
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နေကြာ စိုက်ပျိုးမှု ၅၅၄ ဧကသာရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် နေကြာစိုက်ပျိုးမှုမှာ ၇၈၁၈ ဧကကျော်အထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရသည်။ နေကြာစိုက်ပျိုးရာတွင် ခရိုင်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီမှ နေကြာစိုက် တောင်သူ များအား ကူညီပံ့ပိုးမှုအနေဖြင့် တစ်ဧကလျှင် နေကြာမျိုးစေ့ သုံးကီလိုဂရမ်၊ ပုလဲဓာတ်မြေသြဇာ ၅၀ ကီလိုဂရမ် တစ်အိတ်နှုန်းကို သတ်မှတ်ဈေးနှုန်း ဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း၊ စိုက်ပျိုးမှုနည်း ပညာများ ဖြန့်ဝေအသိပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းနှင့် လယ်ယာမြေများတွင် စပါးအပြီး ထယ်ထိုးထွန်မွှေ၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခဲ့ကြ ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၄၅၀ဝ၀ဝ ကျော်ခန့် ကုန်ကျခဲ့ပြီး တစ်ဧကလျှင် နေကြာစေ့ ၁၈ တင်းထွက်ရှိကြောင်း သိရှိရသည်။ စိုက်ပျိုး ထွက်ရှိသည့် နေကြာများကို အများအားဖြင့် စားသုံးဆီ ဖူလုံနိုင်ရန် ဆီနေကြာအဖြစ် ကြိတ်ခွဲ ကြကြောင်း၊ နေကြာ သုံးတင်းလျှင် နေကြာဆီ ၁၀ ပိဿာ ကြိတ်ခွဲထွက်ရှိကြောင်း၊ နေကြာဆီ ၁၀ ပိဿာပုံး တစ်ပုံးလျှင် လက်ရှိဒေသတွင်း ပေါက် ဈေးနှုန်းမှာ ကျပ် ၁၃၀ဝ၀ဝ ရှိခဲ့သောကြောင့် နေကြာစိုက် တောင်သူများအနေဖြင့် စားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူပြုပြီး အပိုဝင် ငွေများ ရရှိနေသောကြောင့် နောင်နှစ်များတွင် ပိုမိုတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နေကြာ စိုက်တောင်သူများထံမှ သိရသည်။
ဝင်းသိန်းဦး (မိုးညှင်း)