Main menu

Background

ဇီဝဒီဇယ်အသုံးပြုမှုကို မြှင့်တင်မယ့် အစီအစဉ်ကြောင့် ရက်သတ္တသုံးပတ်အတွင်း စားအုန်းဆီဈေး အမြင့်ဆုံးဈေးအဖြစ် မြင့်တက်

Tue, 06/07/2016 - 14:24 -- journal_editor

          မလေးရှားနိုင်ငံမှာ ဇီဝလောင် စာဆီကို အသုံးပြုဖို့သတ်မှတ်ချက်မြှင့် တင်မယ်လို့  ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။ ဒီကြေညာချက်ကြောင့် ရင်းနှီး မြှုပ်နံှသူတွေက စားအုန်းဆီဈေးမြင့် တက်လာမယ်လို့ ယုံကြည်မှုရှိေ နချိန်မှာ ရင်းဂစ်တန်ဖိုးကလည်း ကျဆင်းလာ တဲ့အတွက် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁ ရက် နေ့မှာ ရက်သတ္တပတ်သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင်   (Bursa Mala ysia  Derivatives Ex- change) မှာ သြဂုတ်အတွက် ကြိုတင် ချုပ်ဆိုတဲ့ စာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး မွန်းတည့် ချိန်မှာ တစ်တန်ကို ၂၆၃၀   ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇) နှုန်း  ရှိခဲ့ပါ တယ်။
            ဈေးကွက်က သုံးရက်မြောက်နေ့ အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ် ပြီး စောစောပိုင်းက  တစ်ရက်အတွင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန်ကို ၂၆၃၂ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ပြီး မေ ၁၂ ရက်နောက်ပိုင်း အမြင့်ဆုံးနှု န်း ဖြစ်ခဲ့ ပါတယ်။ ရောင်းချခဲ့တဲ့ပမာဏက ၂၅တန် ရှိ အတွဲပေါင်း ၁၇၃၀ တွဲရှိခဲ့ပါတယ်။ "ရင်းဂစ်တန်ဖိုး  ကျဆင်းနေပြီး ဇီဝဒီဇယ်သုံးစွဲမှုကို   မြှင့်တင်လိုက်တဲ့ အတွက် စားအုန်းဆီဈေးနှုန်းတွေ   မြင့် တက်ခဲ့ပါတယ်"လို့ ဇီဝဒီဇ ယ် အသုံးပြုမှု မြှင့်တင်ဖို့ မေ ၃၁ ရက်ကကြေညာချက် ကို ရည်ညွှန်းပြီး ကွာလာလမ်ပူမှ ကုန် သည်တစ်ဦးက ပြောပါတယ်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အသုံးပြုတဲ့ ဒီဇယ်လောင်စာဆီမှာ ဇီ၀ ဒီဇယ်ထည့်သွင်းအသုံးပြုဖို့ လက် ရှိ သတ်မှတ်ချက်က ၇ ရာခိုင်နှုန်းဖြစ်ပါ တယ်။  ဇွန်မှစတင်ပြီး   ၁၀ ရာခိုင်နှုန်း အထိတိုးမြှင့်သုံးစွဲဖို့ သတ်မှတ်ခဲ့ပါ တယ်။  စက်မှုလက်မှုကဏ္ဍအတွက် သတ်မှတ်ချက်ကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့ပါတယ်။ ကမ္ဘာမှာ  စားအုန်းဆီအများဆုံး ထုတ်လုပ်တဲ့   အင်ဒိုနီးရှားနိုင်ငံက ဒီဇယ်ဆီမှာ   ဇီဝဒီဇယ်ဆီ   အနိမ့်ဆုံး ပါဝင်မှုနှုန်းကို   ယခုနှစ်အကုန်မှာ ၂၀ ရာခိုင်နှုန်းအထိ  တိုးမြှင့်ပေးဖို့ ရည်မှန်း ထားပါတယ်။
          စားအုန်းဆီ  ရောင်းဝယ်ရေးမှာ ရင်းဂစ်ငွေကြေးကို  အသုံးပြုပါတယ်။ ဇွန် ၁ ရက်နေ့က အမေရိကန်ဒေါ်လာ နဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်း     ကျဆင်းပြီး တစ်ဒေါ်လာကို ၄ ဒသမ ၁၃၀၀ ရင်း ဂစ်နှုန်းရှိခဲ့ပါတယ်။ တစ်ရက်အတွင်း မှာဖလှယ်နှုန်းက    ၄ ဒသမ ၁၃၉၅ ရင်းဂစ်နှုန်းအထိရောက်ရှိခဲ့ရာ မေ ၁၆ ရက်နောက်ပိုင်း  ရင်းဂစ်တန်ဖိုး အနိမ့် ဆုံးနှုန်းဖြစ်ပါ တယ်။ ရင်းဂစ်ဈေးနှုန်း  ကျဆင်းမှုကြောင့် အခြားနိုင်ငံြ ခားငွေ ဖြင့် စားအုန်းဆီဝယ်ယူသူတွေအတွက် စားအုန်းဆီဈေး သက်သာစေခဲ့ပါတယ်။ စားအုန်းဆီအမြင့်ဆုံးရောက်နိုင် တဲ့ဈေးက တစ်တန်ကို ၂၆၃၄ ရင်းဂစ် နှုန်းဖြစ်မယ်။ ဒီနှုန်းကိုဖောက်ထွက်သွား ရင် တစ်တန်ကို ၂၆၇၂ ရင်းဂစ်နှုန်းအထိ ရောက်နိုင်တယ်လို့ သွမ်မဆင်ရိုက်တာ ရဲ့ ဈေးကွက်လေ့လာဆန်းစစ်ရေးမှူး ဝမ်တာအိုက ပြောပါတယ်။ အခြား ဟင်းရွက်ဆီဈေးကွက် ဖြစ်တဲ့ အမေရိကန်ချီကာဂို ကုန်သွယ်မှု ဘုတ်အဖွဲ့(Chicago Board of  Trade) မှာ ဇူလိုင်အတွက် ပဲပုပ်ဆီစာချုပ်ဈေးက သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင် (Dalian Commodity Exchange) မှာ ပဲပုပ်ဆီဈေးက သုည ဒသမ ၃ ရာခိုင် နှုန်းကျဆင်းပါတယ်။

 

ဉာဏ်တင်