Main menu

Background

မလေးရှားစားအုန်းဆီဈေးနှုန်းများ ခြောက်လတာအတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ

Mon, 09/25/2017 - 14:30 -- journal_editor

       မလေးရှားစားအုန်းဆီဈေးများသည်  ခြောက်လတာ အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ကြောင်း စတားအွန် လိုင်းသတင်းတွင် ဖော်ပြထားသည်။ မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ခြောက်လ အတွင်း သုံးကြိမ် မြောက်အဖြစ် ဆက်တိုက်ဈေးမြင့်တက်လာခြင်းဖြစ်သည်။ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့သည့်  စားအုန်းဆီစံထားဈေးနှုန်း များမှာ ၁ ဒသမ ၅၆ ရာခိုင်နှုန်းမြင့်တ က်ခဲ့ပြီး ၂၈၇၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၈၅ ဒသမ ၆၈)ရှိခဲ့သည်။စားအုန်းဆီအရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၅၇၆၀၀ ရှိခဲ့သည်။ဘာဆာမလေးရှားကုန်စည် ဒိုင်တွင် အစောပိုင်းကာလများက စာချုပ်ချုပ်ဆိုခဲ့သည့် ဈေးနှုန်းမှာ ၂၈၇၆ ရင်းဂစ်ရှိခဲ့ပြီး အဆိုပါဈေးနှုန်းသည် မတ် ၈ ရက်ကတည်းက မြင့်တက်ခဲ့သည့် ဈေးနှုန်းပင်ဖြစ်ပြီး သုံး ရက်အတွင်း လေးရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။ဈေးကွက် အတွင်း ရှိ စားအုန်းဆီ ကုန်သည်များအနေဖြင့်  အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြင် တွေ့လာနိုင်ဖွယ်ရှိကြောင်း ကွာလာလမ်ပူအခြေစိုက် ကြို ရောင်းကြိုဝယ်ကုန်သည်များက ပြောကြားခဲ့သည်''နည်းပညာအားေ ကာင်းလာမှုနဲ့ ကုန်သည်တွေရဲ့ကြို ရောင်းကြိုဝယ်ဈေးတွေ မြင့်တက်လာမှုက စားအုန်းဆီဈေး နှုန်းအဆင့်ကို ရင်းဂစ် ၂၈၅၀ အထိ ရောက်ရှိဖို့အတွက် အထောက်အပံ့ဖြစ်စေခဲ့ပါတယ်''ဟု ကုန်သည်တစ်ဦးကပြော ကြားခဲ့သည်။
သုံးရက်ကြာကျင်းပလျက်ရှိသညGloboil India  ညီလာခံ တွင် ဆွေးနွေးခဲ့ကြသူများက စားအုန်းဆီနှင့် ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးခဲ့ကြသဖြင့် စားအုန်းဆီနှင့်ပတ်သက် ၍ မျှော်လင့်ရနိုင်သည်ဟု ဆိုသည်။
စက်တင်ဘာ ၁၃ ရက်အစောပိုင်းက စားအုန်းဆီဈေး နှုန်းသည် တစ်တန်လျှင် ၂၈၃၆ ရင်းဂစ်ရှိခဲ့ပြီး ၂၈၅၃ ရင်း ဂစ်မှ ၂၈၇၇ ရင်းဂစ်အတွင်းရှိနေခဲ့ကြောင်း ရိုက်တာသတင်း ဌာနမှ ဈေးကွက်ဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောကြား ခဲ့သည်။''တရုတ်နိုင်ငံ  ဒါလီယံကုန်စည်ဒိုင်ရဲ့ ဈေးကွက်မှာ အောက်တိုဘာလဟာ တရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးကာလ ဖြစ်တာကြောင့် စားအုန်းဆီဈေးကွက်ပိတ်ရက် နီးကပ်လာပြီ ဖြစ်ပါတယ်။ စက်တင်ဘာလဟာ စားအုန်းဆီလက်ကျန်ကောက် ယူမှာဖြစ်သလို စားအုန်းဆီဈေးနှုန်းဟာလည်း မပြောင်းလဲဘဲ  တည်ရှိနေမှာဖြစ်ပါတယ်''ဟု ဒါလီယံကုန်စည်ဒိုင်မှကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။
ချီကာဂိုကုန်သည်များ ဘုတ်အဖွဲ့တွင် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးသည် သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးမှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး စားအုန်းဆီစာချုပ် ချုပ်ဈေးမှာ သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။          
  မယ်သီတာ