Main menu

Background

ရင်းဂစ်တန်ဖိုးမြင့်တက်လာမှုကြောင့် စားအုန်းဆီဈေးများ ဆက်လက်ကျဆင်း

Fri, 12/15/2017 - 10:38 -- journal_editor

     ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ ဖလှယ်နှုန်းများ မြင့်တက်လာမှုကြောင့်  စားအုန်းဆီဈေးနှုန်းများလည်း  ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ယင်းကဲ့သို့ ကျဆင်းမှုသည် လေးလကျော်အတွင်း ဆက်လက်ကျဆင်းခြင်းဖြစ်ေ ကြာင်း၊ စားအုန်းဆီ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက စတား အွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။စားအုန်းဆီကို ကုန်သွယ်မှုပြုနေသည့် ရင်းဂစ်ငွေကြေး  တန်ဖိုးသည် ဒီဇင်ဘာလ ၅ ရက်က ဆက်လက်မြင့်တက်ခဲ့သ ည်။ သို့သော် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင်မူ ရင်းဂစ်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၆၆၀ ရင်းဂစ်ရှိ ခဲ့သည်။
       အစောပိုင်းကာလများက စားအုန်းဆီစာချုပ် ချုပ်ဆို ဈေးသည် ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စားအုန်းဆီ တစ်တန်လျှင် ၂၅၄၄ ရင်းဂစ်ရှိခဲ့ရာ ယင်းဈေးနှုန်းသည်  ဇူလိုင် ၂၄ ရက် ကတည်းက ကျဆင်းခဲ့သည့်ဈေးနှု န်းဖြစ်ခဲ့သည်။ စားအုန်းဆီရောင်းဝယ်မှုပမာဏသည် ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းအထိ ၂၅တန်ရှိ အတွဲပေါင်း ၄၈၉၃၈ တွဲရှိ ခဲ့သည်။"ရင်းဂစ်တန်ဖိုးက ဆက်လက်ခိုင်မာ အားကောင်းနေ ပါတယ်"ဟု ကွာလာလမ်ပူရှိ စားအုန်း ဆီကြိုရောင်းကြိုဝယ် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ မလေးရှားငွေကြေးဖြစ်သည့် ရင်းဂစ်နှင့် အမေရိကန် ဒေါ်လာတို့၏ ဖလှယ်နှုန်းများသည် နိုဝင်ဘာလ ၁ ရက်က ၄ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်အတွင်း ၁၀ ရာခို င်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်သည့် နိုင်ငံများအနက် ဒုတိယအများဆုံးထုတ်လုပ်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလကထုတ်လုပ်မှုသည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တန်ချိန် နှစ် သန်းအထိ ရှိခဲ့သည်။
       တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် ပဲပုပ်ဆီ စာချုပ်ချုပ်ဆိုဈေးသည် သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းနေချိန်တွင် ချီကာဂို ကုန်သွယ်ရေးဘုတ် အဖွဲ့၏ ဇန်နဝါရီလအတွက် ပဲပုပ်ဆီစာချုပ်ချုပ်ဆိုေ ဈးသည် သုည ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ထိုအတောအတွင်း တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလအတွက် စားအုန်းဆီစာချုပ် ချုပ်ဆိုဈေးသည် ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ တွင် မုန်ညင်းစေ့မှဆီထုတ်လုပ်မှု ကျဆင်းလာသဖြင့် စားအုန်းဆီကို ပြန်လည်သုံးစွဲလာကြသဖြင့် အဝယ်လိုက်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏မုန်ညင်းနက်စေ့ဆီနှင့် မုန်ညင်းဝါစေ့ဆီ ထုတ်လုပ်မှုသည် ၂၀၁၇-၁၈ခုနှစ် အတွင်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းကျဆင်း လာခဲ့သည်။စားအုန်းဆီဈေးနှုန်းသည်တစ်တန်လျှင် ၂၅၅၅ ရင်းဂစ်မှ ၂၅၁၉ ရင်းဂစ်သို့ ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိ ကြောင်း ရိုက်တာသတင်းဌာနမှ ဈေးကွက်ဆန်းစစ်ရေးမှူး ဝမ်ေ တာင်းက ပြောကြားခဲ့သည်။

 

မယ်သီတာ