Main menu

Background

ရေနံဈေးနှုန်းကျဆင်းမှုကြောင့် အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှု မြင့်တက်

Wed, 02/18/2015 - 19:29 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

        ရေနံဈေးနှုန်းကျဆင်းမှုက အိန္ဒိယ ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးခဲ့ကြောင်း ကမ္ဘာ့ချေးငွေ အဆင့်အတန်းသတ်မှတ် ရေးအေဂျင်စီ Moody's Investors Service က ဖေဖော်ဝါရီ ၁၁ ရက်က   ပြောပါတယ်။    ရေနံဈေးနှုန်းကျဆင်း တာကြောင့်   တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ် ရင် အိန္ဒိယနဲ့အမေရိကန်ပြည်ထောင်စု တို့က  ထူးထူးခြားခြားအကျိုး ဖြစ်ထွန်း ခဲ့ကြောင်း Moody's  ရဲ့ အစီရင်ခံစာ ဖြစ်တဲ့  "Global Macro Outlook 2015-Glo: Lower Oil Price Fails to Spur Global Growth"  မှာ ဖော်ပြထားပါတယ်။
    ''အိန္ဒိယနိုင်ငံအတွက် မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုကြောင့် မကြာသေး မီနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတား    ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ရေနံဈေးနှုန်းတွေကျဆင်းမှု က သက်သာခွင့် ရစေပါလိမ့်မယ်။ ဒီ အခြေအနေက    အလားအလာကောင်းရှိ နေတဲ့ အခြေအနေတွေကို တိုးတက်   ကောင်းမွန်လာနိုင်ပါတယ်''လို့ Moody's    က ပြောပါတယ်။
ရေနံဈေးနှုန်းတွေ  ကျဆင်းရင်မူ သဘောအရ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုကို ထူးထူးခြားခြား  မြှင့်တင်ပေးနိုင်ပါတယ်။  ရေနံဈေးနှုန်းကျဆင်းမှုက   ရေနံကို အသားတင်    တင်ပို့သူတွေအပေါ်မှာ အကျိုးသက်ရောက်မှု    ရှိနိုင်ပါတယ်။ ရေနံကို အသားတင်တင်သွင်းရသူတွေ အတွက် ရေနံဈေးနှုန်းကျဆင်းမှုကြောင့် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်ကြောင်းMoody's   က ပြောပါတယ်။
     ''ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ ဂျီ - ၂၀ နိုင်ငံတွေထဲမှာ  တချို့နိုင်ငံတွေအတွက် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်ပါတယ်။  ဒီအထဲမှာအထူးခြားဆုံးက အမေရိကန် ပြည်ထောင်စုနဲ့   အိန္ဒိယနိုင်ငံတို့ဖြစ်ပါ တယ်'' လို့ အစီရင်ခံစာမှာဖော်ပြထားပါ တယ်။ စွမ်းအင်ကုန်ကျစရိတ်တွေ  ကျ ဆင်းမှုမှတစ်ဆင့် ရရှိလာတဲ့ဝင်ငွေက နေ  စားသုံးသူတွေနဲ့ ကုမ္ပဏီတွေက ထုတ်နုတ်သုံးစွဲကြမှာဖြစ်ပါတယ်။ ဒီလို  သုံးစွဲလာအောင်လည်း    လွှမ်းမိုးဖြစ် ပေါ်နေတဲ့ စီးပွားရေးဝန်းကျင်အခြေ အနေ တွေက အားပေးလှုံ့ ဆော်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုက  ၂၀၁၅ ခုနှစ်နဲ့  ၂၀၁၆ ခုနှစ်မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့  ၂ ဒသမ ၈ ရာခိုင်နှုန်း   အသီးသီးတိုးတက် မယ်လို့ ခန့်မှန်းထားပါတယ်။

ဉာဏ်တင်စုစည်းတင်ပြသည်