Main menu

Background

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေး နှစ်လအတွင်း သုံးရာခိုင်နှုန်းမြင့်တက်လာပြီး ပဲပုပ်ဆီဈေးလည်းမြင့်တက်လာ

Mon, 08/07/2017 - 12:17 -- journal_editor

        မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းက နှစ်လအတွင်း သုံးရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ဇူလိုင်လအတွင်း စားအုန်းဆီထုတ်လုပ်မှု ကျဆင်းလာမည်ဟု ခန့်မှန်းထားခဲ့ကြသဖြင့် ယခုကဲ့ သို့ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ စားအုန်းဆီနှင့် ဆက်စပ်လျက်ရှိသည့် ပဲပုပ်ဆီဈေးနှုန်းသည် လည်း မြင့်တက်လာသဖြင့် ယခုကဲ့သို့  စားအုန်းဆီဈေးနှုန်း များမြင့်တက်လာရခြင်းဖြစ်သည်ဟု  ချီကာဂိုဘုတ်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ဘာဆာမလေးရှားကုန်စည်ဒိုင်က  ထုတ်ပြန်ခဲ့သည့် အောက်တိုဘာလအတွက် စာချုပ်ချုပ်ဆိုခဲ့သည့် စားအုန်းဆီ စံထားေ ဈးနှုန်းမှာ ၂ ဒသမ ၉ ရာ ခိုင်နှုန်းမြင့်တက်ပြီး တစ် တန်လျှင် ၂၆၂၆ရင်းဂစ်ရှိခဲ့သည်။ အဆိုပါဈေးနှုန်းသည် မေ ၂၃ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအနက် အမြင့်ဆုံးဈေးနှုန်းဖြစ်ခဲ့ပြီး သုံးလကျော်အတွင်း နေ့စဉ်ဖြစ် ပေါ်ခဲ့သည့် ဈေးနှုန်းများအနက် အကောင်းဆုံးဈေးနှုန်းလည်း ဖြစ်ခဲ့သည်။
         ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် စားအုန်းဆီရောင်းချရ မှုပမာဏမှာ ၂၅တန်ရှိ အတွဲပေါင်း ၅၃၄၇၁ ရှိခဲ့သည်။"စားအုန်းဆီဈေးက မြင့်တက်ခဲ့ပါတယ်။ ချီကာဂိုကုန် သွယ်ရေးဘုတ်အဖွဲ့ရဲ့အစီရင်ခံစာမှာ သီးနှံတွေ ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ဖော်ပြထားတဲ့အတွက် အခုလိုမြင့်တက်ခဲ့တာ ဖြစ်နိုင်ပါတယ်"ဟု ကွာလာလမ်ပူအခြေစိုက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ကုန်သည်များက ပြောကြားခဲ့သည်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် မျှော်လင့် ထားသည်ထက် သီးနှံများပိုမိုပျက်စီးနိုင်သည်ဟု  အမေရိကန် နိုင်ငံ လယ်ယာစိုက်ပျိုးရေးဌာနက ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ပိုင်း နှစ်ပတ်ဆက်တိုက် ပဲပုပ်ဆီဈေးနှုန်းများမြင့်  တက်ခဲ့ပြီးနောက် အောက်တိုဘာလအတွက် ချီကာဂိုကုန် သွယ်ရေးဘုတ်အဖွဲ့ကစာချုပ်ချုပ်ဆိုခဲ့သည့်ပဲပုပ်ဆီဈေးနှုန်း သည် သုည ဒသမ ၉ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
        ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်တွင် ရှယ်ယာများအပြိုင် အဆိုင်ဖြစ်နေချိန်တွင် စားသုံးဆီနှင့်ဆက်စပ်နေသည့် စားအုန်းဆီဈေးနှုန်းသည်လည်း အတက်အကျများရှိခဲ့သည်။ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုတွင် ဒုတိယနေရာတွင် ရှိနေသည့် မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုသည် ယခုနှစ်နှစ်ဝက်အတွင်း မြင့်တက်လာဖွယ်ရာရှိသည်ဟု ဆို သည်။ သို့သော် ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် သီးနှံများ ပျက်စီးဆုံး ရှုံးခဲ့ရသဖြင့် စားအုန်းဆီနှင့်ပတ်သက်၍ အမြတ်အစွန်းရရှိနိုင်မှုသည်လည်း အကန့်အသတ်ဖြင့်သာ ရှိလာနိုင်သည်ဟုဆို သည်။ ၂၀၁၇ ခုနှစ်အတွက် စားအုန်းဆီ ထုတ်လုပ်မှုမှာ တန်ချိန် ၁၈ ဒသမ ၇ သန်းမှ တန်ချိန် ၁၉ ဒသမ ၅သန်း အကြားတွင်ရှိနိုင်ကြောင်းခန့်မှန်းထားသည်။ အဆိုပါပမာဏ သည် ၂၀၁၆ ခုနှစ်ကထွက်ရှိသည့်ပမာဏထက် ၁၀ ရာခိုင် နှုန်းခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သည့် တန်ချိန် ၁၉ ဒသမ ၉၆ သန်းအောက်တွင် သာရှိခဲ့သည်။ စားအုန်းဆီဈေးနှုန်းမှာ တစ်တန်လျှင် ၂၅၄၁ရင်းဂစ် ရှိခဲ့ပြီး၂၅၉၁ ရင်းဂစ်သို့ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်း ထားကြောင်း ရိုက်တာသတင်းဌာနမှ ဈေးကွက်ဆန်းစစ်ရေးမှူး ဖြစ်သူ ဝမ်တောင်း က ပြောကြားခဲ့သည်။

 

မယ်သီတာ