Main menu

Background

စားသုံးဆီ ရောင်းချနေမှုအား ပူးပေါင်းဆောင်ရွက်

Tue, 08/30/2022 - 15:19 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံး ဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီ စေရေး၊စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည် ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ် တာဝန်ခံများအနေဖြင့်လည်း  စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့သည့် အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်းဝယ်ယူရရှိသည့် လက်ကား ကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင် ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်   ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ် သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေး နှုန်း အဆမတန်  မြှင့်တင်ရောင်းချခြင်းများ  မပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင် ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များ အသင်းနှင့်ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်း ကွင်းဆင်းစိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ဒေသတွင်းတိုက်ရိုက်ရောင်းချ မှုအစီအစဉ်အနေဖြင့် ဇူလိုင် ၁၈ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၇ နာရီခွဲခန့်မှတင်၍ ကားတစ်စီးလျှင် ငါးပေပါနှုန်းဖြင့် နေ့စဉ်  ကားနှစ်စီးကို  ဆီကုန်သည်ရှစ်ဦးက အလှည့်ကျဖြင့် ရွှေဘိုမြို့ပေါ်ရှိ ကုန်းဘောင်ဈေးအနီး၊ အောင်ဇေယျ ဈေး အနီး၊ အောင် ချမ်းသာဈေးအနီးနှင့် ထိပ်တန်းဈေးအနီးတွင် စားသုံးသူများ အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၊ စားသုံးဆီ လက်လီအရောင်းဈေးကား၊ တစ်ပိဿာ ရောင်းဈေးနှုန်း ကျပ် ၃၉၀ဝ ဟူ၍ ဗီနိုင်းကပ်ပြီး ဆီအရောင်းကားများဖြင့် နေရာ အရောက် သွားရောက်ရောင်းချလျက်ရှိရာ စားသုံးသူတစ်ဦး လျှင် တစ်ပိဿာနှုန်း  ရောင်းချပေးသဖြင့် နေရာအလိုက် စားသုံးသူပြည်သူများ  စည်ကားသိုက်မြိုက်စွာ  တန်းစီ၍ ဝယ်ယူကြကြောင်း သိရှိရသည်။

နှင်းနှင်းခိုင် (ရွှေဘို)