Main menu

Background

တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ပဲပုပ်ဆီဈေးနှုန်းကျဆင်းခြင်းနှင့်အတူ စားအုန်းဆီဈေးနှုန်းလည်း လိုက်ပါကျဆင်း

Thu, 02/02/2017 - 12:34 -- journal_editor

       မလေးရှားစားအုန်းဆီ  ကြိုရောင်းကြိုဝယ်ဈေးမှာ ဇန်နဝါရီ ၂၅ ရက်က ကျဆင်းလာသည်ကို တွေ့ရကြောင်း တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ပဲပုပ်ဆီဈေးနှုန်းကျဆင်း ခြင်းနှင့် ကုန်သည်များက လက်ကျန်လျှော့ချရန် ေ ဆာ င် ရွက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ စားအုန်းဆီဈေးမှာ လေးရက်ဆက်တိုက် ကျဆင်းနေရာမှ ဇန်နဝါရီ ၂၄ ရက်နေ့တွင် မြင့်တက်ရာမှတစ်ဆင့် ယခုကဲ့သို့ တစ် ဖန်ပြန်လည်ကျဆင်း ခဲ့ခြင်းဖြစ်သည်။
        ဘာဆာမလေးရှား ကုန်စည်ဒိုင်( Bursa Malaysia Derivatives Exchange) တွင် ဇန်နဝါရီ ၂၅ ရက်နေ့က ဧပြီအတွက် ချုပ်ဆိုသော စားအုန်းဆီ ကြိုရောင်းဈေးမှာ သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပြီး စားအုန်းဆီ တစ်တန်ကို ၃၁၂၅ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၇၀၄ ဒသမ ၃၀) နှုန်းရှိခဲ့သည်။ ထိုနေ့ ညနေတွင် ရောင်းချရသည့်ပမာဏမှာ ၂၅ တန်ရှိ အတွဲ ၄၁၈၉၁ တွဲရှိခဲ့သည်။ "ထုတ်လုပ်မှုကျဆင်းပြီး ပို့ကုန်တွေက မြင့်တက်နေပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ရက်ရှည်အားလပ်ရက်မတိုင်မီ ကုန်သည်တွေက ပစ္စည်းတွေ ကို ထုတ်ရောင်းနေတာကို တွေ့ရပါတယ်" ဟု ကွာလာလမ်ပူ အခြေစိုက် ကြိုရောင်းကြိုဝယ် ကုန်သည်တစ်ဦး က ပြောသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်က  ဇန်နဝါရီ ၂၇ ရက်မှာ နေ့တစ်ဝက်သာဖွင့်ပြီး ဇန်နဝါရီ  ၃၀ ရက်မှာ တရုတ်နှစ်သစ်ကူး ပွဲတော်ကို ကျင်းပခဲ့ပါတယ်။
          စားသုံးဆီများက ဈေးကွက်ဝေစုရရှိရေးအတွက် တစ်ခု နှင့်တစ်ခု ယှဉ်ပြိုင်နေတာကြောင့် အခြားဆက်နွယ်နေသော စားသုံးဆီများ၏ ဈေးကွက်အခြေအနေကလည်း စားအုန်းဆီ အပေါ်မှာ ဂယက်ရိုက်ခတ်မှုရှိတတ်သည်။ အမေရိကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့ (CBOT)တွင် မတ်အတွက် ကြိုတင်ချုပ်ဆိုသော ပဲပုပ်ဈေးမှာ သုညဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင် (Dalian Commodity Exchang -e) တွင် မေအတွက် ချုပ်ဆိုသော ပဲပုပ်ဆီဈေးက သုညဒသမ ၆ ရာ ခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော် စားအုန်းဆီ၏ ရောင်းလို အားနှင့်ဝယ်လိုအား အနေအထားအရဆိုပါက တက်ရိပ်ပြနေဆဲဖြစ်ကြောင်း ပို့ကုန်မြင့်တက်နေချိန် တွင် ဇန်နဝါရီတွင် ထုတ်လုပ်မှုကျဆင်းမည်ဟု ခန့်မှန်းထားသည့်အတွက် ကုန် သည်တို့က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ မလေးရှား စားအုန်းဆီ တင်ပို့မှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ် ပါက ဇန်နဝါရီ ၁ ရက်မှ ၂၅ ရက်အတွင်း ၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုန်စည်စစ်တမ်းကောက်ယူရေးအဖွဲ့Intertek Testing Services ၏ ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန် သော အစီရင်ခံစာတွင် ဖော်ပြသည်။ ရိုက်တာသတင်းဌာနမှ ကုန် စည်နှင့် စွမ်းအင်လေ့လာ ဆန်းစစ်ရေးမှူး ဝမ်တောင်း၏ ဆန်းစစ်ချက်အရ စားအုန်း ဆီဈေးသည် တစ်တန်ကို ၃၀၈၉ ရင်းဂစ်နှင့် ၃၁၆၉ ရင်းဂစ် နှုန်းအကြား အတက်အကျရှိမည်ဟု သိရသည်။

 

ဉာဏ်တင်