Main menu

Background

ရင်းဂစ်တန်ဖိုး ပြန်လည်ကျဆင်းလာမှုကြောင့် စားအုန်းဆီကုန်သည်များ ပြန်လည်အဆင်ပြေလာ

Wed, 12/06/2017 - 13:35 -- journal_editor

          ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ လဲလှယ်နှုန်းများ ပြန်လည်ကျဆင်းလာသဖြင့် မလေးရှားစားအုန်းဆီဈေးကွက် တွင် စားအုန်းဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။အမေရိကန်ဒေါ်လာနှင့် ရင်းဂစ်ငွေလဲနှုန်းသည် တစ် နှစ်တာအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီးနောက်  နိုဝင် ဘာ ၂၉ ရက်က သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၈၇၅ ရင်းဂစ်ရှိခဲ့ သည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက် တိုဘာ ၂၃ ရက်ကတည်းကမြင့်တက်ခဲ့ရာ နိုဝင်ဘာ ၃၀ရက် ဈေးကွက်ပိတ်ချိန်တွင် ၁ ဒသမ ၆ ရာ ခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် တစ်တန်လျှင် ၂၆၀၃ ရင်းဂစ်ရှိခဲ့သည်။
         သို့သော် တစ်ပတ်အတွင်းဈေးနှုန်းကို ကြည့်မည်ဆိုလျှင် တစ်ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို တွေ့ရသည်။ ယခု နှစ်ဖေဖော်ဝါရီလကတည်းက ကျဆင်းခဲ့သည့် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် နိုဝင် ဘာလ တစ်လအတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ နိုဝင်ဘာ၃၀ ရက်က ရောင်းချရသည့် စားအုန်းဆီပမာဏသည် ၂၅ တန်ရှိ အတွဲ ပေါင်း ၃၇၆၈၉ တွဲရှိခဲ့သည်။ "အမေရိကန် ပဲပုပ်ဆီဈေးကွက်က  အချိန်တော်တော် ကြာမြင့်တက်နေတဲ့အတွက် ဈေးကွက်ကို သူကပဲ လွှမ်းမိုးနေ ပါတယ်" ဟု  ကွာလာလမ်ပူရှိ စားအုန်းဆီကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်က ငွေလဲနှုန်းကျဆင်းလာသဖြင့် ဈေးကွက် အမှာများ မြင့်တက်လာခဲ့သည်ဟု အခြားသော ကုန်သည်တစ်ဦးကဆိုသည်။ ဒီဇင်ဘာ ၁ ရက်သည် မလေး ရှားနိုင်ငံ၏ အမျိုးသားနေ့ဖြစ်သည့်အတွက် စားအုန်းဆီ ဈေးကွက် ပိတ်ထားသည်ဟုဆိုသည်။
      စားအုန်းဆီဈေး အတက်အကျကြောင့် အခြားသော ဟင်းရွက်ဆီဈေးကွက်ကိုပါ အကျိုးသက်ရောက်စေခဲ့သည်။ ထို့ကြောင့် ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ဒီဇင်ဘာလ အတွက် စားအုန်းဆီစာချုပ်ချုပ်ဆိုဈေးသည် တစ်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် ပဲပုပ်ဆီစာချုပ်ချုပ်ဆိုဈေးသည် သုညဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၏ စားအုန်းဆီတင် ပို့မှုသည် ယခင်လနှင့်နှိုင်းယှဉ်ပါက ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Intertek Testing Service ၏ ထုတ် ပြန်ချက်များကို ကိုးကား၍ ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ထို့ပြင် Societe Generale de Surveillance ၏ ထုတ် ပြန်ချက်တွင် နိုဝင်ဘာလအတွင်း  မလေးရှားနိုင်ငံ၏ စား အုန်းဆီတင်ပို့မှုသည် ယခင်လနှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။ စားအုန်းဆီ တစ်တန်ဈေးနှုန်းအား ၂၅၁၉ ရင်းဂစ်မှ ၂၅၅၅ ရင်းဂစ်အတွင်းရှိရန် မျှော်မှန်းထားကြောင်း ရိုက်တာ သတင်းဌာန၏ ဈေးကွက်ဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောကြားခဲ့သည်။

 

မယ်သီတာ