Main menu

Background

တက်ဈေးရခိုက် စားအုန်းဆီကို ရောင်းချလာကြသည့်အတွက် ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးမှ စားအုန်းဆီဈေးပြန်လည်ကျဆင်း

Thu, 10/20/2016 - 12:51 -- journal_editor

        အောက်တိုဘာ ၁၂ရက်က စားအုန်းဆီဈေးသည် ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့်အတွက် ကုန်သည်များသည် တက်ဈေးကိုအခွင့်ကောင်းယူကာ စားအုန်းဆီကို ရောင်းချလာကြသည်။ ထို့ကြောင့် ေ အာက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးများ ပြန်လည်ကျဆင်းခဲ့သည်။ စားအုန်းဆီရောင်းဝယ်ရာတွင် အသုံးပြုသော ငွေကြေးဖြစ်သည့် ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ နိုင်ငံခြားငွေကို အသုံးပြု ဝယ်ယူသောအခါ  ငွေလဲလှယ်နှုန်းအရ  စား အုန်းဆီဈေးက သက်သာစေသည့်အတွက်  ဈေးကွက်တွင်  အဝယ်လိုက်ပြီး အခြေအနေကို ထိန်းထားနိုင်ခဲ့သည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် ဒီဇင်ဘာအတွက် ကြိုတင်စာချုပ်ရောင်းချသော စားအုန်းဆီ၏ အခြေခံစံထားဈေးနှုန်း မှာနေ့လယ်ဈေးကွဲချိန်တွင် သုညဒသမ ၃ရာခိုင်နှုန်း ကျဆင်း ပြီး တစ်တန်ကို ၂၆၄၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၆ ဒသမ ၃၄ ရာခိုင်နှုန်း) နှုန်းရှိခဲ့သည်။ နေ့ဝက် ရောင်းချရသော ပမာဏမှာ ၂၅ တန်ရှိ အတွဲ ၁၉၇၂၅တွဲ ရှိခဲ့သည်။
          အောက်တိုဘာ၁၂ ရက်က စားအုန်းဆီဈေးသည် တစ်တန်ကို ၂၆၆၁ ရင်းဂစ်နှုန်းအထိ ရောက်ရှိပြီး ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ "ရင်းဂစ်ငွေကြေး တန်ဖိုးကျဆင်းမှုက ဈေးကွက်ကို အထောက်အ ကူ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မနေ့ကစားအုန်းဆီ အရောင်းများသွားတာကတော့ တက်ဈေးရတုန်းရောင်းကြတာကြောင့်ဖြစ်မှာပါ"ဟု ကွာလာလမ်ပူရှိ ကုန်သည်တစ်ဦးက ပြောသည်။ ကွာလာလမ်မြို့ တွင် ကျင်းပသည့်လုပ်ငန်း ကွန်ဖရင့်တစ်ခုတွင် ရောင်းဝယ်ရေးလုပ်ငန်းမှ လေ့လာဆန်းစစ်သူတို့က ဈေးနှုန်းကြိုတင်ခန့်မှန်းချက်များကို ဆွေးနွေးကြမည်ဖြစ်ရာ ကုန်သည်တို့က ထိုဈေးနှုန်းခန့်မှန်းချက်ကို စောင့်ကြည့်နေကြသည့် အတွက် နံနက်ပိုင်းတွင် ဈေးကွက် ငြိမ်သက်နေသည်။
          စားအုန်းဆီ ကုန်စည်ပြပွဲနှင့် နှီးနှောဖလှယ်ပွဲတွင် စားအုန်းဆီ လေ့လာဆန်းစစ်ရေးမှူးများဖြစ်သည့် သောမတ် မီး၊ ဂျိမ်းစ်ဖရိုင်းနှင့်  ဒိုရပ်ပစ်စထရီတို့က  ဟောပြောပို့ချရန် စီစဉ်ထားသည်။ "ကုန်သည်များက စားအုန်းဆီ ဝယ်၊ မဝယ် ဆုံးဖြတ်နိုင်ဖို့အတွက် ဟောပြောပွဲက ရရှိလာမယ့်ရလဒ်တွေကို စောင့်ဆိုင်းနေပါတယ်"ဟု ကွာလာလမ်ပူ အခြေစိုက်ကုန်သည်တစ်ဦးက ပြောသည်။ ရင်းဂစ်တန်ဖိုး  ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ စားအုန်းဆီေ ဈးနှုန်းက ဆက်ပြီး ကျမည့်အနေအထားတွင် ရှိနေကြောင်း သူက ပြောသည်။ အောက်တိုဘာ ၁၃ရက်က စားအုန်းဆီဈေးများ ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့  ရောက်ရှိစေခဲ့သည့် အကြောင်းအရင်းများတွင် စားအုန်းဆီ ထွက်နှုန်း ကျဆင်းမည်ဟူသည့် ခန့်မှန်းချက်ကလည်း အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်သည်။ အယ်လ်နီညို ရာသီဥတုအခြေအနေကြောင့် သီးနှံအထွက်နှုန်း ကျဆင်းခဲ့သည့်အတွက် ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၂၀၁၆ ခုနှစ် အတွင်း မလေးရှားစားအုန်းဆီ ထုတ်လုပ်မှုမှာ ၅ရာခိုင်နှုန်းမှ ၇ ဒသမ၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း စားအုန်းဆီဈေးကွက်ရှိနာမည်ကြီးကုမ္ပဏီ IOI  Group အမှုဆောင်ချုပ်က ကွန်ဖရင့်တွင် အောက်တိုဘာ ၁၂ရက် က ပြောသည်။

 

ဉာဏ်တင်