Main menu

Background

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်

Mon, 06/05/2023 - 14:21 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲနှင့် နေကြာသီးနှံဟူ၍ သုံးမျိုးရှိသည်။ လူတို့ နေ့စဉ်စားသုံး နေသည့် ဆီအများစုမှာ မြေပဲဆီဖြစ်ပြီး နှမ်းဆီနှင့် နေကြာဆီကို လူနည်းစုသာ စားသုံးကြကြောင်းသိရသည်။
မြေပဲဆန်
ပြည်ခရိုင်အနေဖြင့် မြေပဲဆန်ကို မိုးမြေပဲနှင့် ဆောင်းမြေပဲ ဟူ၍ နှစ်မျိုးရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြေပဲသီးနှံစိုက် ဧကမှာ ၉၅၉၃၄ဧက စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ ၆၂ဒသမ ၁၇ တင်းထွက်ရှိပြီး အထွက်တင်းမှာ ၅၉၆၄၀၄၃ တင်းထွက်ရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်   မြေပဲစိုက်ဧကမှာ  ၇၂၃၀၁ ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် ၆၂ဒသမ ၈၄ တင်းထွက်ရှိပြီး အထွက်တင်း စုစုပေါင်း မှာ  ၄၅၄၃၄၃၅ တင်းထွက်ရှိကြောင်း သိရသည်။ ပြည်ခရိုင်အတွင်း ထွက်ရှိသော  မြေပဲဆန်များကို အခြားတိုင်းဒေသကြီးများမှ ဝယ်ယူမှု ရှိသလို ပြည်ဈေးကွက်သို့လည်း ယခုမေလ နောက်ဆုံးပတ်တွင် ကံမဘက်မှ ရက်ခြား ပိဿာ ၃၀ ဝင်အိတ်  ၅၀ဝ-၆၀ဝ ခန့် ဝင်ရောက် လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် မြေပဲဆီဆန် (အဖြူ)တစ်ပိဿာလျှင်  ကျပ် ၃၇၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ ၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊  လုံးဆန် (အနီ)တစ် ပိဿာလျှင် ကျပ် ၃၉၀ဝဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ် သော ၂၀၂၃ ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် မြေပဲဆီဆန် (အဖြူ) တစ်ပိဿာလျှင် ကျပ် ၆၂၀ဝ ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၇၅၀ဝနှင့် လုံးဆန်(အဖြူ) တစ်ပိဿာလျှင်  ကျပ် ၆၇၀ဝ၊ လုံးဆန် (အနီ) တစ် ပိဿာလျှင် ကျပ် ၈၁၀ဝ ဖြင့် ရောင်းချလျက်ရှိသည်။ 
လုံးဆန်(အနီ)ကို မြို့တွင်းရှိ  ပဲကျော်သမားများနှင့် မန္တလေး လိုင်းသမားများက ဝယ်ယူမှုရှိခြင်း၊  လုံးဆန်(အဖြူ)ကို ပဲကြော်ဖို သမားများနှင့် ဆီဆန်ကို ဆီစက်သမားများက ဝယ်ယူမှုရှိသဖြင့် တစ် နေ့လျှင် မြေပဲဆန်အိတ်  ၂၀ဝ/၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ယခုနှစ်တွင် မြေပဲဆန်ဈေးများ ယခင်နှစ်ထက်  မြင့်တက် လာရခြင်းမှာ စိုက်ဧက နည်းသွားပြီး ဝယ်လိုအား  များလာသဖြင့် ယခင်နှစ်ထက်စာရင် တစ်ပိဿာလျှင် ထက်ဝက်နီးပါးခန့် ဈေးနှုန်း များ မြင့်တက်လာကြောင်း သိရသည်။
နှမ်း
ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်းစိုက်ဧကမှာ  ၇၃၁၉၁ရှိပြီး တစ်ဧက အထွက်နှုန်းမှာ  ၁၀ဒသမ ၅၄တင်းခန့်ထွက်ရှိ၍ စုစုပေါင်း အထွက်တင်းမှာ   ၇၇၁၂၁၇ တင်း ထွက်ရှိကြောင်း သိရ သည်။ ပြည်ဈေးကွက်သို့ မေလနောက်ဆုံးပတ်တွင် နှမ်းဝင်ရောက်မှု မရှိဘဲ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်  အနည်းငယ်ဖြစ် လျက်ရှိသည်။   အရောင်းအဝယ်ဖြစ်သော  နှမ်းများမှာ စမုံနက် နှမ်းနှင့် နှမ်းနက်တို့ဖြစ်ပြီး မန္တလေးဝယ်လက်များက  အဝယ်ရှိတာ တွေ့ရသည်။ ယခုအပတ် နှမ်းဈေးများမှာ နှမ်းနီ  သုံးတင်းတစ်အိတ် လျှင်  