Main menu

Background

ဈေးကွက်ဝယ်လိုအား နည်းပါးမှုကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းများ ကျဆင်း

Tue, 10/03/2017 - 15:01 -- journal_editor

        မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် တစ်လအတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်း များ ကျဆင်းနေခြင်း၊ စားအုန်းဆီကို အများဆုံးစားသုံးလျက်ရှိသည့် တရုတ်နှင့်အိန္ဒိယတို့မှ တင်သွင်းမှု အားနည်းသွားခြင်းတို့သည် စားအုန်းဆီဈေး ကျဆင်းမှုနှင့် ဆက်စပ်လျက်ရှိသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လ အတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ၁ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းကာ ၂၆၉၁ ရင်းဂစ်(အမေရိ ကန်ဒေါ်လာ ၆၄၀ ဒသမ ၄၁)နှုန်းသာရှိခဲ့သည်။ သြဂုတ်လ ၂၁ရက်ကတည်း က ကျဆင်းခဲ့သည့် စားအုန်းဆီဈေးသည် စက် တင်ဘာလ အစောပိုင်းကလည်း အနိမ့်ဆုံးဈေးအဖြစ် ၂၆၈၅ ရင်းဂစ် သို့ ကျဆင်းခဲ့သည်။ စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် ၂၅ တန်ရှိ အတွဲပေါင်း ၅၀၄၇၄ တွဲ ရောင်းချခဲ့ရသည်။ "စားအုန်းဆီဝယ်လိုအားက ကျဆ င်းလာပါပြီ။ ဝယ်လက် တွေဆီမှာလည်း ကုန်တွေပြည့်နေတာတာကြောင့်  ဝယ်လို အား ကျဆင်းနေတာဖြစ်ပါတယ်။ စားအုန်းဆီတွေကို အများ အပြား ဝယ်ယူနေတဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ ကလည်း အများအပြား ဝယ်ယူဖို့မရှိတော့ပါဘူး"ဟု ကွာလာ လမ်ပူရှိ စားအုန်းဆီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

          တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် စားသုံးဆီ အများဆုံးအသုံးပြုသည့်အချိန်ကာလများဖြစ်သည့် ဆောင်း ရာသီအလယ်ပိုင်းနှင့် ဒီပါဝလီပွဲတော်အတွက် ယခုစက်တင် ဘာလအတွင်းမှာပင် စားအုန်းဆီများကို သိုေ လှာင်ထားပြီး ဖြစ်သည်။ မလေးရှားနိုင်ငံ၏ စားအုန်းဆီသင်္ဘောတင်ပို့မှုပမာဏ မှာ စက်တင်ဘာလ ၁ ရက်မှ ၂၅ ရက်အတွင်း မြင့်တက် ခဲ့ရာ ၁၅ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းကြား မြင့်တက်လာ ခြင်းဖြစ်ကြောင်း Intertek Test -ing Services နှင့် Societe Generale de Surveillance တို့၏ စာရင်းကောက်ယူမှုများ အရ သိရသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်းများကျဆင်းလာမှု၏ အကျိုးဆက်အဖြစ် စားအုန်းဆီဈေးနှုန်း များလည်း ဆက်လက်ကျဆင်းလာဖွယ်ရှိကြောင်း ကုန်သည် တစ်ဦးက ထပ်မံပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် ပဲပုပ်ဆီ စာချုပ်ချုပ်ဆိုဈေးနှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းချိန် တွင်  ချီကာဂို ကုန်သွယ်ရေးဘုတ် အဖွဲ့၏ အောက်တိုဘာလအတွက် စာချုပ်ချုပ်ဆို ဈေးနှုန်း သည် တစ်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

မယ်သီတာ