Main menu

Background

ဈေးကွက်ဝယ်လိုအားကျဆင်းလာမှုကြောင့် မလေးရှား စားအုန်းဆီဈေးနှုန်းများ မြင့်တက်နေရာမှ ပြန်လည်ကျဆင်း

Thu, 11/16/2017 - 15:20 -- journal_editor

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ဈေးကွက်တွင် ဝယ်လိုအား ကျဆင်းလာမှုကြောင့် ဈေးနှုန်း များမြင့်တက်နေရာမှ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတား အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၉ ရက်က စားအုန်းဆီ ကြိုရောင်းကြိုဝယ် ပမာဏသည် တစ်ဝက်ခန့်ကျဆင်းခဲ့ရာ နိုဝင်ဘာ ၁၀ ရက် တွင်ထုတ်ပြန်ခဲ့သည့် ကုန်သေတ္တာစာရင်းများအရ ပြည်ပ သို့တင်ပို့သည့် ပမာဏနည်းပါးခဲ့ကြောင်း သိရသည်။
ဘာဆာမလေးရှားကုန်စည်ဒိုင်တွင်  ဇန်နဝါရီလအတွက် စားအုန်းဆီစာချုပ် ချုပ်ဆိုဈေးနှုန်းများသည် သုညဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရင်းဂစ် ၂၈၀၉ (အမေရိကန်ဒေါ်လာ ၆၆၈ ဒသမ ၀၁)ရှိခဲ့သည်။
တစ်ရက်တာအတွင်း စားအုန်းဆီဈေးနှုန်းသည် တစ် တန်လျှင် ၂၈၃၇ ရင်းဂစ်သို့ မြင့်တက်ခဲ့ပြီး အဆိုပါဈေးနှုန်း သည် နိုဝင်ဘာ ၂ ရက်ကတည်းက မြင့်တက်ခဲ့သည့်ဈေးနှုန်း များအနက် အမြင့်ဆုံးဈေးနှုန်းဖြစ်ခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်က ရောင်းချခဲ့ရသည့် စားအုန်းဆီ ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၄၁၄၀၆ ရှိခဲ့သည်။
''ပို့ကုန်ပမာဏ ကျဆင်းနေတဲ့ အနေအထားကြောင့် ဈေးကွက်မှာ စားအုန်းဆီဝယ်လိုအား နည်းနေခဲ့ပါတယ်''ဟု  ကွာလာလမ်ပူရှိ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက နိုဝင် ဘာလ ပထမ ၁၀ ရက်အတွင်း ထုတ်ပြန်ခဲ့သည့် သင်္ဘော တင်စာရင်းကို ပြီးခဲ့သည့်လ ကာလတူနှင့် နှိုင်းယှဉ်ကာသင်္ဘော တင်ပို့မှုစာရင်းကိုရည်ညွှန်း၍ ပြောကြားခဲ့သည်။
ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသများတွင် ဆောင်းရာသီသို့ ရောက်ရှိနေချိန်ဖြစ်ရာ ယခုနှစ် စတုတ္ထသုံးလပတ်တွင် စား အုန်းဆီစားသုံးမှု ကျဆင်းလျက်ရှိသည်။အထူးသဖြင့် စားအုန်းဆီ အများအပြား စားသုံးသည့် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံတို့တွင် အပူချိန်များလျော့ကျလာ ပြီဖြစ်ရာ စားသုံးမှုလျော့ကျလာသည်နှင့်အမျှ ပြည်ပတင်ပို့ မှုလည်း လျော့ကျလာမည်ဖြစ်သည်။စားအုန်းဆီဈေးကွက် ကျဆင်းလာခြင်းသည် ပဲပုပ်ဆီ ဈေးကွက်၏ အလှည့်အပြောင်းတစ်ရပ်ပင်ဖြစ်သည်ဟု အခြား သော စားအုန်းဆီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ထို့ပြင် အမေရိကန်ဒေါ်လာနှင့် ရင်းဂစ်လဲလှယ်နှုန်း သည် မြင့်တက်နေသဖြင့် နိုင်ငံခြားဝယ်လက်များအတွက်  စားအုန်းဆီဈေးနှုန်းကို ပိုမိုမြင့်မားစေခဲ့သည်။နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ရင်းဂစ်နှင့် အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းသည် သုည ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ တစ်ဒေါ်လာလျှင် ရင်းဂစ် ၄ ဒသမ ၂၀၅၀ ရှိခဲ့သည်။
ချီကာဂို  ကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ဒီဇင်ဘာလ အတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆို ဈေးနှုန်းသည် သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။အခြားသော ဟင်းရွက်ဆီဈေးကွက်တွင် ဒါလီယံကုန် စည်ဒိုင်၌ ဇန်နဝါရီလအတွက် စားအုန်းဆီစာချုပ်ချုပ်ဆိုဈေး သည် ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ချိန်တွင် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။                              
        မယ်သီတာ