ကျပ် ၂၆၀ဝ၀ဝ၊ နှမ်းနက်သုံးတင်း တစ်အိတ်လျှင် ကျပ်၂၈၀ဝ၀ဝ  နှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၁၀ဝ၀ဝ ဖြင့် ပြည် ဈေးကွက်တွင် ရောင်းဝယ်လျက်ရှိသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင် နှမ်းစိုက်ဧကမှာ  ၉၇၆၄၄ ဧကတွင်   တစ်ဧကအထွက်နှုန်းမှာ ၁၀ဒသမ၉၄ တင်းထွက်ရှိ၍ စုစုပေါင်း အထွက်တင်းမှာ  ၁၀၆၈၄၉၄ တင်း ထွက်ရှိသဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်ထက် စိုက်ဧကများပြီး အထွက်တင်းမှာလည်း များလာတာဖြစ်သည်။ 
နှမ်းဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် နှမ်းနီသုံးတင်း တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ နှမ်းနက်သုံး တင်းတစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝနှင့် စမုံနက်နှမ်းသုံး တင်းတစ်အိတ်လျှင်ကျပ်၂၁၀ဝ၀ဝ ဈေးဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် သုံးတင်းတစ်အိတ်လျှင် တစ်သိန်းကျပ် ခန့် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထိုသို့ဈေးနှုန်းများ မြင့်တက် လာရခြင်းမှာ စိုက်ဧကနည်းသွားပြီး ဝယ်လိုအား   များလာသော ကြောင့် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်။
နေကြာ
ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖွံ့ဖြိုးတိုးတက်စေရန် အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးနေကြာစိုက်ဧကမှာ  ၄၈၄  ဧကတွင် တစ်ဧကအထွက်နှုန်းမှာ ၁၀ဒသမ၇၈ တင်း   ထွက်ရှိပြီး အထွက်တင်းမှာ ၅၂၁၉ တင်းထွက်ရှိသည်။ ဆောင်းနေကြာ စိုက်ဧက မှာ ၄၅၅၈ ဧကတွင် ရိတ်ဧကမှာ ၄၅၅၂  တွင် တစ်ဧကအထွက်နှုန်းမှာ  ၁၅ဒသမ၃၈တင်းထွက်ရှိပြီး အထွက်တင်းပေါင်း ၇၀ဝ၂၃ တင်းခန့် ထွက်ရှိ၍ စုစုပေါင်း နေကြာစိုက်ဧကမှာ ၅၀၄၂ ဧကတွင် အထွက် တင်းပေါင်း ၇၅၂၄၂ တင်းထွက်ရှိကြောင်း သိရ သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာ တစ်မျိုးသာ စိုက်ပျိုး၍ စိုက်ဧကမှာ  ၄၅၉ဧကစိုက်ပျိုးပြီး စိုက်ပျိုးသောဧကအတိုင်း ရိတ်သိမ်းနိုင်ခဲ့သည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် ၁၇ ဒသမ ၁၂တင်းထွက်ရှိပြီး စုစု ပေါင်းအထွက်တင်းမှာ ၇၈၆၀ တင်းခန့် ထွက်ရှိခဲ့သည်။ နေကြာစိုက် ပျိုးထုတ်လုပ်သူများအနေဖြင့် ရာသီဥတု ရေ/မြေသဘာဝနှင့် အထူး သင့်တော်ပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက် နှုန်း ကောင်းခြင်းနှင့် ဆီအထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည် တွင်း စားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံဖြစ် သည်။  ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နေကြာတစ်တင်းလျှင်ကျပ် ၂၅၀ဝ၀ ရှိခဲ့ပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများကို အထွက်နှုန်းကောင်း၊ မျိုးသန့်မျိုးသန့်များကို ပိုမိုတိုးချဲ့စိုက်ပျိုးမည်ဆိုပါက   အထွက်နှုန်း ကောင်းပြီး ဆီထွက်နှုန်းကောင်းလာ၍ ပြည်တွင်း စားသုံးဆီများ ဖူလှုံ လာမည်ဖြစ်သည်။ ယခုအချိန်တွင် လူအသုံးများသော ဆီမှာမြေပဲဆီ ဖြစ်သဖြင့် မြေပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသား လိုက်ရပါသည်။                   
 

ဝေဝေမင်း(ပြည်)