Main menu

Background

စားအုန်းဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် ငါးလအတွင်း စားအုန်းဆီဈေး အမြင့်ဆုံးသို့ရောက်ရှိ

Wed, 08/30/2017 - 15:09 -- journal_editor

       စားအုန်းဆီထုတ်လုပ်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသဖြင့် စားအုန်းဆီကြိုရောင်းကြို ဝယ်ဈေးနှုန်းများသည် ငါးလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း၊ အလားတူ စားအုန်းဆီနှင့် ဆက်စပ်နေသ ည့် စားသုံးဆီဈေးများမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း သည်စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးနှုန်းသည် တစ်ရာခို င်နှုန်း မြင့်တက်ခဲ့ပြီး ဈေးပိတ်ချိန်တွင်  အမေရိကန် ဒေါ်လာ ၆၃၉ ဒသမ ၆၄ (၂၇၃၇ ရင်းဂစ်)ရှိခဲ့ရာ လေးပတ် ဆက်တိုက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
       ယခုနှစ်မတ်လ ၂၃ရက်ကတည်းက ဈေးအနိမ့်ဆုံးဖြစ်ခဲ့သည့် စားအုန်းဆီဈေးနှုန်းသည် တစ်ရက်အတွင်း အမြင့်ဆုံးဈေးအဖြစ် ၂၇၇၁ ရင်းဂစ်သို့ မြင့်တက်ခဲ့သည်။ စားအုန်းဆီ ရောင်းဝယ်မှုပမာဏသည် ၂၅ တန်ရှိ အတွဲေ ပါင်း ၆၄၁၆၆  တွဲရှိခဲ့သည်။ "ဈေးကွက်ရဲ့ဝယ်လိုအားကတော့ တည်ငြိမ်တဲ့အနေ အထားမှာရှိနေပါတယ်။  ဒါပေမယ့်ဈေးကွက်ကို ချုပ်ကိုင်ထားတဲ့အတွက် ဆက်ပြီးတော့ ထုတ်လုပ်မှုမရှိတော့တဲ့အခြေအနေမှာ ရှိနေပါတယ်"ဟု ကွာလာလမ်ပူရှိ စားအုန်းဆီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်  သီးနှံများပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော်လည်း မလေးရှားနိုင်ငံတွင် ယခု နှစ်နှစ်ဝက်အထိ စားအုန်းဆီ ထုတ်လုပ်မှုမှာ  မြင့်တက်ဖွယ်ရာ ရှိကြောင်းသတင်းများတွင် ဖော်ပြထားသည်။
        ၂၀၁၇ ခုနှစ်အတွက် ထုတ်လုပ်မှုက ၁၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားရှိရာ တန်ချိန် သန်း ၂၀ အထိထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း မလေးရှား စားအုန်းဆီဘုတ်အဖွဲ့၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။ သို့သော် စားအုန်းဆီစိုက်ပျိုးသူများ၊ ထုတ်လုပ်သူများ၊ တင်ပို့ရောင်းချ သူများအနေဖြင့် စားအုန်းဆီထုတ်လုပ်မှုကို အနိမ့်ဆုံးအဖြစ် တန်ချိန် ၁၈ ဒသမ ၇သန်းမှ ၁၉ ဒသမ ၅ သန်းအတွင်းသာ ထုတ်လုပ် ရန် သတ်မှတ်ထားကြောင်း ရိုက်တာသတင်းဌာန၏ စစ်တမ်းများအရသိရသည်။စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးများသည် မြင့်တက် လာနိုင်ပြီး တစ်တန်လျှင် ၂၇၄၄ ရင်းဂစ်ရှိခဲ့ကြောင်း၊ ရိုက်တာသတင်းဌာနမှ ဈေးကွက် ဆန်း စစ်ရေးမှူး ဝမ်တောင်းက ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံ  ဒါလီယံကုန်စည်ဒိုင်တွင် စားအုန်းဆီ စာချုပ်ချုပ်ဆိုဈေးသည် ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက် ခဲ့သည်။ စားအုန်းဆီနှင့်ဆက်စပ်နေသည့်  အခြားသောဆီများ ဖြစ်သည့် ပဲပုပ်ဆီ၏ အောက်တိုဘာလအတွက် စာချုပ်ချုပ် ဆိုဈေးသည် ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံဒါလီယံ ကုန်စည်ဒိုင် တွင် ဇန်နဝါရီလအတွက် စာချုပ်ချုပ်ဆိုဈေးသည် ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

 

မယ်သီတာ