Main menu

Background

ဆော့ဝဲလုပ်ငန်း ပြုစုပျိုးထောင်ဖို့ တောင်ကိုရီးယားအစိုးရ စီမံကိန်းချ

Wed, 02/10/2010 - 05:25 -- Anonymous (not verified)

   ကမ္ဘာ့ အိုင်တီလုပ်ငန်းနယ်ပယ်မှာ ကိုရီးယားနိုင်ငံကို ကမ္ဘာ့ဆော့ဝဲအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ထူထောင်နိုင်မယ့် စီမံကိန်းများကို တောင်ကိုရီးယားအစိုးရက ဆောင်ရွက်လျက်ရှိပါတယ်။ သမ္မတလီမြောက်ဘက် သဘာပတိအဖြစ် ဦးစီးကျင်းပတဲ့ အရေးပေါ်စီးပွားရေး ဆိုင်ရာ အစည်းအဝေးမှာ ဆော့ဝဲစနစ်တွေကို ခိုင်မာအောင်လုပ်ဖို့နဲ့  နောက်သုံးနှစ်အတွင်း ဒီပညာရပ် နယ်ပယ်မှာတိုးတက်မှုရှိအောင် ဆောင်ရွက်ဖို့အတွက် ဝမ်တစ်ထရီလီယံ (၁ ဒေါ်လာ=၁၁၅၂၀မ်) ရှိ စီမံကိန်းတစ်ခုကို အသိပညာ စီးပွားရေးဝန်ကြီးဌာနက ကြေညာခဲ့ ပါတယ်။Source: Chosun.com