Main menu

Background

ရင်းဂစ်တန်ဖိုး မြင့်တက်နေမှုနှင့် ထုတ်လုပ်မှုမြင့်တက်လာမှုကြောင့် စားအုန်းဆီဈေးနှုန်းများ ဆက်လက်ကျဆင်း

Fri, 12/01/2017 - 13:35 -- journal_editor

        မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် လေးပတ်မြောက်အဖြစ် ဆက်လက်ကျဆင်းခဲ့သည်။ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာ မှုနှင့် ထုတ်လုပ်မှုမြင့်တက်လာမှုတို့ကြောင့်   စားအုန်းဆီဈေး နှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ ရင်းဂစ်ငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက် တွင် ဆက်လက်မြင့်တက်ခဲ့ရာ တစ်နှစ် တာ အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ အမေရိကန်ဒေါ်လာ နှင့်ရင်းဂစ်တို့၏ ဖလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက်မတိုင် မီက အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၉၅၀ ရင်းဂစ် ရှိခဲ့ရာမှ  နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် သုည ဒသမ ၁ ရာခိုင်နှုန်း ထပ်မံမြင့်တက်ခဲ့ရာ အမေရိကန်တစ်ဒေါ်လာ လျှင် ရင်းဂစ် ၄ ဒသမ ၁၀၅၀ ရှိခဲ့သည်။ ရင်းဂစ်တန်ဖိုးမြင့်တက်လာမှုကြောင့် ၎င်းင်းငွေကြေးကို အသုံးပြု၍ ဝယ်ရောင်းပြုလုပ်နေသည့် နိုင်ငံခြားသားကုန် သည်များအတွက် ဟင်းရွက်ဆီဈေးနှုန်းများ ပိုမိုမြင့်တက်စေ ခဲ့သည်။
         ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလအတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ၁ ဒသမ ၃ ရာခိုင် နှုန်းကျဆင်းကာ တစ်တန်လျှင် ၂၆၀၉ ရင်းဂစ်(အမေရိကန် ဒေါ်လာ ၆၃၅ ဒသမ ၅၇) ရှိခဲ့သည်။ အေ ရာင်းအဝယ်ဖြစ်မှု ပမာဏမှာ စားအုန်းဆီ ဈေးကွက်ပိတ်ချိန်တွင် ၂၅ တန်ရှိ အတွဲပေါင်း ၄၂၉၈၄ ရှိခဲ့သည်။ ရင်းဂစ်တန်ဖိုးမြင့်တက်လာခြင်းသည် ဈေးကွက်ကိုကျ ဆင်းစေကြောင်း၊ ထို့ပြင် စားအုန်းဆီထုတ်လုပ်မှုသည်လည်း ဈေးကွက်ကျဆင်းမှုကိုဖြစ်စေကြောင်း ကွာလာလမ်ပူရှိ စားအုန်းဆီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ "နိုဝင်ဘာလအတွက် စားအုန်းဆီထွက်ရှိမှုက မြင့်တက် လာနိုင်သလို ပုံမှန်ထုတ်လုပ်မှုထက်လည်း ကျဆင်းလာနိုင်  ပါတယ်" ဟု အဆိုပါကုန်သည်က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး အောက်တို ဘာလအတွင်းက စားအုန်းဆီ ၁၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက် ထုတ်လုပ်နိုင်ခဲ့ကြောင်း စာရင်းအချက်အလက်များ အရ သိရသည်။
         စားအုန်းဆီထုတ်လုပ်မှုသည် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးနောက် နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မှုကျဆင်းနိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ သို့သော် ၂၀၁၅ ခုနှစ် က တည်းက စတင်ခဲ့သည့် အယ်နီညို ရာသီဥတု၏ ကာလရှည်အကျိုးသက်ရောက်မှုကြောင့် ယခု နှစ်အတွင်း စားအုန်းဆီထုတ်လုပ်မှုအပေါ်တွင် ထိခိုက်မှု ရှိနိုင်သဖြင့် ယခုနှစ်စားအုန်းဆီထုတ်လုပ်မှုသည် ယခင်နှစ် များကထက် ကျဆင်းနိုင်သည်ဟုဆိုသည်။ တရုတ်နိုင်ငံဒါလီယံကုန်စည်ဒိုင်၏ ဇန်နဝါရီလအတွက် စားအုန်းဆီ စာချုပ်ချုပ်ဆိုဈေးနှုန်းသည် သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းနေချိန်တွင် ပဲပုပ်ဆီစာချုပ်ချုပ်ဆိုဈေးနှုန်း သည် သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ နိုဝင်ဘာ ၂၃ ရက်သည် အမေရိကန်နိုင်ငံ၏အမျိုးသား နေ့ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ် ရေးဘုတ်အဖွဲ့၏ ဒီဇင်ဘာလအတွက် ပဲပုပ်ဆီစာချုပ်ချုပ်ဆိုဈေးနှုန်းသည် အပြောင်း အလဲမရှိဘဲ တည်ငြိမ်နေကြောင်း  သိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံက စားအုန်းဆီတင်သွင်းခွန်များကို တိုးမြှင့်ကောက်ခံလျက်ရှိခြင်းကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် လေးပတ်ဆက်တိုက်ဈေး ကျဆင်းလျက်ရှိကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော် ပြထားသည်။ အိန္ဒိယနိုင်ငံသည် မလေးရှားနိုင်ငံမှ စားအုန်း ဆီများကို ဆယ်စုနှစ်အတွင်း အများဆုံး တင်သွင်းလျက်ရှိ သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စားအုန်းဆီကြမ်း တင်သွင်းခွန်ကို ယခင်က ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက် ခံခဲ့ပြီး သန့်စင်ပြီး စားအုန်းဆီ တင်သွင်းခွန်ကို ၂၅ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံခဲ့သည်။

 

မယ်သီတာ