ဆီဈေးသည် ဇန်နဝါရီ ၄ ရက်က ပြန်လည်ကျဆင်းခဲ့ ကြောင်း ဘီရီကော်ဒါသတင်းတွင်ဖော်ပြသည်။   စားအုန်းဆီ ဈေးသည် ထိုရက်မတိုင်မီ နှစ်ရက်ကမြင့်တက်လျက်ရှိနေခဲ့ရာ မှ ဈေးကွက်အတွင်း၌ ပြိုင်ဖက်သဖွယ်ဖြစ်နေသော  ပဲပုပ်ဆီ ဈေးနှုန်းကျဆင်းပြီးနောက်ပိုင်း ယခုကဲ့သို့ ကျဆင်းခဲ့ခြင်းဖြစ် သည်။ဘာဆာ မလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Der-viatives Exchange) တွင် စားအုန်းဆီအခြေခံစံထား ဈေးနှုန်း မှာ ဇန်နဝါရီ ၄ရက်  ညနေက သုညဒသမ ၇ ရာခိုင်နှုန်း ကျ ဆင်းပြီး တစ်တန်ကို ၃၁၄၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၉၉) နှုန်းရှိခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်နောက်ပိုင်း နေ့အလိုက် တိုးတက်မှုအရ အမြင့်ဆုံးဖြစ်ခဲ့သည်။ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရင်းဂစ်တန်ဖိုး ကျဆင်း မှုတို့ကြောင့် စားအုန်းဆီဈေးသည် ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးေ ဈးနှုန်း အဖြစ် ရောက်ရှိခဲ့သည်။ ရင်းဂစ်တန်ဖိုး ကျဆင်းနေသဖြင့် နိုင်ငံခြားငွေဖြင့် ဝယ်ယူသူတို့အတွက် စားအုန်းဆီဈေးက သက်သာလျက်ရှိရာ စားအုန်းဆီသည် ဈေးနှုန်းအားဖြင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ပိုမိုမြင့်တက်ခဲ့သည်။
မလေးရှားစားအုန်းဆီသိုလှောင်မှုမှာလည်း နိုဝင်ဘာ လနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းကျ ဆင်းပြီး မက်ထရစ်တန် ၁ ဒသမ ၆၂ သန်းအထိ ရောက်ရှိခဲ့ ကြောင်း စိုက်ပျိုးသူများ၊ ကုန်သည် များနှင့် လေ့လာ ဆန်းစစ် သူများအား ကောက်ယူခဲ့သော  ဘလွမ်းဘတ်စစ်တမ်းအရ သိရသည်။ဇန်နဝါရီ ၄ ရက်ဈေးပိတ်ချိန်က ရောင်းချခဲ့သော စားအုန်းဆီပမာဏမှာ၂၅ တန်ရှိအတွဲ(၃၂၅၆၈)တွဲ ရှိခဲ့သည်။''ပြဿနာက   ပဲပုပ်ဈေးနှုန်း အတက်အကျ များတဲ့ ပြဿနာပါ။ စားအုန်းဆီရောင်းဈေးနဲ့ ပဲပုပ်ဆီရောင်းဈေးရဲ့ ကွာဟချက်က နည်းပါးစပြုလာပါပြီ''ဟု  ကွာလာလမ်ပူရှိ စားအုန်းဆီကြိုရောင်းကြိုဝယ် ကုန်သည်တစ်ဦးက ပြော သည်။ မလေးရှားနိုင်ငံအရှေ့ပိုင်း ပင်လယ် ကမ်းခြေပြည်နယ် တွေဖြစ်တဲ့ ကယ်လန်တန်နှင့် တာရန်းဂါနူပြည်နယ်များတွင် ရေလွှမ်းမိုးမှုကြောင့် အထွက်နှုန်းကျဆင်းပြီး ဈေးနှုန်း မြင့် တက်စေခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် လုပ်သားများ မရိတ် သိမ်းနိုင်ခြင်း၊ စားအုန်း ဆီကြိတ်ခွဲစက်ရုံများသို့ စားအုန်းဆီ အသီး တင်ပို့မပေးနိုင်ခြင်းတို့ကြောင့် ထုတ်လုပ်မှုကို ထိခိုက် စေနိုင်သည်။ လမ်းများမှာလည်း ပိတ်ဆို့လျက်ရှိပြီး မြစ်များမှာ လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း ကယ်လန် တန် ဒေသ ဆိုင်ရာ အစိုးရ၏ ရေလွှမ်းမိုးမှုစောင့်ကြည့်ရေး ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။မည်သို့ပင်ဆိုစေ ၂၀၁၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း မိုးကောင်းခဲ့သဖြင့် ထုတ်လုပ်မှုပြန်လည်နာလန်ထူလာနိုင် သည့်အတွက် ၂၀၁၇ ခုဒုတိယသုံးလပတ်တွင် ဈေးနှုန်းများ တစ်ဟုန်ထိုး ကျဆင်းနိုင်ကြောင်း မလေးရှားနိုင်ငံ  မေဘဏ်မှ အရာရှိတစ်ဦးကပြောသည်။ စားအုန်းဆီပင်ပျို ပါဝင်မှုရာခိုင် နှုန်းမြင့်မားပြီး ၂၀၁၅ခုနှစ်က မိုးခေါင်ခြောက်သွေ့မှု ဒဏ်ခံ ခဲ့ရ သော ကုမ္ပဏီများ၏ ထုတ်လုပ်မှု ပြန်လည်မြင့်မားလာနိုင် ကြောင်း သူကပြောသည်။စားအုန်းဆီနှင့် ပဲပုပ်ဆီတို့မှာ  ကမ္ဘာ့ဟင်းရွက်ဆီဈေး ကွက်တွင် ဈေးကွက်ရှယ်ယာရရှိရန် အပြိုင်ကြိုးပမ်းနေရသည့် အတွက် ပဲပုပ်ဆီဈေးနှုန်းအခြေအနေကလည်း စားအုန်ဆီ ဈေးနှုန်းအပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်။ အမေရိ ကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်မှုဘုတ်အဖွဲ့ (CBOT) တွင် မတ်လအတွက် ပဲပုပ်ဆီ ကြိုရောင်းဈေးက သုည ဒသမ ၃ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။  သို့သော်လည်း တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင်  မေအတွက် ချုပ်ဆိုသော ပဲပုပ်ဆီ စာချုပ်ဈေးမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။