Main menu

Background

ထုတ်လုပ်မှုမြင့်တက်ခြင်းနဲ့ ဝယ်လိုအား ကျဆင်းမှုတို့ကြောင့် စားအုန်းဆီဈေးနှုန်းကျဆင်း

Thu, 08/13/2015 - 17:18 -- journal_editor

     မလေးရှားရင်းဂစ်တန်ဖိုး ကျဆင်းမှုနဲ့  ပြိုင်ဘက်ဆီထွက်သီးနှံဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် စားအုန်းဆီတင်ပို့မှုမြင့်တက်စေရန် အထောက်အကူဖြစ်စေခဲ့ပေမယ့် စားအုန်းဆီထုတ်လုပ်မှု  မြင့်တက်လာခြင်းနဲ့ ဝယ်လို အား ကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းကြို ဝယ်ဈေးက ၁၁ လအတွင်း  အနိမ့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့စားအုန်းဆီဈေးနှုန်းတွေ ကျဆင်းတဲ့အလားအလာကလည်း မလေးရှားစားအုန်းဆီဈေးနှုန်း အပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ အိန္ဒိယ၊ ဥရောပသမဂ္ဂနဲ့ တရုတ် နိုင်ငံတို့အပါအဝင် ကမ္ဘာ့အဓိကဝယ်လက်များက ဈေးအကျကို အခွင့်ကောင်းယူပြီး အရန်သိုလှောင်မှုတွေကို မြှင့်တင်ဖို့ ကြိုးပမ်းကြပါတယ်။  အစဉ်အလာ အားဖြင့် ပါကစ္စတန်မှ စားအုန်းဆီတင်သွင်းသူတွေက အပြည်ပြည်ဆိုင်ရာဈေးနှုန်းကို ကြည့်ပြီး ဝယ်ယူမှုကို အလျော့အတင်းပြုလုပ်တတ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက တင်သွင်းခဲ့တဲ့ အရေအတွက်က လွန်ခဲ့တဲ့ ငါးနှစ်အ တွင်း ပျမ်းမျှတင်သွင်းမှုထက်မြင့်မားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ရက်ပေါင်း ၃၀ ထက်ကျော်လွန် သိုလှောင်ထားရင် အကောက်ခွန်နှုန်းကို လေးဆထိမြှင့်တင်ထားတဲ့အတွက် ယခုတစ်ကြိမ်မှာ ဈေးကျတဲ့ အခွင့်အရေးကို အပြည့် အ၀ အသုံးချခွင့်မရခဲ့ဘူးလို့  Pakistan Vanaspati Association ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
     ဘာဆာမလေးရှားကုန်စည်ဒိုင်ဖြစ်တဲ့  (Bursa Malaysia Derivatives Exchange) မှာ အောက်တိုဘာအတွက် ကန်ထရိုက်စာချုပ်ဈေးက   ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၀၃၅ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၂၅ ) နှုန်း ရှိခဲ့ပါတယ်။ စောစောပိုင်းက စားအုန်းဆီဈေးက တစ်တန်ကို ၂၀၈၂ ရင်းဂစ်ထိ ရောက်ရှိခဲ့ပေမယ့် အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၀၂၃ ရင်းဂစ်ထိ  ရောက်ရှိကာ ၁၁ လအတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတ ယ်။ ယခုလအတွင်းမှာ စားအုန်းဆီဈေးက ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ရောင်းဝယ်တဲ့ပမာဏက ၂၅ တန်ပါအတွဲ ၃၇၂၅၆ တွဲရှိခဲ့တဲ့အတွက် ပျမ်းမျှရောင်းချနှုန်းဖြစ်တဲ့  အတွဲ ၃၅၀၀၀ ထက် ကျော်လွန်ခဲ့ပါတယ်။
     "ဝယ်လိုအားကျဆင်းမှုက မကြုံစဖူး ထူးထူးကဲကဲဖြစ်ခဲ့ပါတယ်။  အိန္ဒိယနဲ့ တရုတ်တို့ကလည်း လက်ရှောင်ပြီး ဘေးထိုင်ကြည့်နေပါတယ်။ ကုန်စည်ရန်ပုံငွေအဖွဲ့တွေအများစုကလည်း ပြန်ရောင်းကြတာများပါတယ်"လို့  ကုန်သည်တစ်ဦးက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီရဲ့ သြဂုတ်လအတွက် စာချုပ်ဈေးက အာရှဈေးကွက်မှာ သုည ဒသမ ၇ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဒါလီယန်ကုန်စည်ဒိုင်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

 

ဉာဏ်တင်