Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန် ၄၀၀ ကျော်ဝင်

Wed, 08/31/2016 - 13:56 -- journal_editor

      သြဂုတ် ၁၄ ရက်မှ ၂၀ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၂၂၁၆၂၂ တန်ဖိုးရှိ အဆင့်မြင့်ဒီဇယ် ၁၄၉ ဒသမ ၆၆၇ တန်နဲ့ ကန်ဒေါ်လာ  ၁၅၀၅၁၁၀၂ တန်ဖိုးရှိ ဓာတ်ဆီ၂၉၃ဒသမ၄၉၄တန်တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ဒီဇယ်၊ဓာတ်ဆီအဝင် စုစုပေါင်းမှာ ၄၄၃ ဒသမ  ၁၆၁ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ၉၂နဲ့ ၉၅တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်၊ ဓာတ်ဆီအဝင် စုစုပေါင်းမှာ ၆ တန်ကျော်သာ ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၄၀၀ ကျော် ပိုမိုတင်သွင်းခဲ့တယ် လို့သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခန်းမှ ကန်ဒေါ်လာ၉၀၀၂၄၅တန်ဖိုးရှိဒီဇယ် ၁၈၇၂တန်၊ ကန်ဒေါ်လာ ၁၇၅၂၈၀ တန်ဖိုးရှိ ၉၂ တန်ချိန် ၃၄၀ တင်သွင်းခဲ့သလို တာချီလိတ်စခန်းမှ ကန်ဒေါ်လာ ၁၅၉၈၈ တန်ဖိုးရှိဒီဇယ် ၃၅တန်နဲ့ မြဝတီစခန်းမှ ကန်ဒေါ်လာ  ၁၄၃၇၁   တန်ဖိုးရှိ ဒီဇယ်၂၈တန်နဲ့ကန်ဒေါ်လာ ၂၂၉၈၇ တန်ဖိုးရှိ ဓာတ်ဆီ ၄၁ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
      ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာရောင်းချနေတဲ့  ဒီဇယ်ဈေးနဲ့အဆင့် မြင့် ဒီဇယ်ဈေးမှာ ဈေးငြိမ်နေသော်လည်း 95 နဲ့ 92 မှာ ဈေးအ န ည်းငယ်မြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ် ၅၃၀ ကျပ်၊ အောက်တိန်း ( ) ၅၄၀ ကျပ်၊ အောက်တိန်း (၉၅) ၆၁၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၆၀ ကျပ်နဲ့ အရောင်းအ၀ ယ်ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် ၂၂ရက်က ဒီဇယ်ဝယ်ဈေး ၁၀၆၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၀၀၀၀ ကျပ်နဲ့ တစ်ပတ်လုံး ဒီဈေးနဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဓာတ်ဆီပီပါ ဈေးမှာ သြဂုတ် ၂၂ ရက်တွင် ဝယ်ေ ဈး ၁၂၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၂၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီ ဈေးငြိမ်နေပေမယ့် ဒီဇယ်ဝယ်ေ ဈး၊ ရော င်းဈေး ကျပ် ၃၀၀၀ နီးပါး ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ တစ်ဂါလန်ဈေးမှာ မပြောင်းဘဲ ဒီဇယ် ရော ဓာတ်ဆီပါ ယခင်တစ်ပတ်ဈေးဖြစ်တဲ့   တစ်ဂါလန်၂၈၀၀-၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။    
      မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီက ဈေးငြိမ်ပြီး ဒီဇယ်၊ အဆင့် မြင့်ဒီဇယ်နဲ့ အောက်တိန်းက  ဈေးအနည်းငယ်ကျလာတယ်လို့  သိရပါတယ်။ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၃၈ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၅၈၀ ကျပ်၊ အောက်တိန်း (92) ၅၈၀ ကျပ်နဲ့ ရောင်းချနေပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ သြဂုတ် ၂၂ ရက်  ဒီဇယ်ဝယ်ဈေး ၁၁၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၄ရက်တွင် ဝယ်ဈေး၁၀၈၀၀၀ကျပ်၊ ရောင်း ဈေး ၁၁၃၀၀၀ ကျပ်ဈေးနဲ့ အရော င်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီ ဈေးမှာ သြဂုတ် ၂၂ ရက်တွင် ဝယ်ဈေး ၁၃၀၀၀၀ကျပ်၊ ရောင်းဈေး ၁၃၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးအပြောင်းအလဲ သိပ်မရှိဘူးလို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၂၆၀၀ ကျပ်၊ ဓာတ်ဆီ ၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ ၊ ဒီဇယ်မှာ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင် မှာရောင်းချနေတဲ့ ဈေးများမှာ ဓာတ်ဆီတစ်ဂါလန် ၂၅၀၀ ကျပ်၊  ဒီဇယ်တစ်ဂါလန် ၂၆၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၂၆၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန်၂၇၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။
     မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီနဲ့ဒီဇယ်ဈေးငြိမ်နေသော်လည်း အောက်တိန်း မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်း ချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၀၀၀ကျပ်၊ဒီဇယ်တစ်ဂါလန် ၂၅၆၅ကျပ်၊ အောက်တိန်းတစ်ဂါလန် ၂၄၇၅ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ် ဂါလန် ၃၁၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀၀ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၅၀၀ကျပ် နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါ တယ်။

 

MIRT-DOT