
ပဲပုပ်ဆီဈေးများ ပြန်လည်ဦးမော့လာသဖြင့် အလားတူ သီးနှံဖြစ်တဲ့ စားအုန်းဆီများလည်း အဝယ်လိုက်လာတဲ့ အတွက် သြဂုတ် ၁၃ ရက်တွင် မလေးရှားစားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးကလည်း ရက်သတ္တပတ် သုံးပ တ်ကျော် ကာလအတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ အောက်တိုဘာအတွက် ချုပ်ဆိုတဲ့ စားအုန်းဆီရဲ့ အခြေခံ စံထားနှုန်းက ဈေးပိတ်ချိန်မှာ သုည ဒသမ ၉၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန် ကို ၂၀၁၇ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၀၃ ဒသမ ၂၄ )နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း စားအုန်းဆီဈေးက ၁၁ လကျော်ကာလ အတွင်း အနိမ့်ဆုံးနှုန်းဖြစ်တဲ့ တစ်တန်ကို ၁၉၅၈ ရင်းဂစ်နှုန်း အထိ ရောက်ရှိခဲ့သော် လည်း နောက်ပိုင်းတွင်တစ်တန်ကို ရင်းဂစ် ၂၀၂၀ နှုန်းအထိ ပြန်လည်ဦးမော့လာတာကို တွေ့ရ ပါတယ်။
စားအုန်းဆီရောင်းချရတဲ့ ပမာဏမှာ ၂၅ တန်ရှိအတွဲ ၅၁၆၅ တွဲရှိခဲ့ရာ ပျမ်းမျှရောင်းချမှုနှုန်းဖြစ်တဲ့ အတွဲ ၃၅၀၀၀ ထက်ကျော်လွန်နေတာကို တွေ့ရပါတယ်။ စားအုန်းဆီကို ဈေးလျှော့ပေးတဲ့နှုန်းက ပဲပုပ်ဆီဈေး လျှော့နှုန်းထက် ပိုမိုများပြားပြီး ယခင်လအနည်းငယ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၂၀ မှ ၁၃၀ အထိ လျှော့ပေးခဲ့ ရာမှ ယခုအခါ တစ်တန်ကို ဒေါ်လာ ၁၅၀ အထိ လျှော့ပေးခဲ့ ကြောင်း ရာဘိုဘဏ်မှ လေ့လာဆန်းစစ်ရေးမှူး ပါဝန်ကူးမား က ပြောပါတယ်။ဈေးနှုန်းပိုမိုလျှော့ချပေးတဲ့အတွက် စားအုန်းဆီက ဝယ်သူများကို ပိုမိုဆွဲဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ မလေးရှားရင်းဂစ်တန်ဖိုးမှာ ပြန်လည်မာလာတာကို တွေ့ပေမယ့် ၁၇ နှစ်အတွင်း အနိမ့်ဆုံးနှုန်း ဝန်း ကျင်မှာသာ ရှိနေဆဲဖြစ်ပါတယ်။ စားအုန်းဆီရဲ့ စံထားဈေးနှုန်းကို သတ် မှတ်ရာမှာ ပြည်တွင်းသုံး ငွေကြေးဖြစ်တဲ့ ရင်းဂစ်နဲ့ သတ်မှတ်တဲ့အတွက် ရင်းဂစ်တန်ဖိုးကျဆင်းမှုက ပင်လယ်ရပ်ခြားဖောက် သည်များအတွက် စားအုန်း ဆီဈေးနှုန်း သက်သာစေဖို့ အထောက်အကူရရှိစေပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုလယ်ယာစိုက်ပျိုး ရေးဝန်ကြီးဌာနက ပဲပုပ်ဆီအထွက်ကို တစ်ဧက ၄၆ ဒသမ ၉ ဘူရှယ်နှုန်း အခြေခံထားတွက်ချက်ထားတဲ့အတွက် ၂၀၁၅ -၁၆ ခုနှစ် ပဲပုပ်အထွက်နှုန်းက ဘူရှယ် ၃ ဒသမ ၉၁၆ ဘီလီယံ အထိရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ယခုခန့်မှန်းချက် နဲ့ ယခင်ခန့်မှန်းချက်တို့ နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာတဲ့ အတွက် စားအုန်းဆီဈေးနှုန်းမြင့် တက်မှုကို အဟန့်အတားဖြစ် စေခဲ့ပါတယ်။
အခြားဟင်းရွက်ဆီဈေးကွက်တွေကိုကြည့်ရင် အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီရဲ့ စက်တင်ဘာအတွက်စာချုပ် ဈေးက အာရှဈေးကွက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ယခင်နေ့ကရှိခဲ့တဲ့ တစ်လအတွင်း အနိမ့် ဆုံးဈေးကနေ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဒါလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ဆီရဲ့ စာချုပ်ဈေးက သုည ဒသမ ၀၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ ရေနံစိမ်းဈေးကွက်မှာ ရေနံစိမ်းရောင်းလို အား မြင့်တက်မှာကို စိုးရိမ်မှုတွေ ရှိနေပေမယ့် အမေရိကန်ပြည်ထောင်စုမှာ သိုလှောင်လက်ကျန်ကျဆင်းလာတာနဲ့ ကမ္ဘာ့ဝယ်လိုအား ခန့်မှန်းချက်မြင့်တက်လာတဲ့အတွက် ရေနံစိမ်းဈေးနှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံက သြဂုတ် ၁၃ ရက်မှာ ယွမ်ငွေတန်ဖိုး ကို သုံးရက်မြောက်နေ့အဖြစ် ဆက်လက်ချထားတဲ့အတွက် စား အုန်းဆီထိပ်တန်းဝယ်လက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအား ကျဆင်းမှာကို စိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။ ယခုရက်သတ္တ ပတ် စောစောပိုင်းက ယွမ်ငွေကြေးတန်ဖိုးကို လျှော့ချပြီးတဲ့ နောက်ယွမ်ငွေကြေးတန်ဖိုး ထပ်မံလျှော့ချစရာအကြောင်း မရှိပါဘူးလို့ တရုတ်ဗဟိုဘဏ်က အာမခံချက်ပေးတဲ့အတွက် အာရှရှယ်ယာတွေ တန်ဖိုးပြန် လည်မြင့်တက်ခဲ့ပါတယ်။
ဉာဏ်တင်