Main menu

Background

ထုတ်လုပ်မှုမြင့်တက်မည်ဟူသော မျှော်လင့်ချက်ကြောင့် မလေးရှားစားအုန်းဆီဈေး ကျဆင်း

Wed, 08/09/2017 - 13:54 -- journal_editor

    လာမည့်လများအတွင်း  ထုတ်လုပ်မှု  မြင့်တက်လိမ့် မည်ဟူသော မျှော်လင့်ချက်များကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် သြဂုတ် ၁ ရက်က လေးလ မြောက်အဖြစ် ကျဆင်းသွားခဲ့သည်။ဘာဆာမေ လး ရှား ကုန်စည်ဒိုင်တွင် အောက်တိုဘာ လအတွက်စာချုပ် ချုပ်ဆိုခဲ့သည့် စားအုန်းဆီစံထားဈေးနှုန်း သည် ဈေးပိတ်ချိန်တွင် သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ ၂၆၅၄ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၆၁၉ ဒသမ ၅၁)ရှိခဲ့သ ည်။ သို့သော် ထို့နေ့တစ်နေ့တာအတွင်း စားအုန်းဆီဈေး သည် အနိမ့်ဆုံးဈေးအဖြစ် ၂၆၅၂ ရင်းဂစ်အထိ ကျဆင်းခဲ့ သည်။ ဈေးကွက်ရောင်းဝယ်မှု၏ နေ့တစ်နေ့ ကုန်ဆုံးချိန်တွင် ၂၅တန်ရှိ အတွဲပေါင်း ၃၈၄၂၉ တွဲ ရောင်းချခဲ့ရ သည်။
        "ဒါလီယံဈေးကွက်မှာ မြင့်တက်ခဲ့တဲ့နည်းတူ ကျွန် တော်တို့ဈေးကွက်မှာလည်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့်  ထုတ်လုပ်မှုတွေ မြင့်တက်လာမယ်ဆိုတဲ့ မျှော်လင့်ချက် အထူးသဖြင့် ဆာဘက်ပြည်နယ်ရဲ့ စားအုန်းဆီထုတ် လုပ်မှု က ပိုမိုမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းကြတဲ့အတွက် စား အုန်းဆီဈေးက အခုလို ကျဆင်းသွားရတာဖြစ်ပါတယ်"ဟု ကွာလာလမ်ပူအခြေစိုက် မလေးရှားစားအုန်းဆီ ကိုယ်စားလှယ်တစ်ဦးက တရုတ်နိုင်ငံ ဒါလီယံကုန် စည်ဒိုင်၏ ကြေညာ ချက်ကို ကိုးကားပြီး ပြောကြားခဲ့သည်။ "ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ရဲ့ ပဲပုပ်ဆီဈေး ကျ ဆင်းလာရခြင်းဟာလည်း စားအုန်းဆီဈေး ကျဆင်းလာခြင်း ရဲ့အကျိုးသက်ရောက်မှုပဲဖြစ်ပါတယ်"ဟု ကုန်သည် တစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။
       မလေးရှားနိုင်ငံအရှေ့ပိုင်းရှိ ဆာဘက်ပြည်နယ်သည် မလေးရှားနိုင်ငံအတွင်း စားအုန်းဆီ ထုတ်လုပ်လျက်ရှိသည့် ဒေသများအနက် အကြီးဆုံးသောဒေသတစ်ခုဖြစ်သည်။ ထို့ပြင် ဆာဘက်ပြည်နယ်သည် မလေးရှားနိုင်ငံရှိ အခြားသောပြည်နယ်များနည်းတူ အယ်လ်နီညိုအကျိုးသက် ရောက်မှုကိုခံရသော်လည်း ယခုအခါတွင် ယင်းအကျိုးသက် ရောက်မှုမှ လွတ်ခဲ့ပြီဖြစ်ရာ စားအုန်းဆီထုတ်လုပ်မှုမြင့်တက် လာနိုင်သည်ဟု ခန့်မှန်းနေကြခြင်းဖြစ်သ ည်။ သို့သော် စားအုန်းဆီစိုက်ပျိုးသူများကမူ ၂၀၁၅ ခုနှစ်ကတည်းက ကျရောက်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်များကြောင့် ပျက်စီးခဲ့ရမှုများမှာ ယခုအထိတည်ရှိနေဆဲဖြစ်ကြောင်း၊ ကုန်သည်များ၏ စားအုန်းဆီထုတ်လုပ်မှု မြင့်တက် လာမည်ဟူ သော ပြောကြားချက်များသည် မသေမချာ မရေမရာဖြစ်နေကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာလအတွက် စားအုန်းဆီ စာချုပ်ချုပ်ဈေးသည် သုညဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စားအုန်းဆီ ဈေးနှုန်းကျ ဆင်းမှုသည် အခြားသော စားသုံးဆီများ၏ဈေးနှုန်းများကိုပါ ထိခိုက်စေခဲ့သည်။

 

မယ်သီတာ