Main menu

Background

မုံရွာဆီထွက်သီးနှံ ဈေးကွက် မြေပဲဈေးမာ နှမ်းဈေးအေး

Thu, 05/26/2016 - 11:48 -- journal_editor

မေတတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဆန်ကို မြောင်၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်နဲ့ချင်းတွင်းမြစ် အနောက် ဘက်ဒေသတွေ က နယ်စုံအဝင်သွက်လာခဲ့သလို ဝယ်လက်လည်း  စုံတဲ့အတွက် အရောင်းအဝယ် သွက်ကာ ဈေးမာလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၂၆၇၅၊ လုံးဆန်နီတစ်ပိသာ ကျပ် ၂၅၅၀ နဲ့ ဆီဆန် တစ်ပိသာ ကျပ် ၂၁၀၀ အသီးသီးပေါက်ဈေးမာနေပြီး၊ မြေပဲဆန်ဖြူနဲ့ အနီ နှစ်မျိုးပေါင်း တစ်ရက် ပိဿသာ တစ်သောင်းဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။နှမ်းမျိုးစုံဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ ပို့ကုန်အတွက် အဝယ်ပါးသလို ဆီစက်သမားတွေ ကုန်ချောအရောင်းထိုင်း လို့ကုန်ကြမ်း အဝယ်ပါးခဲ့တဲ့အတွက် ကျဈေးဖြစ်ပေါ်ခဲ့ရာ နှမ်းဖြူတစ်တင်းကျပ် ၃၂၅၀၀ အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ နှမ်းညိုတစ် တင်း ကျပ် ၂၆၀၀၀၊ နှမ်းနက်တစ်တင်းကျပ် ၅၀၀၀၀၊ ၈ွ နှမ်းနက် ကျပ် ၃၀၀၀၀ အသီးသီး ပေါက်ဈေးအေး ခဲ့တာတွေ့ရပါတယ်။ နေကြာဈေးကွက်မှာ နေကြာဆီ အရောင်းအဝယ်သွက်လာတာနဲ့အမျှ နေကြာစေ့လည်း တက်ဈေးဖြစ်ခဲ့ကာ တစ် တင်း ကျပ် ၁၂၀၀၀ အထိ အမြင့်ဆုံးဈေးပေါက် ခဲ့တာ တွေ့ရပါတယ်။ယခုတစ်ပတ် စားသုံးဆီဈေးကွက်မှာလည်း ပဲဆီတစ်ပိသာကျပ် ၄၅၀၀၊ နှမ်းဆီတစ်ပိသာ ကျပ် ၃၆၀၀၊ စားအုန်းဆီတစ်ပိဿာကျပ် ၁၇၂၀နဲ့ နေကြာဆီ တစ်ပိဿာ ကျပ် ၃၉၀၀ မှ ကျပ် ၄၂၀၀ အသီးသီးပေါက်ဈေးအေးပြီး၊ အရောင်း အဝယ်လည်း အေးနေတယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။
ထွန်းလှိုင်(မုံရွာ)