Main menu

Background

အခြားသော ဟင်းရွက်ဆီဈေးနှုန်းများအား ထိန်းချုပ်ထားသဖြင့် မလေးရှားစားအုန်းဆီဈေးနှုန်းများ ဆက်လက်ကျဆင်း

Wed, 01/03/2018 - 12:34 -- journal_editor

    မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးကွက်၌ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဈေးများကျဆင်းလာခဲ့ သည်။ ယခုကဲ့သို့ ကျဆင်းခြင်းသည် လေးရက်မြောက်နေ့ အဖြစ် ကျဆင်းခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်း တွင် ဖော်ပြထားသည်။
ဒါလီယံကုန်စည်ဒိုင်တွင် မေလအတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းနေချိန် တွင် ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် မတ်လအတွက် ပဲပုပ်ဆီ စာချုပ်ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၂ ရာ ခိုင်နှုန်း ကျဆင်းခဲ့သည်။ အခြားသော ဟင်းရွက်ဆီဈေး ကွက်တွင်မူ အရောင်းအဝယ်များ အေးစက်လျက်ရှိကြောင်း သိရသည်။တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် စားအုန်းဆီစာချုပ် ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ကမ္ဘာ့ဟင်းရွက်ဆီဈေးကွက်တွင် အခြားသောစားသုံးဆီ ဈေးနှုန်းများ အတက်အကျဖြစ်ပေါ်နေခြင်းသည် စားအုန်းဆီ ဈေးနှုန်းများကို ထိခိုက်စေခဲ့သည်။
ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် မတ်လအတွက် စာချုပ်ချုပ်ဆိုသည့် စားအုန်းဆီစံထားဈေးနှုန်းသည်  တစ် တန်လျှင် ၂၅၂၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၁၇) ရှိခဲ့ရာ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ် သည်။ စားအုန်းဆီအရောင်းအဝယ်ဖြစ်ခဲ့သည့် ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၂၆၇၀၁ တွဲရှိခဲ့သည်။
''နှစ်ကုန်ပိုင်းမှာဆိုရင် စားအုန်းဆီလက်ကျန်က မြင့် တက်တတ်ပါတယ်။  နောက်လမှာတော့ စားအုန်းဆီထုတ်လုပ် မှုက ကျဆင်းလာနိုင်ပေမယ့်လည်း စားအုန်းဆီဈေးနှုန်းက တော့ မြင့်တက်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ'' ဟု ကွာလာလမ်ပူရှိ စားအုန်းဆီ ကြိုရောင်းကြိုဝယ်ကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။
စားအုန်းဆီထုတ်လုပ်မှုသည် လာမည့်နှစ် ပထမသုံးလ အကုန်အထိ ကျဆင်းနိုင်ဖွယ်ရာရှိသည်ဟုဆိုသည်။ ပြီးခဲ့ သည့် နိုဝင်ဘာလအတွင်းက စားအုန်းဆီထုတ်လုပ်မှုသည်  ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁ ဒသမ ၉၄သန်း သာရှိခဲ့သည်။သို့သော် ထုတ်လုပ်မှုကျဆင်းလာသော်လည်း နိုဝင် ဘာလ အစပိုင်းကတည်းက စားအုန်းဆီဈေးနှုန်းများ ကျဆင်း လာခဲ့ကာ ဈေးကွက်ဝယ်လိုအားများလည်း ကျဆင်းလာခဲ့ သည်။
ထို့ပြင် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံမှစားအုန်းဆီ တင်ပို့မှုသည် ၁၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန် ချိန် ၁ ဒသမ ၃၅ သန်းသာ တင်ပို့နိုင်ခဲ့သည်။ သို့သော် ယခု ဒီဇင်ဘာလတွင်မူ ပိုမိုတင်ပို့နိုင်ခဲ့သည်။
မယ်သီတာ