Main menu

Background

ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် မလေးရှားစားအုန်းဆီဈေးများ အမြတ်အစွန်းများရရှိ

Tue, 10/31/2017 - 17:16 -- journal_editor

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်လုပ်မှု ကျဆင်းလာခြင်း ကြောင့် ဈေးပြန်လည်မြင့်တက်လာခဲ့ကာ အမြတ်အစွန်းများ ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်းနှင့် ပို့ကုန်ပမာဏပိုမိုတင် ပို့နိုင်မည်ဟူသည့် မျှော်လင့်ချက်ကြောင့် ဈေးမြင့်တက်လာ သကဲ့သို့ ပဲပုပ်ဆီဈေး အားကောင်း လာခြင်းကလည်း စားအုန်းဆီ ကြိုရောင်းကြိုဝယ် ဈေးနှုန်းများမြင့်တက်မှုကို အထောက်အပံ့ဖြစ်စေခဲ့သည်။
           ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် ဇန်နဝါရီလအတွက် စားအုန်းဆီ စံထားဈေးနှုန်းသည် သုညဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် တစ်တန်လျှင် ၂၈၁၃ ရင်းဂစ်(အမေရိကန် ဒေါ်လာ ၆၆၄ ဒသမ ၆၂)ရှိခဲ့သည်။ စား အုန်းဆီရောင်းချရ သည့်ပမာဏမှာ ၂၅တန်ရှိ အတွဲပေါင်း ၃၉၄၇၄ ရှိ ခဲ့သည်။ ပဲပုပ်ဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာသဖြင့် စား အုန်းဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်းကွာလာလမ်ပူအခြေစိုက်  ကြိုရောင်းကြို ဝယ်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့၏ ဒီဇင်ဘာလအတွက် စားအုန်းဆီစာချုပ် ချုပ်ဆိုဈေးနှုန်းသည် အောက်တိုဘာလ ၂၆ ရက်တွင် သုညဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရု တ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလ အတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးနှုန်းသည် သုညဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော်  ဇန်နဝါရီလအတွက် စားအုန်းဆီစာချုပ် ချုပ်ဆိုဈေးမှာမူ သုည ဒသမ ၀၇ ရာ ခိုင်နှုန်း ကျဆင်းခဲ့သည်။
         အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီ ထုတ်လုပ်မှုသည်  ၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန် ချိန် ၁၁သိန်းကျော်ရှိခဲ့ကြောင်း Intertek Testing Service ၏ပြောကြားချက်အရ သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံစားအုန်းဆီ တင်ပို့မှုသည် ၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၁၂ သိန်းနီးပါးရှိ ခဲ့ကြောင်း Societe Generale de Surveillance က ပြော ကြားခဲ့သည်။ အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်အတွင်း မေ လးရှား နိုင်ငံတွင် စားအုန်းဆီထုတ်လုပ်မှုသည် ၁၀ ဒသမ ၅ ရာခိုင် နှုန်းတိုးတက်လာခဲ့ကြောင်း မလေးရှားစားအုန်းဆီအသင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအတောအတွင်း ဇန်နဝါရီလအတွင်း စားအုန်းဆီ စာချုပ်ချုပ် ဆိုေ ဈးနှုန်းသည် တစ်တန်လျှင် ၂၈၁၂ ရင်းဂစ် ရှိခဲ့ရာ စက်တင်ဘာ ၁၄ ရက်ကရရှိခဲ့သည့် တစ်တန်လျှင် ရင်းဂစ် ၂၈၆၀ သည် အမြင့်ဆုံးဈေးနှုန်းဖြစ်ခဲ့ကြောင်း ရိုက် တာသတင်းဌာနမှ ဈေးကွက်ဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောကြားခဲ့သည်။

 

မယ်သီတာ