Main menu

Background

ရက်သတ္တတစ်ပတ်အတွင်း အမြင့်ဆုံးရှိနေရာမှ မလေးရှားစားအုန်းဆီ ဈေးနှုန်းကျဆင်း

Thu, 07/06/2017 - 10:29 -- journal_editor

   မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးသည် စောစော ပိုင်းက မြင့်တက်နေခဲ့ရာမှ လာမည့်လများတွင် ထုတ်လုပ်မှု မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းကြသည့်အတွက်  ဇွန် ၂၈ ရက်က ပြန်လည်ကျဆင်းခဲ့ကြောင်း စတား အွန်လိုင်း သတင်း တွင် ဖော်ပြသည်။မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်တန်ဖိုး ကျဆင်းမှု နှင့် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်မှုကြောင့် စားအုန်းဆီဈေး သည် ဇွန်၂၈ရက် စောစောပိုင်းက မြင့်တက်ခဲ့သည်။ စားအုန်း ဆီကို အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသော ငွေကြေး  ဖြစ်သည့် ရင်းဂစ်တန်ဖိုးမှာ ဇွန်၂၈ ရက် နံနက်ပိုင်းက အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင်   တစ်လအတွင်း အနိမ့်ဆုံး နှုန်းသို့ ရောက်ရှိခဲ့သည်။အမေရိကန်ဒေါ် လာနှင့် ရင်းဂစ်ဖလှယ်ရာတွင် ရင်းဂစ် တန်ဖိုးက သုညဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ၂၉၆၀ရင်းဂစ်နှုန်းရှိခဲ့ရာ   ရင်းဂစ် တန်ဖိုးသည် မေ ၂၄ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့သည်။
ထုံးစံ အားဖြင့် ရင်းဂစ်တန်ဖိုး  ကျဆင်းပါက နိုင်ငံခြား ငွေဖြင့်  စားအုန်းဆီ ဝယ်ယူသူတို့အဖို့  စားအုန်းဆီတန်ဖိုးမှာ ဈေးချိုသွားသဖြင့် အဝယ်လိုက်လာပြီး စားအုန်းဆီဈေး မြင့် တက်ရန် အထောက်အကူဖြစ်လေ့ရှိသည်။
ဘာဆာမလေးရှား   ကုန်စည်ဒိုင (Bursa Malaysia Derivatives Exchange )  တွင် စက်တင်ဘာအတွက် ချုပ်ဆို သော   စားအုန်းဆီ  ကြိုရောင်းဈေးသည်  ဇွန် ၂၈ ရက်ဈေး ပိတ်ချိန်က  သုညဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး  စားအုန်းဆီ တစ်တန်ကို ရင်းဂစ်၂၄၄၀( အမေ ရိကန်ဒေါ်လာ ၅၆၇ ဒသမ ၇ )နှုန်းရှိခဲ့သည်။
စားအုန်းဆီ ကြိုရောင်းဈေးသည် တစ်တန်ကို ၂၄၆၄  ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ရာ ရက်သတ္တတစ်ပတ်အတွင်း အမြင့်ဆုံးနှုန်း ဖြစ်ခဲ့သည်။ သို့သော်လည်း  တခဏမျှသာ မြင့် တက်ပြီး တစ်တန်ကို ၂၄၂၈ ရင်းဂစ်နှုန်းအထိ ကျဆင်းခဲ့ရာ ဇွန် ၂၂ ရက်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။ ဇွန် ၂၈ ရက်က ရောင်းချသော စားအုန်းဆီ ပမာဏမှာ  ၂၅ တန်ရှိအတွဲ ၅၅၃၈၉ တွဲအထိ ရောက်ရှိခဲ့သည်။''ထုတ်လုပ်မှု မြင့်တက်လိမ့်မယ်ဆိုတဲ့  အလားအလာ ကြောင့် ညနေပိုင်းမှာ စားအုန်းဆီဈေး ပြန်လည်ကျဆင်း ခဲ့ပါတယ်''ဟု  ကွာလာလမ်ပူမှ ကြိုရောင်းကြိုဝယ်ကုန်သည် တစ်ဦးက ပြောသည်။စားအုန်းဆီထုတ်လုပ်ရာတွင်   ဒုတိယအများဆုံးဖြစ် သော မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုက ရာသီအလိုက်ဖြစ်ပေါ် တတ်သော အခြေအနေများနှင့်အညီ  ဒုတိယနှစ်ဝက်တွင် မြင့်တက်လာပြီး စားအုန်းဆီထုတ်လုပ်မှုကို  အဟန့်အတား ဖြစ်စေနိုင်သည့်   အယ်လ်နီညိုရာသီဥတု၏ အကျိုးသက် ရောက်မှုများကလည်း   တဖြည်းဖြည်း  ကျဆင်းလာမည်ဟု ခန့်မှန်းထားသည်။မလေးရှားစားအုန်းဆီအဖွဲ့မှထုတ်ပြန်သော တရားဝင် ကိန်းဂဏန်းများအရ မလေးရှားစားအုန်းဆီထုတ်လုပ်မှုသည် ယခင်လနှင့် နှိုင်းယှဉ်ပါက မေတွင် ၆ ဒသမ ၉ ရာခိုင်နှုန်း မြင့် တက်ပြီး တန်ချိန် ၁ဒသမ ၆ သန်းအထိ ရောက်ရှိခဲ့သည်။
စားအုန်းဆီ  ထုတ်လုပ်မှုတွင်  ကမ္ဘာ၌ ထိပ်တန်းထုတ် လုပ်သည့် နိုင်ငံဖြစ်သော အင်ဒိုနီးရှား၏ ထုတ်လုပ်မှုမှာ ဧပြီ က တန်ချိန် ၂ ဒသမ ၉ သန်းရှိရာမှ မေတွင်တန်ချိန် ၃ ဒသမ ၃၈ သန်းအထိ မြင့်တက်ခဲ့သည်။
အခြား စားသုံးဆီဖြစ်သော ပဲပုပ်ဆီဈေးမှာ အမေရိကန် ပြည်ထောင်စုရှိ ချီကာဂိုကုန်သွယ်မှု ဘုတ်အဖွဲ့တွင် သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံ ကုန်စည် ဒိုင်တွင်  စက်တင်ဘာအတွက်  ချုပ်ဆိုသော  စာချုပ်အရ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ဉာဏ်တင်