Main menu

Background

မလေးရှားစားအုန်းဆီ ကြိုရောင်း ကြိုဝယ်ဈေး ရုတ်ခြည်းကျဆင်း

Mon, 09/04/2017 - 13:46 -- journal_editor

       မလေးရှား စားအုန်းဆီကြိုရောင်း ကြိုဝယ်ဈေးများသည် သြဂုတ် ၂၈ ရက်က  ရုတ်ခြည်းကျဆင်းခဲ့ကြောင်း  စတားအွန်လိုင်းသတင်းတွင်  ဖော်ပြ ထားသည်။ ရင်းဂစ်ငွေကြေးတန်ဖိုး ခိုင်မာလာမှုနှင့် သြဂုတ်လအတွင်း စား အုန်းဆီထုတ်လုပ်မှု မြင့်တက်လာနိုင် သည်ဟူသော မျှော်လင့်ချက်များကြောင့် ယခုကဲ့သို့ ကြိုရောင်းကြိုဝယ်ဈေးများ ရုတ်ခြည်းကျဆင်းလာခဲ့ခြင်းဖြစ်သည် ဟု အဆိုပါသတင်းတွင် ဖော်ပြထား သည်။
အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ငွေကြေးတို့၏လဲလှယ်နှုန်းသည် သြဂုတ်  ၂၈ ရက်က သုည ဒသမ ၁ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်  အမေရိကန်တစ်ဒေါ်လာလျှင် ၁ ဒသမ ၂၆၆၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ ယင်းကဲ့ သို့မြင့်တက်မှုသည် လွန်ခဲ့သည့်နှစ်လ က မြင့်တက်ခဲ့သည့်နှုန်းထက်ပိုမိုမြင့်  တက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စားအုန်းဆီအတွက် ပေးချေရာ တွင်အသုံးပြုသည့် ရင်းဂစ်တန်ဖိုးမြင့် တက်လာဖြင့်  အမေရိကန်ဒေါ်လာကို ကိုင်ဆောင်ရောင်းဝယ်လျက်ရှိသည့် ကုန်သည်များအတွက်  ဈေးနှုန်းကြီးမြင့် မှုကို ဖြစ်ပေါ်စေခဲ့ပြီး စားအုန်းဆီဈေး နှုန်းမြင့်တက်လာမှုကို  ဖိအားများဖြစ် ပေါ်စေခဲ့သည်။
သြဂုတ် ၂၈ ရက်က စားအုန်းဆီ ရောင်းဝယ်မှု ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၃၄ç၄၄၄ ရှိခဲ့သည်။
ထုတ်လုပ်မှုမြင့်တက်လာသဖြင့်  ဈေးကွက်တွင် ဈေးနှုန်းကျဆင်းမှုများ ကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ယခုဖြစ်ရပ် သည် စားအုန်းဆီ အမြောက်အမြား ဝယ်ယူသိုလှောင်ထားမှုအား အထောက် အပံ့ဖြစ်စေခဲ့ကြောင်း  ကွာလာလမ်ပူရှိ စားအုန်းဆီ  ကြိုရောင်းကြိုဝယ်ကုန် သည်များက ပြောကြားခဲ့သည်။
သို့သော် စားအုန်းဆီထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် ကုန်သည် များအား ဇဝေဇဝါဖြစ်စေခဲ့သည်။
ဇူလိုင်လအတွင်းက  စားအုန်းဆီ ထုတ်လုပ်မှု မြင့်တက်ခဲ့ရာ ၂၀ ဒသမ ၇ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဇူလိုင်လ အစောပိုင်းက တန်ချိန် ၁ ဒသမ ၈၃ သန်းထုတ်လုပ်ခဲ့သည်။အဆိုပါပမာဏ သည်  ထုတ်လုပ်ရန်ခန့်မှန်းထားသည့် တန်ချိန်ထက် ပိုမိုထုတ်လုပ်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။
စက်တင်ဘာ ၁၁ရက်တွင်  မလေး ရှားစားအုန်းဆီဘုတ်အဖွဲ့က သြဂုတ်လ အတွက် ထုတ်လုပ်မှု အချက်အလက် များကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
ချီကာဂိုကုန်စည်ဒိုင်၌ စားအုန်း ဆီနှင့် ဆက်စပ်နေသည့် အခြားသော ဟင်းရွက်ဆီဈေးကွက်တွင် အောက်တို ဘာလအတွက် ပဲပုပ်ဆီစာချုပ်ချုပ်ဆို ဈေးနှုန်းသည် သုည ဒသမ ၁ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး ဒါလီယံကုန်စည်ဒိုင် တွင်  ဇန်နဝါရီလအတွက် စာချုပ်ချုပ် ဆိုဈေးနှုန်းသည် သုည ဒသမ ၅ ရာခိုင် နှုန်း ကျဆင်းခဲ့သည်။
ဒါလီယံကုန်စည်ဒိုင်တွင် ဇန်န ဝါရီလအတွက် စားအုန်းဆီ  စာချုပ် ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
မယ်သီတာ