
ပဲပုပ်ဆီ ဈေးနှုန်းများ မြင့်တက်မှုနှင့် စားအုန်းဆီဈေး မှာလည်း ကျဆင်းနေရာမှ ပြန်လည်မြင့်တက်ရန် အားယူနေ ပြီဟု ရင်းနှီးမြှုပ်နှံသူတို့က ခန့်မှန်းချက်ကြောင့် မလေးရှား စားအုန်းဆီ ကြိုရောင်းဈေး သည် စောစော ပိုင်းက ကျဆင်း နေရာမှ ဧပြီ ၂၆ ရက်တွင် ပြန်လည်ဦးမော့လာကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။စားအုန်းဆီထုတ်လုပ်မှု အခြေအနေက မူလခန့်မှန်း ချက်အောက် ကျဆင်းခဲ့ခြင်းကလည်း ဈေး ကွက်ပြန်လည် နာလန်ထူစေရန်အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ကုန်သည်များက ပြောသည်။
ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange ) တွင် ဇူလိုင်အတွက် ချုပ်ဆိုသော စားအုန်းဆီ ကြိုတင်ရောင်းဈေး၏ အခြေခံစံထားဈေးနှုန်းမှာ ဧပြီ ၂၆ ရက်က တစ်တန်ကို ၂၅၁၄ ရင်းဂစ်( အမေရိကန် ဒေါ်လာ ၅၇၈ ဒသမ ၄၆ ) နှုန်းရှိခဲ့သည့်အတွက် နေ့အလိုက် နှိုင်းယှဉ်ပါက ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဧပြီ ၂၆ ရက်က တစ်ရက်အတွင်း ရောင်းချရသော ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၅၅၈၈၈ တွဲအထိ ရှိခဲ့သည်။
'' ရင်းဂစ်တန်ဖိုး မြင့်တက်နေပေမယ့် ချီကာဂို ကုန် သွယ်ရေးဘုတ်အဖွဲ့မှာ ပဲပုပ်ဆီဈေးနှုန်း မြင့်တက်မှုကို အမှီ ပြုပြီး စားအုန်းဆီဈေးကွက်လည်း မြင့်တက်ခဲ့ပါတယ်'' ဟု ရင်းဂစ်တန်ဖိုး မြင့်တက်မှုကြောင့် စောစောပိုင်းက စားအုန်း ဆီဈေးနှုန်းကျဆင်းခဲ့သည်ကို ရည်ညွှန်း၍ ကွာလာလမ်ပူရှိ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက ပြောသည်။စားအုန်းဆီရောင်းဝယ်ရာတွင် အသုံးပြုသော ရင်းဂစ် တန်ဖိုးမှာ ဒေါ်လာနှင့် ဖလှယ်ရာတွင် သုညဒသမ ၅ ရာခိုင် နှုန်း မြင့်တက်ခဲ့ရာမှ ငါးလအတွင်း အမြင့်ဆုံး နှုန်းသို့ ရောက် ရှိခဲ့သည်။ ထုံးစံအားဖြင့် ရင်းဂစ်တန်ဖိုးမြင့်တက်ပါက နိုင်ငံ ခြားငွေကြေးဖြင့်ဖလှယ်၍ ဝယ်ယူရသူများအတွက် စားအုန်း ဆီ ဈေးကြီးတတ်ကြသည်။
ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိသော အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံတို့၏ ထုတ်လုပ်မှုမှာ ရာသီအလိုက် အနေအထားအရ သော်လည်းကောင်း၊ သီးနှံဖျက်ဆီးတတ်သော အယ်လ်နီညို ရာသီဥတုတွင် သဏ္ဌာန်များ ကျဆင်းသွားသောကြောင့်သော် လည်းကောင်း လာမည့်လများတွင် မြင့်တက်မည်ဟု ခန့်မှန်းရ သည်။စားအုန်းဆီဈေးမှာ အမြင့်ဆုံးအားဖြင့် တစ်တန်ကို ၂၅၄၂ ရင်းဂစ်အထိ ရောက်နိုင်ကြောင်း၊ ရိုက်တာသတင်းဌာန မှကုန်စည်နှင့် စွမ်းအင်လေ့လာဆန်းစစ်ရေးမှူး ဝမ်တောင်း က ပြောသည်။
ပဲပုပ်ဆီဈေးကိုကြည့်ပါက အမေရိကန်နိုင်ငံ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့တွင် သုညဒသမ ၆ ရာခိုင်နှုန်းကျ ဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် စက်တင်ဘာ အတွက် ပဲပုပ်ဆီ ကြိုရောင်းဈေးမှာ သုညဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဉာဏ်တင်