Main menu

Background

မလေးရှားစားအုန်းဆီဈေးနှုန်းများ လေးရက်မြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်း

Fri, 10/13/2017 - 14:12 -- journal_editor

        မလေးရှားစားအုန်းဆီ ကြိုရောင်း ကြိုဝယ်ဈေးနှုန်းများ သည် လေးရက်မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ချီကာဂိုကုန်သွယ်ရေး ဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် စားအုန်းဆီလက် ကျန်များ ပိုမိုမြင့်တက်လာနိုင်သည်ဟူသည့် မျှော်လင့်ချက်ကြောင့် ယခုကဲ့သို့ လေး ရက်မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းလာရခြင်းဖြစ် ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ စားအုန်းဆီကို အများအပြား ဝယ်ယူတင်သွင်းလျက်ရှိ သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် အများပြည်သူ အလုပ်ပိတ်ရက်များ ရှိနေသဖြင့် စားအုန်းဆီတင်သွင်းမှုကို ခေတ္တရပ်ဆိုင်းထားသည်ဟု ဆိုသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လအတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးနှုန်းမှာ ဈေးပိတ်ချိန်တွင်  တစ်တန်လျှင် ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး ၂၆၆၆ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၉၆) ရှိခဲ့သည်။
         စားအုန်းဆီရောင်းချရမှု ပမာဏမှာ  အောက်တိုဘာလ ၂ ရက်တွင် ၂၅ တန်ရှိ အတွဲပေါင်း ၃၈၅၈၈ တွဲ ရောင်းချ ခဲ့ရသည်။ သြဂုတ်လ ၁၈ ရက်ကတည်းက ကျဆင်းခဲ့သည့် စားအုန်းဆီဈေးနှုန်းများသည် အနိမ့်ဆုံး ကျ ဆင်းမှုအဖြစ် ၂၆၅၅ ရင်းဂစ်ရှိခဲ့သည်။ "ပဲပုပ်ဆီဈေးတွေ ကျဆင်းလာတာကြောင့် စားအုန်းဆီ ဈေးတွေ ကျဆင်းလာတာဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာ  လက်ကျန်တွေများလာတာနဲ့အမျှ စားအုန်းဆီဈေးတွေလည်း ကျဆင်း လာပါလိမ့်မယ်"ဟု စားအုန်းဆီ ကြိုရောင်းကြိုဝယ် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ စားအုန်းဆီ လက်ကျန်ကောက်ယူမှုသည် သြဂုတ်လကုန်ပိုင်းကတန်ချိန် ၁ ဒသမ ၉ သန်းသို့ မြင့်တက်ခဲ့သည်။ စက်တင်ဘာလအတွင်း စားအုန်းဆီထုတ်လုပ်မှုသည်  စက်တင်ဘာလ မတိုင်မီကထုတ်လုပ်ခဲ့သည့်နှုန်းထက် ပိုမို မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ကုန်သည်များက သုံးသပ် လျက်ရှိသည်။
         ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့၏ ဒီဇင်ဘာလအတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၆ရာခိုင် နှုန်းကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင်မူ တရုတ်နိုင်ငံ၏ အမျိုးသားနေ့ဖြစ်၍ ကုန်စည်ဒိုင် ပိတ်ထား ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ စားအုန်းဆီထောက်ပံ့ဈေးနှုန်းကို မူလကတစ်တန်လျှင် ၂၆၉၄ ရင်းဂစ်သတ်မှတ်ထားခဲ့ရာမှ ယခုအခါတွင် ၂၆၅၁ ရင်းဂစ်သို့ ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဈေးကွက်ဆန်းစစ်ရေးမှူးဝမ်တောင်းက ပြောကြားခဲ့သည်။

 

မယ်သီတာ