Main menu

Background

ထုတ်လုပ်မှုနှင့်ပတ်သက်၍စိုးရိမ်မှုကြောင့် စားအုန်းဆီဈေးနှုန်း ရက်သတ္တတစ်ပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Fri, 06/23/2017 - 10:19 -- journal_editor

       မလေးရှားရင်းဂစ်တန်ဖိုးမြင့်တက်မှုနှင့်ပို့ကုန်ကျဆင်းမှုတို့ကြောင့် စားအုန်းဆီဈေးကွက်အခြေအနေက  အတက်အကျအမျိုးမျိုးဖြစ်လာနိုင်သည့်လက္ခဏာများကို ပြသနေ သော်လည်း စားအုန်းဆီထုတ်လုပ်မှုကျဆင်းမည်ကို စိုးရိမ်မှု မြင့်တက်လျက်ရှိသောကြောင့် ဇွန် ၁၅ ရက်တွင် စားအုန်းဆီ ဈေးနှုန်းများ ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ စားအုန်းဆီရောင်းဝယ်မှုတွင် အရေးပါသော ရင်း ဂစ် တန်ဖိုးမြင့်တက်မှုကြောင့်   တခြားငွေကြေးနှင့်ဖလှယ်၍ ဝယ် ယူရမည့်ကုန်သည်များအတွက် စားအုန်းဆီတန်ဖိုး ပိုမိုမြင့်တက် သွားပြီး ဈေးကွက်တွင် ဝယ်လိုအားကျဆင်းကာ စားအုန်းဆီ ဈေးနှုန်းကျဆင်းသွားတတ် သည်။ ဇွန်၁၅ရက် နံနက်စောစောပိုင်းကမူ ရင်းဂစ်တန်ဖိုးသည် ခုနစ်လအတွင်း  အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှ သုည ဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းကာ အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၂၆၅၀ရင်းဂစ် နှုန်းထိ ရောက်ရှိ ခဲ့သည်။
     ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် သြဂုတ်အတွက် ကြိုတင်ချုပ်ဆိုသော စားအုန်းဆီ၏အခြေခံစံထားဈေးနှုန်းမှာ တစ်တန်ကို ၁ ဒသမ ၇ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၂၄၉၈ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၈၅ ဒသမ ၇၀) နှုန်းရှိခဲ့ရာ နှစ်လအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ခဲ့သည်။ ဇွန် ၁၅ ရက်နံနက်စောစောပိုင်းကမူ  စားအုန်းဆီဈေးသည် တစ်ရက်အတွင်း အမြင့်ဆုံးဖြစ်သော တစ်တန်ကိုရင်းဂစ် ၂၅၀၀  နှုန်းအထိ ရောက်ရှိခဲ့ရာ ရက်သတ္တတစ် ပတ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ ထိုနေ့က စားအုန်းဆီ ရောင်းချရ သော ပမာဏမှာ ၂၅ တန်ရှိအတွဲ ၆၀၆၀၈ တွဲအထိ ရောက်ရှိ ခဲ့သည်။ "ဒီနေ့နံနက်မှာ ရင်းဂစ်တန်ဖိုးမြင့်တက်တာနဲ့ ပို့ကုန်ကျဆင်းတာနှစ်ခုကြောင့် စား အုန်းဆီဈေးကျဆင်းမယ်လို့ ကျွန်တော်တို့ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် စားအုန်းဆီဈေးက ခိုင်နေတယ်။ ရာမာဒန်ကာလအတွင်း ရိတ်သိမ်းတဲ့လုပ်ငန်း တွေရပ်ဆိုင်းထားတဲ့အတွက် အထွက်နှုန်းကျဆင်းမှုက ပို့ကုန် ကျဆင်းတာကို အစားထိုးထေမိပါတယ်"ဟု  ကွာလာလမ်ပူ အခြေစိုက်ကုန်သည်တစ်ဦးက ပြောသည်။
       ရာမာဒန်ဥပုသ်လနှင့် အစ်နေ့ပိတ်ရက်များတွင် လုပ်သားများက ခွင့်ယူလေ့ရှိသဖြင့်စားအုန်းဆီရိတ်သိမ်းမည့် အလုပ်သမားရှားပါးမှုကြောင့် ဇွန်တွင် စားအုန်းဆီထုတ်လုပ်မှု ကျဆင်းသည်ကိုတွေ့ရတတ်သည်။ ရာမာဒန်ကာ လကုန်ဆုံးမှုနှင့်  တရုတ်နှင့်အိန္ဒိယကဲ့သို့ သော ဝယ်လက်ကြီးများက ဈေးသက်သာသော ပဲပုပ်ဆီနှင့် မုန်ညင်းဆီကို ပြောင်းလဲစားသုံးမှုကြောင့် နောက်ပိုင်းတွင် စားအုန်းဆီဈေးနှုန်းကျဆင်းမည်ဟု ခန့်မှန်းကြသည်။ မေလကာ လတူနှင့်နှိုင်းယှဉ်ပါက ဇွန်ပထမပတ်တွင် မလေးရှားမှ စားအုန်းဆီတင်ပို့မှုသည် ၁၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်စည်စစ်တမ်းကောက်ယူရေးအဖွဲ့ဖြစ် သော Intertek Testing Services က ထုတ်ပြန်သော ကိန်း ဂဏန်းများအရသိရသည်။ အခြားစစ်တမ်းကောက်ယူရေးအဖွဲ့ဖြစ်သော Generale de Surveillance က ထုတ်ပြန်သော စာရင်းများအရဆိုပါက အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှုမှာ ၁၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆ င်းခဲ့သည်။ ပဲပုပ်ဆီဈေးနှုန်းမှာမူ  အမေရိ ကန်နိုင်ငံ   ချီကာဂိုဘုတ်အဖွဲ့တွင် သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံဈေးကွက်တွင် စက်တင်ဘာ အတွက် ချုပ်ဆိုသော ပဲပုပ်ဆီဈေးမှာ သုည ဒသမ၂ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 

ဉာဏ်တင်