Main menu

Background

မြေပဲဆီဈေးမြင့်လာပြီး နှမ်းဆီဈေးအေးသွားတဲ့ ပြည်စားသုံးဆီဈေးကွက်

Wed, 06/17/2015 - 21:27 -- journal_editor

    ယခုဇွန်လ ဒုတိယပတ် ပြည်စားဆီဈေးကွက်မှာ မြေပဲ ဆီဈေးမြင့်ပြီး နှမ်းဆီဈေးပြန်ကျလာခဲ့ပါတယ်။ ယခုနှစ်အစမှ သြင်္ကန်မတိုင်မီအထိ နှမ်းဆီမှာအမြင့်၌တည်နေပြီး သြင်္ကန် အပြီးမှ ယခုအချိန်အထိ နှမ်းဆီဈေး ပြန်ကျသွားပြီး၊ မြေပဲဆီ ဈေးမြင့်လာတာ တွေ့ရပါတယ်။
ဝယ်လက်များက နှမ်းအစားမြေပဲကို ဝယ်ယူနေလို့ ဈေး မြင့်လာခြင်း  ဖြစ်ပါတယ်။ ယခင်နှစ်က နှမ်းဆီဈေးမှာ တစ် ပိဿာ ၅၄၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ်တွင် တစ်ပိဿာ ၄၇၀၀ ကျပ်ထိ ကျဆင်းလာပါတယ်။ ယခင်နှစ်က နှမ်းအထွက်နည်း ပြီး အဝယ်များသဖြင့် နှမ်းဈေးမြင့်၍ ဆီဈေးပါ  မြင့်လာခြင်း ဖြစ်ပါတယ်။ မြေပဲဆီဈေးအနေဖြင့် ယခင်နှစ်က မြေပဲဆီတစ် ပိဿာ ၃၃၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် မြေပဲဆီမှာ တစ်ပိဿာ ၅၂၀၀ ကျပ်အထိ မြင့်လာတာ တွေ့ရပါတယ်။
နှမ်းဝယ်လက်သမားများက နှမ်းအစားမြေပဲကို အဝယ် ရှိလာလို့ မြေပဲဆီဈေးမြင့်တက်လာတာ တွေ့ရပါတယ်။ ယခု တစ်ပတ် မြေပဲဆီဈေးမှာ ရှယ် တစ်ပိဿာ ၅၂၀၀ ကျပ်နဲ့ ရိုးရိုး မြေပဲဆီ တစ်ပိဿာ ၅၀၀၀ ကျပ်ရှိပြီး နှမ်းဆီဈေးမှာ နှမ်းဦးဆီ တစ်ပိဿာ ၄၇၀၀ ကျပ်နဲ့ နှမ်းဆီရိုးရိုး တစ်ပိဿာကို ၄၅၀၀ ကျပ်နဲ့   တစ်ပတ်အတွင်း   ပြည်ဈေးကွက်မှာ ဈေးမြင့်ပြီး   အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။        

ဝေေ၀မင်း-ပြည်