Main menu

Background

ဒီဇယ်၊ ဓာတ်ဆီတန်ချိန် တစ်သိန်းလေးသောင်းကျော်တင်သွင်း

Tue, 02/02/2021 - 14:52 -- journal_editor

ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂၅၀၃၂၉၀ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၇၄၆၆၅ ဒသမ ၄၈ တန်၊ အမေရိကန်ဒေါ်လာ ၂၇၃၆၆၀၇၀ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၆၇၉၇၇ ဒသမ ၂၂ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၄၂၆၂၄ ဒသမ ၇၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၆၁၀၁၇ ဒသမ ၁၉ တန်ကို တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၃၆၄၈ ဒသမ ၂၉ တန် တင်သွင်းမှုပိုခဲ့ သလို ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၃၄၇၁၇ ဒသမ ၃၂ တန်တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၃၃၂၅၉ ဒသမ ၉၀ တန် တင် သွင်းမှုပိုခဲ့ကြောင်း သိရသည်။ ထို့ကြောင့်  ယခုတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီပါ အဝင်ပိုခဲ့သည်။ နယ်စပ်စခန်းဖြစ်သည့် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၆၈၂၈၈ ဒေါ်လာ တန်ဖိုးရှိ ဒီဇယ် ၇၁၄ ဒသမ ၈၇ တန်နှင့် အမေရိကန်ဒေါ်လာ ၂၂၀၄၃၈ ဒေါ်လာ တန်ဖိုးရှိ ဓာတ်ဆီ ၆၁၁ ဒသမ ၈၆၉ တန်၊ မြိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၆၃၅၆၂၅ ဒေါ်လာ တန်ဖိုးရှိ ဒီဇယ် ၁၅၃၄ ဒသမ ၇၈၉ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

 

သီတာဝင်း (DOT)