Main menu

Background

မလေးရှား စီးပွားရေးဖွံ့ ဖြိုးမှုနှင့်ပတ်သက်၍ ခန့်မှန်းချက်အမျိုးမျိုးရှိနေချိန် ပဲပုပ်ဆီဈေးနှုန်းလည်း ကျဆင်းမှုကြောင့် စားအုန်းဆီဈေးနှုန်းကျဆင်း

Wed, 03/22/2017 - 15:20 -- journal_editor

ယခုရက်သတ္တပတ် စောစောပိုင်းက  ကျင်းပခဲ့သော စက်မှုလုပ်ငန်းကွန်ဖရင့်တစ်ခုတွင်  လေ့လာဆန်းစစ်သူတို့က မလေးရှားနိုင်ငံ၏ စီးပွားရေးအခြေအနေကို အမျိုးမျိုးခန့်မှန်း ခဲ့ကြသကဲ့သို့ ပဲပုပ်ဆီဈေးနှုန်းကလည်း ကျဆင်းခဲ့သည့်အတွက် မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက မတ် ၈ ရက်မှာ ကျဆင်းခဲ့သည်ကိုတွေ့ရကြောင်း ဘီရီကော်ဒါသတင်း တွင် ဖော်ပြသည်။
ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange)  တွင် မေအတွက်ချုပ်ဆိုသောစားအုန်း ဆီကြိုရောင်းဈေးအတွက် စံထားဈေးနှုန်းမှာ မတ် ၈ ရက် နေ့လယ် ဈေးကွဲချိန်တွင် ရင်းဂစ် ၂၈၇၀ (အမေရိကန် ဒေါ် လာ ၆၄၃ဒသမ၉၃)ရှိခဲ့သည့်အတွက် သုညဒသမ ၂ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရသည်။
မတ် ၉ရက် နေ့လယ်မွန်းတည့်ချိန်တွင် ရောင်းချခဲ့သော စားအုန်းဆီပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၁၇၄၉၆ တွဲ ရှိ ခဲ့သည်။]]မတ် ၈ ရက်နေ့ ဈေးပိတ်ချိန်က ပဲပုပ်ဆီဈေး ကျဆင်း ခဲ့သလို ဒါလီယံဈေးကွက်ရဲ့ မတ်လ ၉ ရက် နံနက်စောစောပိုင်း မှာလည်း ဈေးအနည်းငယ် ကျဆင်းခဲ့ပါတယ်}}ဟု အမေရိကန် နိုင်ငံ  ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံ ဒါလီယံ ကုန်စည်ဒိုင်တို့တွင် ရောင်းဝယ်လျက်ရှိသော ပဲပုပ်ဆီ ဈေးနှုန်း အခြေအနေတို့ကို ရည်ညွှန်းပြီး ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက ပြောသည်။ မတ် ၈ ရက်က ကွာလာလမ်ပူ တွင် ကျင်းပသော စက်မှုလုပ်ငန်းကွန်ဖရင့်တစ်ခုတွင် ပါဝင် ဆွေးနွေးကြသူတို့က မလေးရှားနိုင်ငံ စီးပွားရေး အခြေအနေ ကို အမျိုးမျိုး ခန့်မှန်းခဲ့ကြကြောင်း ထိုကုန်သည်က ပြောသည်။
''မလေးရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုက ဒီနှစ်ထဲမှာ မြင့် တက်နိုင်ပါတယ်။ ဒါပေမယ့်စတော့ဈေးကွက် အခြေအနေက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သမ္မတထရမ့်လက်ထက်မှာ ကျင့်သုံးမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ဇီဝဒီဇယ်ဆီ မူဝါဒ တွေက ယခုအချိန်ထိ ရှင်းလင်းပြတ်သားမှု မရှိသေးပါဘူး။ ရေတိုဖြစ်ပွားနေတဲ့အခြေအနေက   အထောက်အကူဖြစ်မယ့် အလားအလာကို တွေ့နေရပေမယ့် ရေရှည်အလားအလာက မရေမရာ ရှိနေဆဲဖြစ်ပါတယ်''ဟု သူကပြောသည်။
လက်ရှိဈေးနှုန်းအဆင့်က ရေရှည်တည်တံ့တဲ့ အလား အလာမရှိကြောင်းနှင့်လက်ရှိမှာရောင်းလိုအား ကျဆင်းမှုက ဈေးနှုန်းမြင့်တက်စေရန် အထောက်အကူဖြစ် စေနိုင်သည်။ သို့သော် ထုတ်လုပ်မှု ပြန်လည်မြင့်တက်လာမည်ဆိုပါက တစ်တန် ကို ရင်းဂစ် ၂၅၀၀ အထိ ကျဆင်းနိုင်သည်။
စားအုန်းဆီနှင့် အခြားစားသုံးဆီများမှာ  ကမ္ဘာ့ဈေး ကွက်တွင် ဈေးကွက်ဝေစုရရှိရေးအတွက် ယှဉ်ပြိုင်နေကြသည့် အတွက် အခြားစားသုံးဆီ ဈေးနှုန်းက စားအုန်းဆီဈေးနှုန်း များကို အမြဲတမ်း ဂယက်ရိုက်ခတ်လေ့ရှိသည်။ချီကာဂိုဘုတ် အဖွဲ့တွင် ပဲပုပ်ဆီဈေးသည် သုညဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းပြီး ဒါလီယံကုန်စည်ဒိုင်တွင် မေအတွက် ချုပ်ဆိုသော ပဲပုပ်ဆီဈေးသည် သုညဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ပူပြင်းသော ရာသီဥတုအခြေအနေက စားအုန်းဆီ အထွက်နှုန်းကို လျော့ကျစေသည့်အတွက် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်သည့် နိုင်ငံများဖြစ်သော မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်၂၀၁၅-၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အယ်လ်နီညို၏ ဂယက်ရိုက်ခတ်မှုဒဏ်ကို ခံစားနေရဆဲဖြစ် သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ရာသီဥတု၏ ဂယက်ရိုက် ခတ်မှုဒဏ်ကို လျော့ပါးသက်သာစေနိုင်သည့်အတွက် စားအုန်း ဆီ ထုတ်လုပ်မှု ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်းရသည်။
ဉာဏ်တင်