Main menu

Background

ပို့ကုန်ကျဆင်းမှုကြောင့် စားအုန်းဆီဈေး တစ်ရှိန်ထိုးကျဆင်း

Thu, 08/24/2017 - 10:09 -- journal_editor

      ပို့ကုန်ကျဆင်းမှုကြောင့်  မလေးရှားစားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးသည် သြဂုတ် ၁၅ ရက်က တစ်ဟုန်ထိုး ကျဆင်းခဲ့သကဲ့သို့ စားအုန်းဆီနှင့်ဆက်စပ်နေသည့် အခြားသော ဟင်းရွက်ဆီဈေးနှုန်းများလည်း ကျဆင်းခဲ့ေ ကြာင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် အောက်တိုဘာလ အတွက် စံထားဈေးနှုန်းသည် ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးပိတ်ချိန်တွင် ၂၆၃၃ ရင်းဂစ် (အမေရိကန်ဒေါ် လာ ၆၁၃ ဒသမ ၁၈)ရှိခဲ့သည်။ အလားတူ ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင်ပဲပုပ်ဆီ ဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။
     သြဂုတ် ၁ ရက်မှ ၁၅ ရက်အတွင်း စားအုန်းဆီထုတ်လုပ် မှုသည် ၁၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်အတွင်း စားအုန်းဆီပြည်ပတင်ပို့မှုသည် ၅၉၉၄၁၄ တန်မှ ၅၁၂၀၃၉ တန်သို့ ကျဆင်းခဲ့ေ ကြာင်း Intertek ဝန်ဆောင်မှုလုပ်ငန်းက သြဂုတ် ၁၅ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ သွင်းကုန်ခွန်များကို တိုးမြှင့်ကောက်ခံရန် သတ်မှတ်ခဲ့မှုကြောင့် စားအုန်းဆီဝယ်လိုအားများ အေးသွား နိုင်ကြောင်း ကုန် သည်တစ်ဦးက မှတ်ချက်ပြုထားသည်။ ကမ္ဘာပေါ်တွင် ဟင်းရွက်ဆီ အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် အိန္ဒိယနိုင်ငံ သည် ပြည်တွင်းဆီထွက်သီးနှံစိုက်ပျိုးသည့် လယ်သမားများ၏ အကျိုးစီးပွား ကို ကာကွယ်ပေးသည့်အနေဖြင့် ပြည်ပမှ စားအုန်းဆီဆီကြမ်းနှင့် သန့်စင်ပြီးဆီ တင်သွင်းရာတွင် အခွန်များတိုးမြှင့်ကောက်ခံရန် သြဂုတ် ၁၁ ရက်က သတ်မှတ်ခဲ့ သည်။
        စားအုန်းဆီအများအပြား ထုတ်လုပ်လျက်ရှိသည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် အိန္ဒိယနိုင်ငံသို့ စားအုန်းဆီကြမ်းနှင့်သန့်စင်ပြီး စားအုန်းဆီများကို အများအပြားတင်သွင်းလျက်ရှိသည်။ ယင်းကဲ့သို့ အိန္ဒိယနိုင် ငံ၏ အခွန်တိုးမြှင့်သတ်မှတ်ချက်ကြောင့် စားအုန်းဆီဈေးနှုန်း ကျဆင်းမှုသည် ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ပဲပုပ်ဆီဈေးနှုန်းကိုပါ ထိခိုက်လျက်ရှိသည်။ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလအတွက် ပဲပုပ်ဆီ စာချုပ်ချုပ်ဆိုဈေးနှုန်း သည် သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းလျက်ရှိစဉ် ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့၏ အောက်တိုဘာလအတွက် ပဲပုပ်ဆီစာချုပ်ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။ ဇန်နဝါရီလအတွက် စားအု န်းဆီ စာချုပ်ချုပ်ဆိုဈေးနှုန်းသည် တစ်ရာခိုင် နှုန်း ကျဆင်းခဲ့သည်။နိုဝင်ဘာလအတွက် စားအုန်းဆီစာချုပ်ချုပ်ဆိုဈေးနှုန်း သည် တစ်တန်လျှင် ၂၆၈၇ ရင်းဂစ်နှုန်းဖြင့် အပြောင်းအလဲ မရှိရပ်တည်နေကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၆၁၄ ရင်းဂစ် သို့ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ရိုက်တာသတင်းဌာနမှ  ဈေးကွက်ဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောကြားခဲ့သည်။

 

မယ်သီတာ