Main menu

Background

ရင်းဂစ်ငွေကြေးခိုင်မာမှုကြောင့် မလေးရှားစားအုန်းဆီဈေးများ ကျဆင်း

Wed, 12/27/2017 - 13:43 -- journal_editor

         စားအုန်းဆီကုန်သွယ်မှုပြုရာတွင်အသုံးပြုသည့် ရင်းဂစ် ငွေကြေးခိုင်မာနေမှုကြောင့် မလေးရှားစားအုန်းဆီ ဈေးနှုန်း များသည် ဒီဇင်ဘာ ၂၀ ရက်အထိ ဈေးကျဆင်းလျက်ရှိ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ  ထားသည်။ ရင်းဂစ်ငွေကြေးခိုင်မာမှုသည် အမေရိကန်ဒေါ်လာကို ကိုင်ဆောင်၍ ဝယ်ရောင်းပြုလုပ်သူများအတွက် စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက် ဈေးကွက်ပိတ်ချိန်တွင် သုည ဒသမ ၂ ရာခိုင်နှုန်းမြင့် တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၇၁၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ ယင်းပမာဏသည် ၁၄ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။
          ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် မတ်လအတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်တန်လျှင် ၂၄၉၉ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၅)ရှိခဲ့သည်။ တစ်နေ့ တာအတွင်း စားအုန်းဆီရောင်းဝယ်မှုပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၄၁၁၁၂ တွဲရှိခဲ့သည်။ "ဈေးကွက်ထဲမှာဝယ်လိုအား နည်းနေတာဟာ ရင်းဂစ် တန်ဖိုးမြင့်တက်နေတဲ့အပေါ်မှာတည်မှီနေပါတယ်။ တစ်တန်ကို ရင်းဂစ် ၂၅၂၀ ကျော်အထိ ရောက်နိုင်မှာ မဟုတ်ပါဘူး" ဟု ကွာလာလမ်ပူအခြေစိုက် စားအုန်းဆီကြိုရောင်းကြိုဝယ် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ဒီဇင်ဘာလအတွင်း ထုတ်လုပ်မှု ကျဆင်းမည်ဟူသော ခန့်မှန်း ချက်ေ ကြာင့် စားအုန်းဆီဈေးများ ပြန်လည်မြင့်တက် လာမည်ဟု မျှော်လင့်ထားကြသည်။ ထို့ပြင်ပို့ကုန်အတွက် ဝယ်လိုအားကျဆင်းမှုကလည်း ဈေးကွက်ကျဆင်းမှုကို အထောက်အပံ့ဖြစ်စေခဲ့သည်။
         "ဒီလထဲမှာ စားအုန်းဆီထုတ်လုပ်မှုတွေ ကျဆင်းလာပါ လိမ့်မယ်။ ဒါပေမယ့် ဘယ်လောက်ပမာဏအထိ ကျဆင်းမယ်ဆိုတဲ့ မေးခွန်းကိုတော့ ဘယ်သူမှ မဖြေနိုင်ကြဘူး"ဟု ကွာလာလမ်ပူအခြေစိုက် ကုန်သည်တစ်ဦးက အစောပိုင်းကာလက ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁ ရက်မှ ၂၀ရက်အတွင်း မလေးရှားစားအုန်း ဆီသင်္ဘောတင်ပို့မှုသည် နိုဝင်ဘာလအတွင်းကာလတူနှင့် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Intertek Testing Services နှင့်  Societe Generale de Surveillance တို့၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။ တင်ပို့မှုကျဆင်းခြင်းကို နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ စားအုန်းဆီ တင်ပို့မှုကျဆင်းလာခြင်းသည် ဒီဇင်ဘာလပထမပတ်အတွင်း မှာပင် သိသာလာခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အခြားသော ဟင်းရွက်ဆီဈေးကွက်တွင် ဒါလီယံကုန် စည်ဒိုင်၌ မေလအတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆို ဈေးနှုန်း သည် သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းနေချိန်တွင် ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့၏ ဇန်နဝါရီလအတွက် စားအုန်းဆီ စာချုပ်ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဒါလီယံ ကုန် စည်ဒိုင်တွင် ဇန်နဝါရီလအတွက် စားအုန်း ဆီ စာချုပ်ချုပ်ဆို ဈေးနှုန်းသည် သုည ဒသမ ၃ ရာခိုင် နှုန်း မြင့်တက်ခဲ့သည်။ စားအုန်းဆီဈေးနှုန်း ကျဆင်းမှုကြောင့် အခြားသော ဟင်းရွက်ဆီ ဈေးကွက်များအပေါ် အကျိုးသက်ေ ရာက်မှုရှိခဲ့သည်။

 

မယ်သီတာ