Main menu

Background

စားအုန်းဆီ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ပဲပုပ်ဆီဈေးမြင့်တက်ခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီဈေး ရက်သတ္တပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Thu, 03/30/2017 - 15:14 -- journal_editor

    မတ် ၂၂ ရက်တွင် မလေးရှားစားအုန်းဆီ  ကြိုရောင်း ဈေးမှာ ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။စားအုန်းဆီထုတ်လုပ်မှု   ရှေ့ အလားအလာများ မရေ မရာဖြစ်နေခြင်းနှင့်  ပဲပုပ်ဆီဈေးများ မြင့်တက်လာခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီဈေးများသည် ဒုတိယမြောက်နေ့အဖြစ် ဆက်တက် မြင့်တက်လာခြင်းဖြစ်သည်။ထုံးစံအားဖြင့်စားအုန်းဆီထုတ်လုပ်မှုသည် ဖေဖော်ဝါရီ နှင့်နှိုင်းယှဉ်ပါက  မတ်တွင် မြင့်တက်လေ့ရှိသည်။ သို့သော် လည်း ဆီအုန်းပင်များမှာ သီးနှံထုတ်လုပ်မှုကို  အဟန့်အတား ဖြစ်စေသည့် အယ်လ်နီညိုရာသီဥတု၏ဖိစီးမှုဒဏ်ကို ခံနေရ ဆဲဖြစ်ပြီး  အသီးထွက်နှုန်းကို ကျ ဆင်းစေ သည့်အတွက် ယခု လတွင် စားအုန်းဆီထုတ်လုပ်မှု မြင့်တက်လာခြင်း  ရှိမရှိကို  စားအုန်းဆီလုပ်ငန်း   ဆောင်ရွက်နေသူတို့က အသေအချာ တွက်ဆ၍မရနိုင်ဘဲ ရှိနေသည်။ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Dervatives Exchange)  တွင်   မတ် ၂၃ ရက်က ဇွန်လအတွက် ချုပ်ဆိုသော စားအုန်းဆီကြိုရောင်းဈေး၏အခြေခံစံထား ဈေး နှုန်းမှာ တစ်တန်ကို ၂၈၂၉ ရင်းဂစ် ( အမေရိကန်ဒေါ်လာ ၆၃၉) ရှိခဲ့သည်။ စောစောပိုင်းကမူ တစ်တန်ကို ၂၈၃၉ ရင်းဂစ် အထိရောက်ရှိခဲ့ရာ မတ် ၉ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ခဲ့သည်။  မတ်လ ၂၂ ရက်က   စုစုပေါင်း ရောင်းချရသော စားအုန်းဆီပမာဏမှာ ၂၅ တန်ရှိ အတွဲ ၄၀၇၆၂ တွဲရှိခဲ့သည်။စားအုန်း ဆီဈေးနှုန်း   မြင့်တက်စေရန်   အလားတူ  အထောက်အကူပြုနေသော   အကြောင်းတရားများတွင် ပဲပုပ် ဆီဈေးနှုန်းမြင့်တက်မှုနှင့် ၂၀၁၇ ခုနှစ် ဇီဝဒီဇယ် သတ်မှတ် ချက်များကို အတည်ပြုအကောင်အထည်ဖော်လာမှု စသည့် အချက်များဖြစ်သည်။
''ပဲပုပ်ဆီဈေးနှုန်းတွေမြင့်တက်လာလိမ့်မယ်လို့  ဈေး ကွက်က ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ စားအုန်းဆီ ထုတ်လုပ်မှုကလည်း နှေးကွေးကျဆင်းနေတဲ့အတွက် ကာလ တိုမှာ စားအုန်းဆီဈေးနှုန်း မြင့်တက်စေဖို့ အထောက် အကူဖြစ် စေခဲ့ပါတယ်''ဟု ကွာလာလမ်ပူမှ စားအုန်းဆီ  ကြိုရောင်းကြို ဝယ်လုပ်ငန်းဆောင်ရွက်နေသော   ကုန်သည်တစ်ဦးက   ပြော သည်။မတ် ၁ ရက်မှ ၂၀ ရက်အတွင်း တင်ပို့ခဲ့သော မလေးရှား စားအုန်းဆီ  တင်ပို့မှုကို ယခင်လကာလတူနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့သည်ကိုတွေ့ရသည်။   စားအုန်းဆီ ပြည်ပတင်ပို့မှု သည်Intertek Testing Services  အစီရင်ခံစာအရ သုံးရာခိုင် နှုန်းကျဆင်းပြီးSociete Generale de Surveillance အစီရင်ခံ စာအရ ၇ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းကြောင်းသိရသည်။
စားအုန်းဆီဈေးသည် အမြင့်ဆုံးအားဖြင့် တစ်တန်ကို ၂၈၁၀ ရင်းဂစ်အထိ  ရောက်ရှိနိုင်ပြီး ထိုထက်ကျော်လွန်ပါက ရင်းဂစ်၂၈၈၀အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း ရိုက်တာ သတင်း ဌာနမှ ဈေးကွက်စိစစ်ရေးမှူး ဝမ်တောင်းက ခန့်မှန်း သည်။
စားအုန်းဆီ ဈေးနှုန်းသည်အခြားဟင်းရွက်ဆီဈေးနှုန်း ကြောင့် ဖြစ်ပေါ်ရသော ဂယက်ရိုက်ခတ်မှုဒဏ်ကိုလည်း ခံရ သည်။ အမေရိကန်ပြည်ထောင်စုချီကာဂိုကုန်သွယ်မှုဘုတ် အဖွဲ့တွင် ပဲပုပ်ဆီကြိုရောင်းဈေးက သုည ဒသမ ၀၃ ရာခိုင် နှုန်းကျဆင်းပြီး တရုတ်နိုင်ငံဒါလီယံ ကုန်စည်ဒိုင်တွင်စက်တင် ဘာလအတွက် စားအုန်းဆီ ကြိုရောင်းဈေးက သုညဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။                                 

     ဉာဏ်တင်