Main menu

Background

ထုတ်လုပ်မှုကျဆင်းပြီး ပြည်ပတင်ပို့မှု မြင့်တက်သဖြင့် စားအုန်းဆီဈေးနှုန်းမြင့်တက်

Wed, 02/08/2017 - 13:53 -- journal_editor

     ထွက်ရှိလာသော ကိန်းဂဏန်းအချက်အလက်များအရ ထုတ်လုပ်မှုကျဆင်းနေသည်ကို တွေ့ရှိရပြီး ပြည်ပတင်ပို့မှုမှာ လည်း မြင့်တက်လျက်ရှိသဖြင့် မလေးရှား စားအုန်းဆီဈေးနှုန်း မှာ ဖေဖော်ဝါရီ ၂ ရက်က ၁ ဒသမ ၄  ရာ ခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်   (Bursa Malaysia Derivative Exchange) တွင်မတ်လအတွက်   ချုပ်ဆိုသော စားအုန်းဆီ အခြေခံစံထားဈေးနှုန်း မှာ တစ်တန်ကို ၃၀၇၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၉၂ ဒသမ ၂၉ ဒေါ်လာ) နှုန်း အထိ မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်က ရောင်းချရသည့် ပမာဏမှာ ၂၅ တန်ရှိ အတွဲ ၂၇၀၀၂ တွဲ ရှိခဲ့သည်။ ထုတ်လုပ်မှုကျဆင်းခြင်း၊ ပို့ကုန်ကိန်းဂဏန်းများ မြင့် တက်လာခြင်းနှင့် ရင်းဂစ်တန်ဖိုး ကျဆင်းခြင်းတို့က စားအုန်း ဆီ ကြိုရောင်းဈေးများ မြင့်တက်စေရန်အတွက် အထောက် အကူဖြစ်ခဲ့ကြောင်း ကွာလာလမ်ပူအခြေစိုက်ကုန်သည်တစ်ဦး က ပြောသည်။
"ဒီကနေ့ဈေးနှုန်းကို အကျိုးသက်ရောက်မှုဖြစ်စေတဲ့ အကြောင်းတရားတချို့ရှိနေပါတယ်။   ဒီအကြောင်းတရား တွေကတော့ ထုတ်လုပ်မှုအခြေအနေ၊ အားနည်းနေတဲ့ရင်းဂစ် တန်ဖိုးနဲ့ ပို့ကုန် ကိန်းဂဏန်းအချက် အလက်တွေ မြင့်တက်နေ တာပဲ ဖြစ်ပါတယ်"ဟု ထိုကုန်သည်က ပြောသည်။
        ပို့ကုန်မြင့်တက်မှုနှင့်   ထုတ်လုပ်မှုကျဆင်းခြင်းတို့က ရေတိုမှာ ဈေးနှုန်းမြင့်တက်စေသည့် အကြောင်းတရားများဖြစ် ကြောင်းလည်း သူကပြောသည်။ မလေးရှားစားအုန်းဆီ၏ ဇန်နဝါရီထုတ်လုပ်မှုမှာ ၂၁ ဒသမ ၈ ရာခိုင်နှု န်း ကျဆင်းခဲ့ ကြောင်း Southern Peninsula Palm  Oil Millers Association (SPPOMA)မှ ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။ "ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့နှင့် SPPOMA တို့က ဇန်နဝါရီအတွက် ထုတ်ပြန်သောစာရင်းများအရ ဖေဖော်ဝါရီ ၃ရက်မှာ စားအုန်းဆီဈေးကွက်က နေ့အလိုက်မြင့်တက်လာတာကို တွေ့ရပါတယ်"ဟုသူကပြောသည်။ ဇန်နဝါရီအတွက် မလေးရှားစားအုန်းဆီတင်ပို့မှုက ၁၁၇၄၈၉၃ တန်ရှိခဲ့တဲ့အတွက်     ဒီဇင်ဘာလ တင်ပို့ခဲ့တဲ့ ၁၀၈၆၅၂၃တန်နဲ့ နှိုင်းယှဉ်ရင် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက် ခဲ့သည်ကို တွေ့ရကြောင်းကုန်စည်စစ်တမ်း ကောက် ယူရေး အဖွဲ့ Intertek Testing Services က ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့သည်။
       အရောင်းအဝယ်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များကလည်း စားအုန်းဆီကြိုရောင်းဈေးကို အထောက်အကူ ဖြစ်စေကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ စားအုန်းဆီ ရောင်းဝယ်ရာတွင် အဓိကငွေကြေးဖြစ်သော ရင်းဂစ်တန်ဖိုးမှာ သုညဒသမ၂ ရာခိုင်နှုန်းကျဆင်းပြီး အမေရိကန်တစ် ဒေါ်လာကို ၄ ဒသမ ၄၃၆ ရင်းဂစ်နှုန်းဖြစ်ခဲ့သည်။ ရင်းဂစ်တန်ဖိုးကျဆင်းခြင်းကြောင့် နိုင်ငံခြားငွေဖြင့် ဖလှယ်ဝယ်ယူရမည့် ဝယ်လက်များအတွက် စားအုန်း ဆီက ဈေးနှုန်းအရ ဆွဲဆောင်မှုရှိခဲ့သည်။ အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်မှုဘုတ်အဖွဲ့(CBOT) တွင် ဇန်နဝါရီအတွက် ချုပ်ဆိုသော ပဲပုပ်ဆီဈေးက သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသည်။ တရုတ်နိုင်ငံ ဒါလီယံ ဈေး ကွက်မှာ တရုတ်နှစ်သစ်ကူးပွဲအတွက် ပိတ်ထားပြီး ဖေဖော်ဝါရီ ၃ရက်တွင် ပြန်ဖွင့်ခဲ့သည်။

 

ဉာဏ်တင်