Main menu

Background

ဈေးကွက်အတွင်း ဝယ်လိုအားကျဆင်းလာမှုကြောင့် စားအုန်းဆီဈေး ပြန်လည်ကျဆင်း

Tue, 10/24/2017 - 18:13 -- journal_editor

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းလာမှုကြောင့်အောက် တိုဘာ ၁၇ ရက်က ဈေးများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်သည် ဒီပါဝလီနေ့ဖြစ်၍ ဈေးကွက် ပိတ်ရက်ဖြစ်ကြောင်း၊ ဈေးကွက်ပိတ်ရက်မတိုင်ခင်ကတည်း က ဝယ်လိုအားများကျဆင်းခဲ့သဖြင့် ကြိုရောင်းကြိုဝယ်ဈေး များ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း စတားအွန်လိုင်းသတင်း တွင် ဖော်ပြထားသည်။
ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် ဇန်နဝါရီလအတွက်  စားအုန်းဆီ စာချုပ်ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ရာ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း တွင် တစ်တန်လျှင် ၂၇၄၁ ရင်းဂစ်သို့ ကျဆင်းခဲ့ သည်။ ယင်း ကျဆင်းမှုသည် တစ်ပတ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ခြင်းဖြစ်သည်။တစ်နေ့တာအတွင်း ရောင်းချခဲ့ရသည့် စားအုန်းဆီအတွဲ ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၅၆၆၆၈တွဲရှိခဲ့ သည်။]] စားအုန်းဆီရှင်ယာရှင်တွေအနေနဲ့ သူတို့ရဲ့အစုရှယ် ယာတွေကို အမြတ်ထွက်တုန်းမှာ ရောင်းချလိမ့်မယ်လို့ ထင် ပါတယ်}}ဟု မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၁၈ ရက်က ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ကျင်းပနေခြင်းကို ရည် ညွှန်း၍ ကွာလာလမ်ပူရှိ ကုန်သည်တစ်ဦးက ပြောကြားခဲ့ သည်။
အခြားကုန်သည်တစ်ဦးကမူ ဈေးကွက်၏ ဝယ်လိုအား သည် တဖြည်းဖြည်း ကျဆင်းလာသဖြင့် နောက်ပိုင်းရက်များ တွင် ဆက်လက်ကျဆင်းမည့် အရိပ်အယောင်များကိုလည်း မြင်တွေ့နေရကြောင်း ပြောကြားခဲ့သည်။
]]ကျွန်တော်တို့ စားအုန်းဆီကို တိုးတက်ထုတ်လုပ်ဖို့ ရှိ ပါတယ်။ စားအုန်းဆီတင်ပို့မှု ကျဆင်းနေတာကြောင့် လာ မယ့် ဒီဇင်ဘာလမှာ စားအုန်းဆီလက်ကျန်က တန်ချိန်နှစ် သန်းလောက်အထိ ရှိလာနိုင်ပါတယ်}}ဟု ၎င်းင်းက ပြောကြားခဲ့ သည်။
စက်တင်ဘာလကုန်ပိုင်းတွင် မလေးရှားစားအုန်းဆီ လက်ကျန်သည် လေးရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂ ဒသမ ၀၂ သန်းရှိခဲ့သည်။ သြဂုတ်လအတွင်းက စားအုန်း ဆီထုတ်လုပ်မှုသည် ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ချိန် ၁ ဒသမ ၇၈ သန်း ထုတ်လုပ်ခဲ့ကြောင်း မလေးရှား စားအုန်းဆီဘုတ်အဖွဲ့က ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ် ပြန်ခဲ့သည့်စာရင်းများအရ သိရသည်။
သို့သော်အောက်တိုဘာလအတွင်း  ပိတ်ရက်အနည်း ငယ်သာရှိသည့်အတွက် ထုတ်လုပ်မှု မြင့်တက်လာနိုင်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ  ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးသည် သုည ဒသမ သုည ၃ ရာခိုင်နှုန်း ကျဆင်းနေချိန်တွင်  ချီကာဂိုကုန်သွယ်ရေးဘုတ် အဖွဲ့တွင် ဒီဇင်ဘာလအတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေး သည် သုည ဒသမ သုည ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရ သည်။                                    
   မယ်သီတာ